💚 Ni 12 💚

955 165 28
                                    

{ZG ver}
သာယာပျော့ပျောင်းသာ တေးသံသာတစ်ခုကြားရခြင်းသည်
ငှက်ကလေးများ၏ တေးဆိုသံလို့ပင်တင်စားခေါ်ဝေါ်ရလောက်တဲ့ထိ
စိတ်ချမ်းသာမှုကို ပေးစွမ်းနိုင်သည်.....

ကျွန်တော်အတွက်ကတော့ babeရဲ့ ပူညံပူညံအသံလေးကတော့ပိုလို့ပင်
စိတ်ချန်းသာမှုကို ပေးစွမ်းနိုင်သည်

"Ni!! စိတ်တိုလာပြီနော် "

အကောင်ပေါက်လေးမဟုတ်လည်းပဲ သောင်းကျန်းနေတတ်တာလည်း
Babeရဲ့အကျငိ့တစ်ခု....

ခုတော့ ကျွန်တော့်ရဲ့ Hoodieအပြာနုရောင်လေးကိုဝတ်ပြီး
ဂျီကျနေတာ မိုးလင်းကတည်းက....

"ဟာ..Niက babeကိုဘောင်းဘီဝတ်ခိုင်းတာကို babeကဘာလို့စိတ်တိုနေတာလဲ ပြောပါဦး!!"

နှုတ်ခမ်းကြီးဆူပြီး..ခြေစောင့်လက်စောင့်လုပ်ပြီး သောင်းကျန်းနေတာ
အရင်လို အကောင်ပိစိလေးဆိုရင် မဝတ်လည်းအဆင်ပြေပေမဲ့
ခုဟာက အရွယ်ရောက်နေတဲ့ကောင်လေးတစ်ယောက်ဖြစ်နေပြီလေ~

အဲ့တာကြောင့် ဘောင်းဘီလေးဝတ်ခိုင်းတာကို ကမ္ဘာပျက်မတတ်သောင်းကျန်းနေတာ.....

"ဘောင်းဘီဝတ်ခိုင်းလို့ စိတ်တိုနေတာကို မြင်ရဲ့သားနဲ့!!! ဘာလို့စိတ်တိုနေတာလဲကို ပြောပြရဦးမှာလား!! လူယုတ်မာကြီးရဲ့"

အော်လိုက်တာလည်း...ပြဲလန်နေတာပါ.....

Hoddieပွပွကြီးက တစ်ကိုယ်လုံးမြုပ်လောက်တဲ့အထိ ကြီးပေမဲ့
မဝတ်ခိုင်းလို့ မဖြစ်လို့ဝတ်ခိုင်းရတာကို ခုတော့ ကိုယ့်မှာလူယုတ်မာကြီးကိုဖြစ်လို့!!!!

ခက်လိုက်တာ!!! ကျောင်းက ကလေးတွေကို ဆုံးမနိုင်သလောက်
ဒီအကောင်ပေါက်လေးကိုတော့ ခြေရောလက်ရော ဆလန်သရတဲ့အထိ
လက်မြှောက်အရှုံးပေးနေရတဲ့ ကိုယ့်ဘဝကိုယ်မြင်ယောင်ပြီး
ကိုယ့်ကိုကိုယ်သာ သနားမိတော့တယ်....

အမလေး!!! သနားဖို့ကောင်းနေပါပြီ Kim Jonginလေးရယ်~~

"နို့ဘူးတိုက်မယ်လေနော် ပြီးရင် စတော်ဘယ်ရီသီးလည်း ကျွေးဦးမယ်ဗျာ စားချင်ရင်တော့....ဘောင်းဘီလေးဝတ်လိုက်တာနဲ့ ကျွေးပြီးသားနော် ဟင်းဟင်း!!"

💚 Ni 💚Where stories live. Discover now