Zawgyi
တောင်ကြားလမ်းကနေအပြင်ကိုရောက်ဖို့
နှစ်ရက်နဲ့နေ့တဝက်လမ်းလျှောက်လိုက်ရပြီး
နောက်ထပ်နှစ်ရက်လောက်ကြာတော့တောင်အောက်မှာရွာလေးတစ်ရွာကိုတွေ့လာရသည်။ကံကောင်းထောက်မစွာနဲ့ပဲချောက်ကမ်းပါးကပြုတ်ကျတုန်းကငါ့ပစ္စည်းတွေဟာခုထိငါ့မှာရှိနေသေးတယ်။အဲ့ပစ္စည်းတွေကိုငွေစအနည်းငယ်အဖြစ်ပြောင်းလဲလိုက်ပြီးပြောင်းစေ့ဆန်စေ့တွေဝယ်ရင်းမြည်းတစ်ကောင်ကိုပါဝယ်လိုက်တယ်။ငါဘာမှလုပ်စရာမလိုတော့ဘဲမြည်းကခရီးအဆုံးထိခေါ်ဆောင်သွားလိမ့်မယ်။
ရက်အနည်းငယ်ကြာတဲ့အခါညည့်နက်ပိုင်းမအိပ်ခင်လေးငါPsycho(အရူး)အကြောင်းစဉ်းစားမိတယ်။
ရင်ဘက်နားရောက်နေတဲ့ကျောက်စိမ်းဆွဲသီးက
အရမ်းကိုနွေးထွေးသလိုခံစားမိပြီးအနွေးဓါတ်က
အသည်းနှလုံးထဲကိုတောင်လောင်ကျွမ်းသွားလောက်သည်အထိကိုပဲ။နေ့ရက်တွေတဖြေးဖြေးကုန်ဆုံးလာချိန်မှာတော့
သူနဲ့သုံးလလောက်အတူတူရှိခဲ့တဲ့အမှတ်တရတွေကိုပြန်မတွေးမိတော့အောင်ကိုယ့်ကိုကိုယ်ချုပ်ထိန်းရင်းအရင်လိုပုံစံပြန်ဖြစ်အောင်ကြိုးစားနေရတယ်။ရွာငယ်လေးထဲမှာပဲညတိုင်းအချိန်ကုန်ရင်းနောက်နေ့ခရီးထွက်ဖို့လိုအပ်တာတွေကိုပြင်ဆင်ဖို့အစီအစဉ်ဆွဲခဲ့တယ်။ဘာပဲဖြစ်ဖြစ်အဲ့ညမှာငါအိမ်မက်မက်တယ်။
အိမ်မက်ကအရမ်းကိုရိုးရှင်းသလိုအမှန်တကယ်ဖြစ်နေသလိုကိုခံစားနေရတာ။သုံးလလောက်ကဂူထဲမှာနေနေရတဲ့အချိန်တွေဆီပြန်ရောက်သွားပြီးတတိယမြောက်လူအဖြစ်လေထဲမှာမျောလွှင့်ရင်းသူတို့ကို
မြင်နေရတယ်။ဝေဝေဝါးဝါးပုံရိပ်တွေမဟုတ်ဘဲရှင်းရှင်းလင်းလင်းနဲ့
ဖြစ်ပျက်သမျှကိုပြန်ပြနေသည်။
YOU ARE READING
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......