💚 Ni 8 💚

1.1K 164 35
                                    

{ ZG ver}
ကြယ်တွေစုံတဲ့ညတိုင်း..ခုလိုလေးနေရတာကိုသဘောကျတယ်~~

"Ni~~ကြယ်တွေကအရမ်းများတယ်နော်..."

ပြတင်းပေါက်ဘက်မျက်နှာမူပြီး...လှဲအိပ်နေပေမဲ့ အကောင်ပေါက်လေးကတော့ရင်ဘက်ပေါ်မှောက်ခုံလေးနေပြီး
စကားတွေမတရားများလွန်းနေပါသည်....

"အင်းပေါ့...ကြယ်တွေများလို့ ကောင်းကင်ကြီးကလှပနေတာလေ.."

မှောက်ခုံလေးလှဲနေရာကနေ...လည်ပင်နားထိရောက်လာပြီး...ပြုံးပြနေပြန်တဲ့အကောင်ပေါက်လေး...
ဘာတွေသဘောကျလို့ကျနေပြန်ပြီလဲမသိပါဘူး~~

" Ni~~သိလားလို့? "

သိလားလို့...တစ်ခွန်းတည်းမေးပြီး...အသံတိတ်သွားသော ကောင်ငယ်လေး..

"babeမပြောဘဲ..Niကဘယ်လိုလုပ်သိမလဲကွ!!"

ဆံပင်ငွေရောင်လေးကို...ဖွပြီးမေးကြည့်တော့....

"babeက နှင်းတွေအများကြီးစုပြုံနေတဲ့..နေရာလေးမှာဆော့ချင်နေလို့...လိုက်ပို့ပါလားလို့ ပြောချင်လို့ပါ Niရာ..."

အချွဲလေးသည်...လိုချင်တာကို မရရအောင်တောင်းတတ်နိုင်လွန်းသည်...

ပြတင်းပေါက်ကိုကြည့်မိတော့...နှင်းမှုန်တစ်မှုန်လောက်တောင်ကျဆင်းနေခြင်းမရှိ!!!

ဒီပူတူးလေးကို ဘယ်လိုအလိုလိုက်ပြီး ဘယ်ကိုခေါ်သွားရမလဲမသိ!!

"babe~~နှင်းမှမကျတာ...ဘယ်လိုဆော့မလဲ..အဆိုးလေးရဲ့"

ပြောသာပြောပြရတာ..စိတ်ထဲတော့မကောင်း...
ဒီအကောင်ပေါက်လေး လိုချင်တာမှန်သမျှ ဖြစ်ချင်တာမှန်သမျှကို...
သူအကောင်းဆုံး လုပ်ပေးနိုင်အောင်အမြဲတမ်းကြိုးစားပေးခဲ့တယ်~~

ဟူး~~ဒီတစ်ခါတော့...သူအကောင်းဆုံးဖြစ်အောင်မလုပ်ပေးနိုင်တော့ဘူး

ကိုယ့်ကိုယ်ကိုအားမလို အားမရဖြစ်ပြီး သက်ပြင်းတချချသာလုပ်နေမိတော့တယ်~~

"Ni~~"

"Ni~~"

အား!!!!!!!!!

"ဘာလို့Niလက်ကိုကိုက်ရတာတုန်းကွ...ကြည့်ပါဦး ကိုက်ရာကအကွင်းလိုက်ကြီးဖြစ်သွားပြီ~"

💚 Ni 💚Where stories live. Discover now