💚Ni 19💚

471 57 6
                                    

Unicode)

"ကျစ်....Babeရာချော်လဲကုန်တော့မှာပဲ
ကိုယ့်ဆီပြန်လာခဲ့!!"

"Niကလဲ"

ဟော....လုပ်ပြန်ပြီ....
မျက်နှာလေးကိုဇီးရွက်လောက်ငယ်ပြီး
Kim jonginကိုဂျီကျနေတာ။ ။
မူကြိုကကလေးတွေဆိုကျွန်တော့်
စကားတစ်ခွန်းတည်းပဲ။ ။ ဒီအဆိုးလေးကတော့
အာပေါက်မတက်ပြောလည်းနားမထောင်
သူလုပ်ချင်တာစွတ်လုပ်နေသည်။

ရေတံခွန်ကရေစီးသန်လို့မသွားပါနဲ့ဆိုတာကို
ပြောလို့မရဘူး။ ငါးလေးတွေကြည့်ချင်တယ်ဆိုပြီး
ပေတေနေတယ်။ ကျွန်တော်ကလဲရေချိုးပြီးပြီမလို့
ထပ်မဆင်းချင်တာကြောင့်ဘေးကနေသာအော်နေ
ရသည်။ မြန်မြန်နေဝင်မှကောင်းမယ်....အဲ့တာမှ
ပိစိလေးပြန်ဖြစ်သွားပြီးအိတ်ထဲထည့်ထားလို့ရမှာ။
။ ဒီတစ်ခါအကောင်ပေါက်ဖြစ်ရင်တော့Babeရေ
မလွယ်ဘူးသာမှတ်ပေတော့။ အိတ်ကပ်ထဲ
သော့ခတ်သိမ်းထားမှာ။ Huhhhh

"Niငါးလေးတွေကချစ်စရာလေးတွေ
သိလား? Babeအိမ်ကိုခေါ်သွားချင်
လိုက်တာ"

"လမ်းခရီးကကြမ်းတာကိုခေါ်လို့
မရပါဘူး...ငါးတွေသေကုန်လိမ့်မယ်...
အဲဒါတော့မပူဆာနဲ့အဆိုးလေး"

"ခေါ်သွားချင်ပါတယ်ဆို
တစ်ကောင်ပဲလေ....နော်...
Niနော်..."

"ဘူးဆိုဖရုံမသီးဘူး
ဒါပဲ!!"

"စိတ်ပုပ်ကြီး"

ခြေပစ်လက်ပစ်နဲ့ရေတံခွန်နားတွင်ထိုင်လိုက်သည့်
Babeကြောင့်ကျွန်တော်အမြန်ပြေးသွားရသည်။
။ ဘောင်းဘီတွေလဲပြန်စိုသွားတာကြောင့်မထူးတော့ပဲ
နှုတ်ခမ်းတစ်တောင်လောက်ဆူကာစိတ်ကောက်
နေသည့်အဆိုးလေးရဲ့ပါးလေးကိုနမ်းလိုက်တော့
ဟိုဘက်လှည့်သွား၏။ ။

"Babe"

"...."

"Niအပေါ်ဆိုးရတာ
အရမ်းပျော်လား"

"ဘာလဲ!! NiကBabeကို
ငြိုငြင်တာလား...ဟင့်..."

တွေ့လား? ဘာမှတောင်မပြောရသေးဘူး
မျက်ရည်ကထွက်လာပြီ။ တယ်လဲ...ဟန်ဆောင်
ကောင်းပါရဲ့...။ ကျွန်တော်သူ့ကိုမချော့ပဲ
ဒီအတိုင်းကြည့်နေတော့ကျောပေးကာတရှိုက်ရှိုက်
ငိုနေသည်။ ရယ်ချင်စိတ်ကိုမနည်းထိန်းရင်း
ကိုယ်သေးသေးလေးကိုဆွဲလှည့်လိုက်တော့
မျက်ရည်စီးကြောင်းတွေနဲ့အဆိုးလေးက...
ကြောင်ချီးရုပ်လေးလိုဖြစ်နေ၏။ ။

💚 Ni 💚Where stories live. Discover now