💚 Ni 3💚

1.7K 215 31
                                    

(Unicode Ver)

လက်ဖဝါးပေါ်က....အကောင်ပေါက်လေးကို
စားပွဲပေါ်ချပြီး....တစ်ကိုယ်လုံးလှည့်ပတ်ကြည့်တော့..
ခြစ်ရာစင်းရာတော့မရှိ!!!

ခြစ်ရာစင်းရာတစ်ခုခုသာရှိရင် ရင်ကျိုးရချည်ရဲ့....

"ညက...Niပါးပေါ်တကယ်ကြီး...ရှူးရှူးတွေပေါက်ချပစ်တယ်..ဟွန့်...အဆိုးလေး...တကယ့်ဂျစ်တူးလေး"

ဆံပင်ငွေရောင်ဖွာဖွာလေးကို...ဆွဲဖွလိုက်တော့...

"ဟာ...Ni!!! ပွကုန်ပြီ....အဖိုးကြီးရဲ့..."

သူ့ဆံပင်လေးတွေကိူ...သေသေသပ်သပ်လုပ်ပြီးမှ
လူကိုပြန်ရန်တွေ့ပစ်တာ...

အဆိုးတကာ့ အဆိုးလေး......

"ကဲ!!! babe ရေချိုးဖို့ပြင်ကြမယ်....ကိုယ်ကျောင်းသွားရမှာ.."

အကောင်ပေါက်ကို...သေချာပွေ့ချီပြီးမှ....ရေချိုးခန်းထဲဝင်လာတော့တယ်...

"Ni... babeရေမချိုးဘူးနော်....အေးတယ်....ဟာ!!ဘာလို့...လိုက်နမ်းနေတာလဲ".

ပါးပြင်အိအိလေးကို...နမ်းမိတော့...ာ
နို့နံ့ခပ်သင်းသင်လေးမွေးပျံ့နေတာ....
တစ်ကိုယ်လုံးခြုံပြီး...အနံ့ခံကြည့်တော့...
ရှူးရှူးနံ့ကလည်း...ခပ်မွှေးမွှေးရလာပြန်!!!

အဆိုးလေးက...ညစ်ပတ်သေးသည်။

"ဟာ...နမ်းချင်လို့မဟုတ်ဘူးနော်.... ရေမချိုးဘူးဆိုတော့....မွှေးနေလားလို့ရှူကြည့်တာ....သေးနံ့ နံနေတယ်...အဆိုးလေးရဲ့"

နို့နံသင်းနေတဲ့ အနံလေးကိုတော့....သူမပြောမိပါ....
ရေမချိုးပါဘူးလို့...ရစ်နေတာမို့...မပြောရဲပါ...

"တ...တကယ်လား....ဘာလို့နံရတာလဲ..."

ရေချိုးခန်းကဘေစင်ပေါ်....ခြေတွဲလဲချပြီး...ခေါင်းလေးတကုပ်ကုပ်နဲ့ပွစိပွစိလုပ်နေပြန်ပြီ!!

" Ni!!! ညက...ရှူးရှူးပေါက်ချတာ...Niမျက်နှာပေါ်လေ...ဘာလို့babeဆီက ရှူးရှူးနံ့ကရရတာလည်း..."

အင်း....ရှင်းလေ...ရှုပ်လေဖြစ်နေပါပြီ....

"ကဲပါ...babeရာ...ပါးစပ်ဟ!! သွားတိုက်မယ်..."

လုံးလုံးပြည့်ပြည့်ဖောင်းဖောင်းဖြစ်နေတဲ့..မျက်နှာလေးကို...
သူတယုတယဖွဖွလေး...ကိုင်မိတော့....

💚 Ni 💚Where stories live. Discover now