(Unicode)
"Kyungsoo~~မြေးလေး~~~"
အိပ်မောကျနေတဲ့တစ်ခဏမှာ တိုးဝင်လာတဲ့အသံကြောင့် kyungsooမျက်ဝန်းအစုံကိုဖွင့်ဟပြီး အသံလာရာကိုသာလိုက်ရှာမိတော့တယ် မှောင်မဲနေတဲ့ အခန်းတစ်ခန်းမှာ သူကလွဲပြီးဘယ်သူမှရှိမနေခဲ့ပါ...
"Ni~~babeကိုမနောက်ပါနဲ့ Niဘယ်ရောက်နေတာလဲ ပုန်းနေတာလား!!"
အသံကိုကျယ်လောင်စွာအောင်ဟစ်ပြီးရှာဖွေနေပေမဲ့Niဟာပြန်ပြီးမထူးခဲ့ပါ
"မြေးငယ်လေး~~"
"ဘိုး!!"
စူးရှတဲ့အလင်းရောင်နဲ့အတူရောက်ရှိလာတဲ့ သူ၏တစ်ဦးတည်းသော ချစ်ရတဲ့အဖိုးဖြစ်နေသည်။
"kyungsoo~~ အိမ်ပြန်ချိန်တန်ပြီ ပြန်လာခဲ့တော့လေ"
အဖိုးဖြစ်သူက သူရဲ့မူပိုင်အပြုံးလေးပြုံးကာ kyungsooကိုလက်လှမ်းကာ ခေါ်နေတော့သည်။ဒီလိုအခြေအနေမျိုးဟာ kyungsooအတွက် ရွေးချယ်ဖို့ခက်ခဲလှသည်။
"ဘိုး!! ကျွန်တော် ပြန်မလာချင်သေးဘူး!! ပြီးတော့Niကိုလည်းမခွဲနိုင်ဘူး!! ကျေးဇူးပြုပြီး ကျွန်တော့်ကိုပြန်မခေါ်ပါနဲ့"
အဖိုးဖြစ်သူရဲ့လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ရင်း kyungsooမျက်နှာငယ်လေးနဲ့တောင်းဆိုမိသည်။၃လဆိုတဲ့ကာလအတွင်းမှာ သူNiကို တစ်ခဏလေးမှ မခွဲနိုင်လောက်အောင် သံယောဇဥ်တွဲနေမိပြီလေ။
"မရဘူး မြေးလေး အိမ်ကိုပြန်လာမှဖြစ်မယ်"
"ကျွန်...ကျွန်တော် ပြန်မလာချင်သေးဘူး"
"ဘိုးရဲ့ စကားကိုနားထောင်ပါ မြေးလေး တကယ်လို့ မြေးလေးသာပြန်မလာဘူးဆိုရင် Kim jonginဆိုတဲ့လူသားလေးကို ထိခိုက်မှုတွေရှိအများကြီးရှိနိုင်တယ် မြေးလေး"
"ထိခိုက်နိုင်တယ်!! ဘာလို့လဲ ဘိုး!!"
သူ့ရဲ့မေးခွန်းကို အဖိုးက စိတ်မကောင်းစွာနဲ့ ပြန်လည်ဖြေကြားလေသည်။
"နတ်သူငယ်တွေအနေနဲ့ လူ့ပြည်မှာလူသားတစ်ယောက်နဲ့အတူတူနေထိုင်လို့မရဘူး မြေးလေး"
"ဒါဆို ဘာလို့သားကို ၃လတိတိ လူပြည့်ကိုသွားဖို့စေလွှတ်ခဲ့ရတာလဲ"