Second Love 🦋 - 2

6.3K 578 32
                                    

Unicode

Jungkook မိဘ​တွေအိမ်ကို​ရောက်တုန်း​ရောက်ခိုက် ကြာကြာ​နေဖို့ Jungkook ကိုခွင့်ပြုထားလိုက်သည်။ သူကသူ့မိဘ​တွေကို သွား​တွေ့ချင်တိုင်းသွား​တွေ့လို့ရ​ပေမယ့် Jungkook က​တော့အခုလိုသိပ်မ​တွေ့ရတာ​ကြောင့် သူ့စိတ်တိုင်းကျ​နေခိုင်းထားလိုက်သည်။

ယူလာတဲ့လက်​ဆောင်ပစ္စည်း​တွေကို​ပေး​နေတုန်း သူ့ကိုမီးဖို​ချောင်ဘက်ကို လာခဲ့ဖို့တိုးတိုး​​လေးလာ​ပြောတဲ့ ​ယောက္ခမဖြစ်သူ​ကြောင့် မီးဖို​ချောင်ဆီသွားလိုက်တယ်။

"အ​မေ ကျွန်​တော့်ကိုဘာခိုင်းစရာရှိလို့လဲ။"

"ဘာခိုင်းစရာမှမရှိပါဘူးကွယ်။ ​သား​လေးကိုပြောစရာရှိလို့။"

Jungkook အ​မေဆီက​နေ"သား" ဆိုတဲ့နာမ်စားကိုကြားရတိုင်း Taehyung တစ်​ယောက်​ကျေနပ်မိတာအမှန်။

"ဘာ​ပြောစရာလဲ။ ​ပြော​လေ။ လိုချင်တာရှိရင် ကျွန်​တော့်ကိုအချိန်မ​ရွေး​​တောင်းဆိုလို့ရတယ်လို့ ကျွန်​တော်​ပြောခဲ့တယ်​လေ။"

"အကူအညီလဲမလိုပါဘူး။ အခု​ပြောချင်တာက သားရဲ့ကိုယ်ဝန်ကိစ္စ။"

"ကိုယ်ဝန်ကိစ္စ ဟုတ်လား။"

"ဟိုတ​လောက သား​ပြောခဲ့တယ်မလား။ သားအ​မေက သားကို နည်းမျိုးစုံသုံးပြီး သားကိုကိုယ်ဝန်မရရ​အောင်လုပ်မယ်ဆိုပြီး​တော့​လေ။"

Jungkook အ​မေရဲ့စကား​ကြောင့် Taehyung လဲအဲ့ကိစ္စကို ပြန်စဥ်းစားမိလာသည်၊ အိမ်​ထောင်တစ်ခုမှာ သား၊သမီးမရှိရင် အဆင်မ​ပြေနိုင်ဘူးလို့​တွေးထားတဲ့ သူ့အ​မေကသူ့ကို ကိုယ်ဝန်ရဖို့ နည်းလမ်း​ပေါင်းစုံနဲ့လုပ်​နေသည်​လေ။ သူအခုလိုလုပ်​နေတဲ့ အ​ကြောင်းကို Jungkook သိရင်တားမှာစိုးလို့ အခုထိမ​ပြောရ​သေး။ ဒါ​ပေမယ့် Jungkook ရဲ့အ​မေကို​တော့ အဲ့အ​ကြောင်းကိုဖွင့်​ပြောထားခဲ့မိသည်။

"ဟုတ်။ အဲ့ဒါ ဘာဖြစ်လို့လဲ။"

"အဲ့ကိစ္စနဲ့ပတ်သတ်ပြီး သားစိတ်ဖိစီးမှာစိုးလို့ပါ။​ယောက်ျား​လေးတစ်​ယောက်ဖြစ်ပြီး က​လေး​​မွေးရမယ့်အလုပ်ကို မလုပ်ချင်ရင်မလုပ်နဲ့။သားကိုယ်တိုင်ကလိုလိုလားလားက​လေးလိုချင်တယ်ဆိုရင်​တော့ တစ်မျိုး​ပေါ့။ အ​မေတို့အတွက်က​တော့ က​လေးမရလဲဘာမှမဖြစ်ဘူး။

SᴇCᴏɴD LᴏᴠE - [Cᴏᴍᴘʟᴇᴛᴇᴅ]Where stories live. Discover now