Zawgyi
ပတ်ဝန်းကျင်ဟာရုတ်တရက်တိတ်ဆိတ်သွားပြီး
ဘေးမှာရပ်နေတဲ့ခွေးကောင်နှစ်ကောင်ကတော့မယုံကြည်နိုင်သလိုကြည့်ရင်းရုတ်တရက်အသံတိတ်သွားကြသည်။ငါ့အနေနဲ့ဒီလိုမျိုးရုတ်တရက်ကြီးတောင်းဆိုလိုက်တာနဲ့ပတ်သတ်ပြီးXiao Zhongnan ဟာ
နည်းနည်းလေးတောင်မအံ့သြခဲ့ပါဘူး။"မင်း....ငါ့နောက်လိုက်လာခဲ့"
သူငါ့ကိုပြောနေမှန်းငါသိလိုက်သည်။
ငါသူ့ကိုကြည့်ဖို့အတွက်ခေါင်းကိုမော့လိုက်တဲ့အချိန်သူ့မျက်ဝန်းတွေနဲ့ဆုံမိချိန်မှာသူ့မျက်လုံးမှာအမျက်ဒေါသလုံးဝမရှိ၊
ငါ့နှုတ်ခမ်းကိုငါကိုက်လိုက်ပြီး.....
"ဒီကြိုး ... "
ထိုသူဟာဘယ်ဘက်လက်အနည်းငယ်မြှောက်လိုက်ပြီးလေကိုဓါးအဖြစ်သုံးသောအခါငါ့ကို
ချည်နှောင်ခဲ့ကြသမျှသောကြိုးတွေဟာငါစကားဆုံးအောင်မပြောရသေးခင်အချိန်အတွင်းမှာပဲပြတ်တောက်သွားခဲ့သည်။ငါမသိမသာသက်ပြင်းချပြီး Psycho ကတော့ဒဏ်ရာများပျာက်ကင်းသွားကာသူရဲ့သိုင်းပညာကိုသူပိုမိုအသုံးပြုလာနိုင်တာကိုသိလိုက်ရတော့စိတ်သက်သာရာအနည်းငယ်ရသွားသလိုပင်။
ကြိုးမရှိတော့လို့အခုငါ့လက်နဲ့ခြေထောက်တွေလှုပ်နိုင်ပေမယ့်လည်း..... ရိုက်နှက်ခံထားရတဲ့ဒဏ်ကြောင့်
ငါ့ခန္ဓာကိုယ်တစ်လျှောက်လုံးဟာရုတ်တရက်နာကျင်မှုဝေဒနာခံစားလိုက်ရပြီးနောက်အသက်ရှုရပ်တော့မလိုတောင်ဖြစ်သွားသည်။"မင်း....အတွင်းဝေဒနာခံစားနေရတာလား?"
Xiao Zhongnan ကငါ့ရင်ဘတ်ကအဝတ်များကိုဖယ်ကာသူ့ရဲ့လက်ဟာတဖြေးဖြေးလျောဆင်းလာလိုက်တာသွေးကြောစမ်းသည့်နေရာကိုရောက်လာသည်။
ထို့နောက်သူဟာငါ့အသားအရေနှင့်ထိတွေ့နေမိတာကိုသိသိချည်းနဲ့ဒီအတိုင်းတို့ထိနေဆဲ။
"ဒါဟာအတော်လေးပြင်းထန်တာပဲ"
သူဟာ Hidden Sword Gateဂိုဏ်းရဲ့တပည့်များကိုအဓိပ္ပါယ်ပါတဲ့အကြည့်နဲ့ကြည့်ရင်းပြောလိုက်သောအခါတပည့်နှစ်ယောက်ဟာကြောက်ရွံတုန်လှုပ်စွာ ....ရုတ်တရက်ဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များနှင့်ယခု Xiao Zhongnan ကသူတို့ကိုအေးအေးဆေးဆေးကြည့်နေသည်ကိုမြင်သောအခါသူတို့အနေနဲ့ခုနကနှိပ်စက်ထားတဲ့သူအကြောင်းပြောရန်အတွက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာကြောက်နေကြသည်။
YOU ARE READING
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......