💚Ni 18💚

467 60 17
                                    

(Unicode)

ပြတင်းပေါက်ကနေဖြာထွက်လာတဲ့နေရောင်ခြည်အလှဟာ အိပ်ပျော်နေတဲ့babeလောက်တော့မလှပနိုင်ပါ

"ခုထိမထဘဲ အိပ်နေသေးရင် နောက်ကျမှာနော်babe"

ပြောလိုက်မှပဲ ဆက်ကနဲထထိုင်ပြီး တဟီးဟီးနဲ့မျက်နှာချိုသွေးပြနေတာ ဂျစ်တူလေးက ဂျစ်တူလေးပါပဲ...

"Niကလည်း tripထွက်မယ်ဆိုပြောတုန်းကပြောပြီး မလိုက်ပို့ရင်စိတ်ကောက်လိုက်မှာနော်"

နေရောင်ထွက်လာတာနဲ့ အရွယ်ရောက်ပြီးသားလူငယ်လေးအဖြစ်ပြန်ပြောင်းသွားနေကြကို ခုထိအဝတ်စားထဝတ်မသေးပဲ သူစိတ်ကောက်မှာဖြစ်ကြောင်းကိုတိုင်တောနေတာက ကလေးလေးအတိုင်းပဲ!!

"Niကိုစကားပြောတာရပ်ပြီးရေသွားချိုးလိုက်ပါတော့ အဆိုးလေးရဲ့"

"babeကိုNiရေချိုးပေးပါလား!!"

မျက်နှာငယ်လေးနဲ့တောင်းဆိုနေလည်းဒါကိုတော့ သူနည်းနည်းလေးမှလိုက်လျောလို့မဖြစ် ပိစိလေးတုန်းကချိုးပေးနိုင်ပေမဲ့ အခုဟာက သူ့အနေနဲ့ သမာဓိအားခိုင်မာနေရအောင် တရားသမားလည်းမဟုတ်!!
မဖြစ်သင့်တာတွေဖြစ်ကုန်မှ...

"Niမချိုးပေးတော့ဘူးလေ babeရာ~~ Niကိုရေတွေစိုကုန်မှာပေါ့ မနက်စာတွက်babeကြိုက်တဲ့ နွားနို့ပူတင်းလေးလုပ်ပေးထားမယ်လေနော် ပြီးရင်tripသွားကြမယ်လေ"

ကိုယ့်အဖြစ်က ချော့တလှည်း ခြောက်တလှည့်နဲ့ပြောနေလိုက်ရတာ... ဒီအကောင်ပေါက်လေးကတော်တော့်ကိုဆိုးလွန်းနေတော့တာပဲ

"ပူတင်းကို နှစ်ပန်းကန်စားမှာနော် အများကြီး အများကြီးကိုစားမှာနော်"

လက်ညှိုးနှစ်ချောင်းထောင်ပြီး အပီအပြင်စားဖို့အတွက်တက်ကြွနေတာ

"အိုကေ အခုရေသွားချိုးတော့"

"ခေါင်းလေးတော့လျှော်ပေးပါနော် မဟုတ်ရင်ရေပါလိုက်ချိုးပေးရမှာ"

Kim jonginရေလုပ်ပေးမှဖြစ်တော့မှာပါဟ!!! ကိုယ့်ဘာသာရေရွတ်ရင်း ရေချိုးခန်းဆီသို့~~~

"babeမျက်လုံးမှိတ်ထားနော် ကိုယ်ရေလောင်းချပေးတော့မှာ မျက်လုံးတွေစပ်သွားရင် တအားနာမှာနော်"

💚 Ni 💚Where stories live. Discover now