(Unicode Ver)"Niလေ...babeကိုအရမ်းချစ်တယ်"
ဒီစကားလေးကိုအမြဲတမ်းပြောချင်ပေမဲ့ ရင်ထဲအောင်းခဲ့ရတာအရမ်းကိုကြာခဲ့နေလို့လားမသိ...
ခုလိုလေးပြောလိုက်ရတော့...ရင်ထဲအရမ်းကိုအေးချမ်းသွားမိတယ်ရင်ခွင်ထဲက အကောင်ပေါက်လေးကတော့
ရင်ဘက်ထဲကိုပဲဝင်တော့မယ်ပုံနဲ့ ရှက်ရမ်းရမ်းပြီး တိုးဝှေ့နေတော့တာပဲ....."ဘာလဲ!! babeက အရမ်းရှက်နေတာလား...အ! အ! ဘာလို့ကိုက်ပစ်ရတာလဲကွ"
သူကလည်းကိုက်သေးတယ် ရင်ဘက်ပေါ်မှာ မှောက်ခုံလေးလုပ်ပြီး ငိုမဲ့မဲ့နဲ့ လုပ်ပြနေတော့တာပဲ...
"babeက Niကိုကိုက်တာလေ...ဘာလို့babeက ငိုတော့မယ့်ပုံလုပ်ပြနေရတာလဲ အဆိုးလေး ဂျစ်တူလေးရဲ့"
"Niက babeကိုချစ်တယ်...ချစ်တယ်ပဲ ခဏခဏပြောနေရင် ရှက်တာပေါ့...ဆက်ပြောနေရင် ထပ်ကိုက်လိုက်မှာနော်"
ထပ်ကိုက်လိုက်မယ်သာပြောတာ...ပါးစပ်က ရင်ဘက်နားကပ်ပြီး ကုန်းကိုက်ဖို့ကပြင်နေပြီ!!
"ကိုယ်ချစ်တဲ့ ကောင်ကလေးက ခွေးကလေးဖြစ်နေတာပဲ"
"Ni!!!!"
ပြဲလန်အောင်ထအော်တော့မှပဲ....
သူတဟားဟားအော်ရယ်မိတော့တယ်ကျွန်တော့်ရဲ့အသက်...ဘဝ...မျှော်လင့်ချက်လေးက သူတစ်ယောက်တည်းအတွက်သာ...
"Ni~~babeအိပ်ချင်နေပြီ...အထဲဝင်ကြမယ်လေ"
ရုပ်ရှင်ရုံအပြန်ကားပေါ်မှာ ကြည်နူးလိုက်ရန်ဖြစ်လိုက်နဲ့
အခုချိန်ထိ အိမ်ထဲမဝင်နိုင်သေးတဲ့အဖြစ်ကိုသာမြင်ယောင်ကြည့်ကြပါတော့.."အိုကေ...အိုကေ ခေါ်သွားပေးမယ်နော် babeက မျက်လုံးလေးမှိတ်ပြီးလိုက်ခဲ့နော်...လိမ္မာတယ်"
"အင်း...အင်း...babeအိပ်ပျော်သွားပါပြီနော်"
ငချွဲလေးသည်အရင်တိုင်းချွဲမြဲ ချွဲဆဲပင်...
ဘယ်လိုနေနေချစ်နေတော့လည်း အလွန်ပင်ခက်လှသည်....."Ni~~babeကို Niက အရမ်းချစ်တာပဲလား...ဒါမှမဟုတ် ညာပြီးချစ်တာမလား... မလိမ်ပဲပြောရမယ်နော်"