Unicode
"ဘာထွက်ပြေးသွားတယ် ဟုတ်လား၊"
Eunbyul ကိုခေါ်ထားတဲ့ အိမ်ကိုသွားဖို့ပြင်ဆင်နေတုန်း ဖုန်းဝင်လာတာကြောင့် Taehyung ဖုန်းကိုင်လိုက်တော့ Eunbyul ကထွက်ပြေးသွားသည်တဲ့။
"ဒီလောက်လူတွေ အများကြီးကို ဘယ်လိုလုပ်ပြေးသွားတာလဲ။ မင်းတို့တော်တော်အသုံးမကျတာဘဲ။"
စိတ်တိုတိုနဲ့ မာန်မဲမိသည်။ သူ့စကားသံတွေကို သူ့ဘေးနားက Jungkook ကလဲကြားနေသည်မို့လို့ နှစ်ယောက်လုံးရဲ့ မျက်နှာမှာစိုးရိမ်မှုတွေက အထင်းသား။
"ကလေးရော ဘယ်လိုနေလဲ။"
ဘာရယ်မဟုတ် စိတ်ပူလာတာကြောင့် မေးမိတော့ကလေးကို ဒီအတိုင်းထားသွားသည်တဲ့လေ။ Eunbyul ကတော့သူ့ကို စိတ်ပူပန်ရအောင် လုပ်ပြန်ပြီ။ စိတ်ထဲလေးလံစွာနဲ့ ဖုန်းချလိုက်ပြီး Jungkook ကိုလှမ်းကြည့်လိုက်မိသည်။
"Eunbyul ကအခုလိုထွက်ပြေးသွားတယ်ဆိုတော့ ကျွန်တော်တို့ရဲ့ ပြဿနာကပိုဆိုးသွားပြီးမလား။ "
Jungkook ရဲ့စကားကိုလေးဖင့်စွာ ခေါင်းငြိမ့်မိသည်။
အရင်က ကလေးကိစ္စပဲရှိခဲ့ပေမယ့် အခုက Eunbyul ကိုပိတ်ထားတာနဲ့ ပတ်သတ်ပြီးပြဿနာတစ်ခုခု ပေါ်လာတော့မှာ ကျိန်းသေနေသည်လေ။ Eunbyul ကဒီအတိုင်းငြိမ်နေမယ့် လူမျိုးမှမဟုတ်တာ။ အခုအပြင်ကို ထွက်ခွင့်ရသွားပြီ ဆိုကတည်းက အစ်ကို့ကိုတိုင်ဖို့ ရဲစခန်းကိုသွားနေပြီလားမသိ။
"ဘာမှမကြောက်နဲ့နော် အစ်ကို။ တကယ်လို့ဒီအကြောင်းကို Eunbyul ကရဲတိုင်မယ်ဆိုရင် ကျွန်တော်လုပ်တာလို့ ပြောပြီး အပြစ်ကိုကျွန်တော်ခံယူပေးမယ်။ ဒါကကျွန်တော်တို့အတွက် လုပ်ခဲ့တာဘဲလေ။"
ဒီတစ်ခေါက်တော့ Taehyung ခေါင်းခါမိသည်။ ဘယ်သူကမှ အပြစ်ခံစရာမလိုဘူးလေ။
"အဲ့ကောင်မလေးကို ငါကလျှော့တွက်မိသွားတယ်။ ဒါပေမယ့် သူ့ဘက်ကလဲငါ့ကို လျှော့ထွက်ထားတာဘဲ။ "
"အစ်ကိုဘာကို ဆိုလိုချင်တာလဲ။"
"မင်းသိလာပါလိမ့်မယ်။ အလုပ်သွားလိုက်တော့လေ။ ငါ့ကိုဘာမှ စိတ်မပူနဲ့။"
VOUS LISEZ
SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]