Unicode
အိမ်ထဲကိုဝင်မိတော့ ခါတိုင်းနဲ့မတူဘဲ တိတ်ဆိတ်နေတာကြောင့် သားလေးအိပ်ပျော်နေတယ်ဆိုတာကို Eunbyul ကောင်းကောင်းသိလိုက်ရသည်။ အိမ်ထဲကိုဝင်တဲ့အသံကိုကြားလို့ထင်သည်။ ကလေးလာထိန်းပေးတဲ့ အဒေါ်ကြီးက သူ့နားရောက်လာကာ
"ပြန်ရောက်လာပြီလား။"
"ဟုတ်။ သားလေးအိပ်နေတာလား။"
"ညည်းသားက ခုနလေးကတင်အိပ်ပျော်သွားတာ။ တောက်လျှောက်ငိုနေတာ။ သူ့အမေကိုသတိရလို့ နေမှာပေါ့။ "
"အားနာလိုက်တာ။ အဒေါ်ရယ်။ ကျွန်မကြောင့်အလုပ်တွေရှုပ်ကုန်ပြီ။ "
"ငါကကူညီသင့်လို့ ကူညီတာပါအေ။ ကလေးအဖေကို အခုထိရှာလို့မရသေးဘူးလား။ "
အဒေါ်ကြီးရဲ့စကားကြောင့် Eunbyul ကျေနပ်မိသည်။ လူတော်တော်များများက သူ့စကားကိုယုံကြည်ပေးတတ်ကြသည်။ သူ့ဘက်ကနည်းနည်းလေး သနားဖို့ကောင်းအောင် လုပ်ရုံနဲ့အလိုလိုကို ကရုဏာသက်ကြသည်။
သားလေး Hanbin ရဲ့အဖေက သူ့ကိုထားပြီးပစ်သွားလို့ သူတစ်ယောက်တည်းကလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေတယ်ဆိုပြီး လူတွေကိုလီဆယ်ပြီး ပြောလိုက်ရုံနဲ့တင် အကုန်လုံးကသနားပြီး ကူညီပေးကြသည်။ဒီအဒေါ်ကြီးဆိုရင်လဲ သူ့ကိုသနားလို့ဆိုပြီး သူအပြင်ထွက်တိုင်းကလေးကို ကူထိန်းပေးတာ ကလေးထိန်းဖိုးတောင်မကုန်ဘူးလေ။ ဒီပတ်ဝန်းကျင်ကလူတွေအားလုံးကတော့ သူကယောက်ျားဆီက စွန့်ပစ်တာကိုခံသွားရတဲ့ သနားဖို့ကောင်းတဲ့ မိန်းမတစ်ယောက်လို့ပဲ သိထားကြသည်လေ။
"Hanbin လေးရဲ့အဖေအကြောင်းကို စုံစမ်းလို့ရသင့်သလောက်တော့ ရခဲ့ပါတယ်အဒေါ်ရယ်။ ဒါပေမယ့်ကြားရတဲ့ အကြောင်းတွေကတော့ တစ်ခုမှမကောင်းဘူး။"
"ဘာတွေများဖြစ်လို့လဲ။ ရင်ဖွင့်စရာရှိရင် အဒေါ့်ကိုပြောလို့ရတယ်။ "
ကြင်နာမှုပြီးသနားနေတဲ့ လေသံနဲ့အဒေါ်ကြီးရဲ့စကားကြောင့် Eunbyul တစ်ယောက်စိတ်ထဲမှာတော့ ရယ်ချင်နေမိသည်။ ရိုးသားပြီးကြင်နာတတ်တဲ့လူတွေက အရမ်းကိုလိမ်လို့ကောင်းသည်။
VOCÊ ESTÁ LENDO
SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]