(Unicode)
ဒီဇင်ဘာလသည်နှင်းတဖွဲဖွဲကျဆင်းကာ အေးမြသောရာသီတစ်ခုဖြစ်သည်။မြူနှင်းတွေကြား လမ်းလျှောက်နေကြတဲ့ လူနည်းစုအနည်းငယ်ဟာ ချမ်းအေးမှုဒဏ်ကိုခံစားနေရပေမဲ့လည်း ပျော်ရွှင်မှုကိုယ်စီဖြင့် ရှေ့ဆက်လျှောက်လှမ်းနေကြသည်။ သို့သော် Jonginရဲ့ ပျော်ရွှင်မှုများသည် ပျောက်ဆုံးနေခဲ့တာ ၆လကျော် ၇လနီးပါးရှိနေပြီဖြစ်သည်။
အေးချမ်းမှုဒဏ်ကိုမခံစားရဘဲ ရင်ဘက်ထဲကပူလောင်နေတဲ့နာကျင်မှုဒဏ်ကိုသာခံစားနေရသည်။
Babeထွက်သွားကတည်းက သူရဲ့ဘဝကိုခြောက်ကပ်စွာဖြတ်သန်းခဲ့ရသည်။၆လကျော်လုံး နေ့စဥ်မပြတ် စောင့်ဆိုင်းနေခဲ့ပေမဲ့လည်း babeသည် သူ့ဆီလုံးဝပြန်မလာခဲ့ပါ။babeသည် သူ့ဘဝထဲက အပြီးအပိုင်ပဲထွက်သွားခဲ့သည်။
နေ့တိုင်းအတူတူအိပ်စက်ခဲ့တဲ့ အိပ်ယာပေါ်မှာ သူတစ်ယောက်တည်းအထီးကျန်စွာ ဖြတ်သန်းခဲ့ရသည်။တစ်နေ့တာလုံး သူ့ရဲ့အတွေးတွေထဲမှာ babeတစ်ယောက်တည်းရှိခဲ့သည်။babeထွက်သွားတဲ့ ပထမဆုံးလသည် သူ့အတွက် အလွန်ဝမ်းနည်းကြေကွဲစရာကောင်းသောနေ့ရက်တွေကိုဖြတ်သန်းခဲ့ရသည်။နေရာတိုင်းမှာရော အချိန်တိုင်းလိုလိုမှာလည်း babeရဲ့အရိပ်အယောင်တွေကိုသူမြင်ယောင်နေခဲ့သည်။
babeကိုလွမ်းနေမှုကတော့ ပုံစံမပြတ်ဘဲ အခုချိန်ထိ လွမ်းနေဆဲဖြစ်သည်။သူ့ဘဝရဲ့အရာရာဖြစ်ခဲ့တဲ့ ဒီလူသားလေးမရှိတဲ့အချိန်တိုင်း စက္ကန့်တိုင်းသည် သူအသက်ရှုဖို့အတွက်တောင် ခက်ခဲပင်ပန်းလှသည်။ရင်ဘက်ထဲက နာကျင်မှုဒဏ်ကိုလည်း သူအလူးအလဲခံစားခဲ့ရပြန်သည်။
"ဘယ်တော့များမှ ပြန်လာမှာလဲ babeရယ် ကိုယ်တကယ်ပင်ပန်းလှပြီ!! ကိုယ့်မှာအသက်ရှင်စိတ်တောင်မရှိလောက်အောင်ကို ပင်ပန်းနေပြီ!! ကိုယ့်အနားကို အရင်လိုပဲ ပြန်လာခဲ့ပေးပါလား babeရယ်"
ခံစားချက်တွေကို မဖွင့်ထုတ်နိုင်တဲ့အချိန် အသံတိတ်ငိုကြွေးရတဲ့အချိန်တိုင်းသည် jonginအတွက် အရမ်းကိုခက်ခဲပက်ပန်းလှတဲ့အချိန်ကာလတစ်ခုပင်ဖြစ်သည်။
"အကို!! ဒီက အကိုခင်ဗျ!!! အဆင်ပြေရဲ့လားဗျ"
ကျောင်းကအပြန် ကားဂိတ်မှာ jonginအတွေးပေါင်းစုံတွေးရင် ငိုနေမိသည်။ဒါကိုမြင်သွားဟန်ရှိတဲ့ ကောင်လေးတစ်ယောက်သည် သူ့ကိုအဆင်ပြေရဲ့လားမေးလာတာကြောင့် သူခေါင်းငြိမ့်ပြလိုက်မိသည်။