Second Love 🦋 - 16

5K 455 18
                                    

Unicode

"ခွပ်"

အားပါပါနဲ့ထိုးချလိုက်တဲ့ ​ယောက္ခထီးကြီးရဲ့ လက်သီးချက်​ကြောင့် Jungkook မျက်နှာတစ်ခုလုံး လည်ထွက်သွားသလို အလန့်တကြားဖြစ်သွားတဲ့ Taehyung ။ ​​Taehyung ရဲ့အ​ဖေကဒေါသ​တော်​တော်ထွက်​နေပုံ​ပေါ်သည်။ သူထိုးလိုက်တဲ့ လက်သီးရဲ့အရှိန်​ကြောင့် Jungkook ပါးစပ်​ရော၊နှာ​ခေါင်းပါ ​သွေး​တွေစို့လာသည်။

"အ​ဖေ ဘာလုပ်တာလဲ။ ဘာလို့ Jungkook ကိုအခုလိုလုပ်ရတာလဲ။ "

အ​ဖေလုပ်သူကို ဝင်ဆွဲရင်းမလုပ်ဖို့ ​​ပြော​နေသည့် Taehyung။ ရုံးပိတ်ရက်မို့ ​ဆေးခန်းသွားပြီးပြန်လာ​တော့ အ​ကြောင်းမကြားဘဲ အိမ်မှာ​ရောက်​နေတဲ့ အ​ဖေနဲ့အ​မေ​ကြောင့် နည်းနည်းထူးဆန်းသွား​ပေမယ့် အခုလိုမျိုး ရုတ်တရက်ကြီး Jungkook ကိုထိုးလိုက်တဲ့ အ​ဖေ​​ကြောင့် Taehyung ပျာယာခတ်သွားသည်။

​အ​ဖေက​ဒေါသကြီးရင် ​ကြောက်ဖို့​ကောင်းတယ်ဆိုတာ သူ​ကောင်း​ကောင်းသိတာ​ကြောင့် ပိုပြီးစိတ်ပူမိသည်။ Jungkook ကိုလှမ်းကြည့်​တော့လဲ ​ဗြုန်းစားကြီးဘာမှမ​ပြောဘဲ အထိုးခံလိုက်ရတာ​ကြောင့် ​ဒေါသ​ထွက်သွား​ပေမယ့် စိတ်ကိုအတတ်နိုင်ဆုံး ထိန်းထားတဲ့ပုံပင်။ ပိုဆိုးတာက ဧည့်ခန်းကြီးမှာဖြစ်ပျက်​နေကြတာမို့လို့ အိမ်မှာရှိသမျှ     အလုပ်သမား​တွေကလဲ သူတို့ကိုစိတ်ဝင်တစား ကြည့်​နေကြသည်။

အ​ဖေကသူတို့ကို အရမ်းမကြည်ဖြူခဲ့​ပေမယ့် Jungkook ရဲ့လုပ်ရည်ကိုင်ရည်​ကြောင့် အရင်ကထက် အမြင်ကြည်ခဲ့သည်​လေ။ ဘာလို့အခုလို ​ဒေါသတကြီးဆက်ဆံရတာလဲ။ ပြီး​တော့လူအများရဲ့ ​ရှေ့မှာ။

"ဘာလို့ကြည့်​နေကြတာလဲ။ ကိုယ့်အလုပ်ကို မသိကြဘူးလား။ ငါတို့ဘာသာ​ငါတို့ပြောစရာရှိ​တယ်။ အကုန်လုံးဒီ​နေရာကို လာမ​နေကြနဲ့။ "

Taehyung အ​မေရဲ့ဆူ​ငေါက်သံ​ကြောင့် အလုပ်သမား​တွေအကုန်လုံး အိမ်ထဲက​နေ ထွက်သွားကြသည်။ သူတို့ရဲ့အလုပ်ရှင် အစ်ကို​လေးတို့စုံတွဲဆို​ပေမယ့် အစ်ကို​လေး Taehyung ရဲ့မိဘ​တွေက သူတို့ကိုအလုပ်ခန့်​ပေးထားကြတာမလား။ အစ်ကို​လေးတို့နဲ့ ယှဥ်ရင်ကျပိုပြီး ဩဇာ​ညောင်းကြသည်​လေ။

SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]Donde viven las historias. Descúbrelo ahora