Second Love 🦋 - 12

4.7K 468 11
                                    

Unicode

"ငါ​​လေ အဲ့တုန်းကတကယ်​ကြောက်သွားခဲ့တာ။ မင်းငါ့ကိုထားသွားမှာကို "

ဒီ​နေ့က ပိတ်ရက်မို့အိမ်မှာအနားယူရသည့်ရက်​လေ။ Jungkook အ​နေနဲ့စာအုပ်​လေးဖတ်လိုက်၊ ရုပ်ရှင်​လေးကြည့်လိုက်နဲ့ ​အေး​ဆေးအနားယူလို့ရသည်။ သူ့အနားမှာ အစ်ကို့ကိုဖက်ထားရင်းနဲ့​ပေါ့။

အရင်တုန်းကဖြစ်ခဲ့တဲ့ ကိစ္စကိုသူသိပြီးသွားပြီးတဲ့​နောက် အရင်ကထက် အ​ပြောအဆိုပွင့်လင်းလာတဲ့အစ်ကို။အရင်တုန်းက Eunbyul တစ်​ယောက်အိမ်ကိုလာပြီး ပြဿနာရှာသွားတုန်းက ဘယ်​လောက်စိတ်ပင်ပန်းခဲ့လဲဆိုတာကို ​ပြောပြ​နေသည်။

အစ်ကိုက သူ့ကိုယ်သူအများကြီး ပင်ပန်းခံခဲ့တာဘဲ။ အခု​တော့သူတို့ကြားထဲမှာ ဘာအ​နှောင့်မှမရှိ​တော့တာ​ကြောင့် စိတ်ထဲ​ပေါ့ပါး​နေပုံရသွားတဲ့ အစ်ကိုရဲ့စကား​​တွေ ကြောင့် Jungkook စိတ်ထဲ​အေးမိသည်။

တစ်ဆက်တည်းမှာဘဲ ဒါ​တွေအားလုံးက သူ့​ကြောင့်ဖြစ်ခဲ့ရတာဆိုတဲ့ အသိ​​ကြောင့်အစ်ကို့ကိုအားနာရပြန်သည်။ သူ့ထက်အများကြီးချမ်းသာပြီး ​အေး​ဆေး​နေလို့ရတဲ့ အစ်ကိုက ဘာပိုင်ဆိုင်မှုမှမရှိတဲ့ သူ့အတွက်​ကြောင့်နဲ့ အများကြီးပင်ပန်းခဲ့ရပြီ။

"ငါ့ကိုဘယ်​တော့မှ ထားမသွားရဘူး​နော်။"

အခုတ​လော က​လေးတစ်​ယောက်လိုပဲ အဲ့စကားကိုထပ်တလဲလဲ​မေး​နေတဲ့အစ်ကို။ သူကလဲညည်းညူခြင်းမရှိဘဲ ​ခေါင်းငြိမ့်ပြလိုက်ပြီး

"ကျွန်​တော့်ကိုယုံတယ်မလား။"

"ငါကမင်းကို ယုံပါတယ်။ကံကြမ္မာကို မယုံရဲတာ။"

"ကံဆိုတာအလုပ်ကို​ပြောတာပါ အစ်ကိုရာ။ ကျွန်​တော်က အစ်ကို့ကိုချစ်တဲ့လုပ်ရပ်ကိုပဲ လုပ်​နေမှာမို့ အဲ့ဒါကိုယုံထား​နော်။ "

"အ​ပြော​တွေက​တော့ ​ကောင်းလိုက်တာ။ ငါအဲ့စကားကို အမြဲယုံကြည်ထားလို့ ဖြစ်တယ်မလား။ "

"​ယုံထားလို့ ရပါတယ်ဗျာ။"

Taehyung တစ်​ယောက်သ​ဘောတကျ ပြုံးရင်းနဲ့​အောက်ကခြံဝန်းထဲကို ​ပြေးဆင်းသွားသည်။ကြည့်ရတာခြံထဲပန်းပင်​တွေကို သွားကြည့်မလို့နဲ့တူတယ်။ အစ်ကို့အ​နောက်ကို လိုက်သွားမလို့ လုပ်​​နေတုန်းမြည်လာတဲ့ ဖုန်းသံ​ကြောင့်ကြည့်မိ​တော့ မမှတ်ထားတဲ့ နံပါတ်တစ်ခု။

SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]Место, где живут истории. Откройте их для себя