Unicode
ညအိပ်တဲ့အချိန်ရောက်တဲ့အထိ Hanbin ဆိုတဲ့ကလေးကို လက်ကမချသည့် Taehyung ကြောင့် Jungkook စိတ်ထဲတစ်မျိုးဖြစ်မိသည်။ ဒီညကလေးကို ခေါ်သိပ်မယ်လို့ပြောထားတာကြောင့် ကလေးကသူတို့ကုတင်ပေါ်မှာ။
အစ်ကိုက ကလေးချစ်တတ်မှန်းကို သူသိပေမယ့်ဒီကလေးကို တောက်လျှောက်ချီပိုးနေတာကြောင့် ဒီကလေးနဲ့ပတ်သတ်ပြီး သူ့စိတ်ထဲမှာ တစ်ခုခုရှိနေမယ်လို့ တွေးမိသည်။
Eunbyul ကိစ္စကို ကြေအေးပေးပြီး သူတို့အနားကထွက်သွားခိုင်းဖို့ လုပ်ထားတာမို့ ဒီကလေးနဲ့မကြာခင် ခွဲရတော့မှာမို့လို့ အစ်ကိုအခုလိုသံယောဇဥ်တွယ်နေတာကို သူဘဝင်မကျလှ။ ကလေးက Eunbyul ဆီပြန်သွားတဲ့အချိန်ကျရင် အစ်ကိုပဲစိတ်ထိခိုက်ရဦးမယ်လေ။
"အစ်ကို့ကြည့်ရတာ ဒီကလေးကိုတော်တော် တွယ်တာနေသလိုဘဲ။ "
ညအိပ်တော့မှာမို့လို့ ကုတင်ပေါ်မှာ နေရာယူရင်းပြောမိသည်။ သူ့ရဲ့အစ်ကိုကတော့ ခေါင်းလေးငြိမ့်ပြီး
"ဟုတ်တယ်။ ငါဒီကလေးကို တွယ်တာနေပြီ။ငါလဲ ဘာလို့ဒီလောက်ထိ ချစ်မိသွားလဲဆိုတာ ကိုယ့်ကိုယ်ကို စဥ်းစားလို့မရဘူး။ "
"ကျွန်တော့်အစ်ကိုက နတ်သားလေးလေ။ စိတ်ထားကောင်းတော့ ဒီကလေးကိုသံယောဇဥ် ဖြစ်လာတာပေါ့။ ကျွန်တော်နားလည်ပါတယ်။ "
"ငါမင်းကို ခွင့်တောင်းစရာ တစ်ခုရှိတယ်။"
မဝံ့မရဲလေး ပြောလာပြန်သည့်အစ်ကို။ ဘာကိုလိုချင်နေတာလဲတော့ မသိ။
"ပြောလေ။ "
"ငါပြောတာကို စိတ်မခုဘူးလို့ အရင်ဆုံးကတိပေး။"
"ပေးပါတယ်ဗျာ။ ဘာပြောချင်တာလဲ။"
Jungkook ရဲ့မေးခွန်းကို တန်းပြီးအဖြေမပေးနိုင်သည့် Taehyung ။ စိတ်ထဲမှာကြောက်နေသည်လေ။ နောက်တော့ စိတ်ကိုတင်းထားလိုက်ပြီး
"ငါလေ Hanbin လေးကို ငါတို့ရဲ့သားအဖြစ်မွေးစားချင်တယ်။ "
ESTÁS LEYENDO
SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]