(Unicode ver)
မနက်မိုးလင်းပြီးပါးပြင်ကိုလက်နဲ့ကိုင်ကြည့်လိုက်တော့ထင်တဲ့အတိုင်းစိုစိစိုစိ...ဖြစ်နေတယ်.....
ဟင်း...မျက်နှာသစ်မှပဲ~~~
ဒါနဲ့ဟိုပိစိရော~~~ဘယ်ရောက်နေတာလဲ?
"Babe..ရေ..."
ဟင်...ခေါ်တော့လဲပြန်မထူးဘူး!
ဘယ်မှာပုန်းနေပါလိမ့်~~~
"Babeရေ...Niကိုမနောက်နဲ့!ထွက်ခဲ့တော့..."
ဟာ...အဲ့ပိစိကတော့လူကိုစိတ်ပူအောင်လုပ်နေပြန်ပြီ!
"Babe...Niစိတ်ဆိုးလာပြီနော်!"
ဒီသေးသေးလေးတစ်ခုခုများဖြစ်နေပြီလားမသိဘူး?
ကြောင်များဆွဲခေါ်သွားတာလား?
တစ်ခုခုထဲပြုတ်ကျနေတာလား?
အပြင်များထွက်သွားတာလား?
ကျစ်....ဒီပိစိကိုဘယ်လိုရှာရမလဲ?ရဲစခန်းမှာအမှုဖွင့်လို့လဲမရဘူး!!
ကျွန်တော်စိတ်ပျက်လက်ပျက်ထိုင်ခုံပေါ်မှာထိုင်နေစဉ်လက်ဖဝါးထဲကိုဝင်လာသည့်အကောင်သေးသေးလေး~~~~
"Ni!...မျက်နှာကြီးကလဲမဲ့နေတာပဲ.."
"Babe...ဘယ်တွေလျှောက်သွားနေတာလဲဟမ်!!ကိုယ်ဒီမှာစိတ်ပူလို့သေတော့မယ်!!"
လက်ဖဝါးထဲကပိစိကို..အော်လိုက်တော့...မျက်နှာလေးကငိုငိုမဲ့မဲ့ဖြစ်သွားသည်။
မတတ်နိုင်!ဒီပိစိကိုလိမ်မာအောင်နည်းနည်းတော့ဆူပေးမှဖြစ်မည်။
"Ni..ကလဲ...Babeကဗိုက်ဆာလို့..နို့သွားသောက်တာကို.."
"Niနိုးရင်တိုက်မှာပေါ့!နောက်ဆိုအဲ့လိုလျှောက်မသွားရဘူးနော်!"
"အင်းပါ...Niစကားနားထောင်မယ်နော်....စိတ်မဆိုးပါနဲ့တော့..."
သွားများညီညီညာညာစီတန်းရင်းချစ်ဖို့ကောင်းစွာပြုံးနေသည့်ပိစိကြောင့်စိတ်ဆိုးနေတာတွေကအဝေးတစ်နေရာကိုလွင့်စင်သွားသည်။