💚 Ni 1💚

5K 281 31
                                    

( Unicode ver)

ပုံပြင်တစ်ပုဒ်ရဲ့..နိဒါန်းအစက...ကောင်းမွန်တယ်ဆိုပေမဲ့...
နိဂုံးအဆုံးမှာရော....ကောင်းမွန်ရမယ်လို့...အဆင်ပြေရေရာမှုတွေကိုရော..
တွေ့ဖူး...မြင်ဖူးကြမှပါ...

ဒါပေမဲ့!! ကျွန်တော်ကသူနဲ့တွေ့ဆုံရတာက...
အကောင်းလား?? အဆိုးလား??

ခုလတ်တလောမှာတော့....အဆိုးဘက်ရောက်နေဆဲပါ~~

"ဟေ့ကောင်!!!ငါ့ခေါင်းအုံးကိုခြေထောက်နဲ့မနင်းနဲ့လေ.."

ဖြူဖြူသေးသေး...ငလက်မပိစိလေးလိုလို...မှင်စာသေးသေးလေးလိုလို..
ဘာလိုလိုမှန်းကိုမသိတဲ့...ဘာအကောင်လေးမှန်းလည်းခုထိမသိဘူး!!

"ငါ့ဟာငါနင်းတာ...မင်းနဲ့ဆိုင်လား!!"

ပြန်အော်တယ်ဗျ..... သူ့အသံပိစိသေးသေးလေးနဲ့ကို..
ကြားရတဲ့အကြောင်းရင်းက..သူ့ကကျွန်တော့်ကုတင်ရဲ့ခေါင်းအုံးပေါ်ခြေစုံရပ်ပြီးအော်ပြောနေတာ
ကျွန်တော်ကအိမ်ရှင်ဆိုတော့...ကုတင်အောက်မှာထိုင်ရတာပေါ့...

"မင်းနော်...ငါ့ကိုမအော်နဲ့!!"

လူကြည့်တော့...အကောင်ကညက်စိလေးကို...သူကတစ်ပြန်ကြီးပြန်ပြန်အော်နေတာ...

"မင်းကလည်း..ဆရာဆိုပြီး...ငါ့ကိုမင်းတပည့်တွေလို....လာမအော်ပြောနဲ့!!"

အခြေအနေကတော့တင်းမာနေပြီ!!!

"ဖယ်...ငါအိပ်တော့မယ်....မင်းလည်းမင်းနေရာမင်းသွား.."

သူ့ကိုယ်ပိစိလေးကို...လက်ညိုးလေးနဲ့ညုပ်ပြီးဘေးက...စာအုပ်စင်လေးပေါ်တင်ပေးလိုက်တယ်....

စာအုပ်စင်ထောင့်ကြားမှာ...သူအိပ်ဖို့နေရာလေး..စီစဉ်ပေးထားတာမို့...သူအိပ်တတ်မှာပါ....

"Goodnight Ni !!"

"အင်း...goodnight babe~~"

ဒီစကားလေးကတော့.....ဘယ်လောက်ပဲရန်ဖြစ်ကြပါစေ...
နှစ်ယောက်သားက အမြဲတမ်းငြင်သာစွာ အဲ့အချိန်လေးတစ်ချိန်တော့
အဆင်ပြေပြေစကားဆိုကြတဲ့အချိန်လေးတစ်ခု....

"Ni~~"

သံရှည်နှောစွာ...ခပ်အိအိထွက်လာတဲ့စကားသံလေး~~

💚 Ni 💚Where stories live. Discover now