Chapter-26(Z+U)

4.7K 691 42
                                    

{Zawgyi}




ထိုလူ့ရဲ့မျက်​လုံး​တွေဟာ​လောဘ​ကြောင့်​အ​ရောင်​​တောက်​​ပ​နေပြီး


"ယုံကြည်​တဲ့သူ​တွေ​ပြောကြားချက်​အရမင်းတို့
ဂိုဏ်းက​ရှေးတုန်းကဒုက္ခ​ရောက်​​နေတဲ့မင်းသားတစ်​ပါးကိုကယ်​တင်​​ပေးခဲ့ဖူးတယ်​တဲ့....သူ့ကိုကယ်​တင်​​ပေးထားတဲ့အတွက်​မင်းသားကမင်းတို့ဂိုဏ်းက်ိုရတနာ​မြေပုံတစ်​ခု​ပေးခဲ့ပြီး​ရွှေ​တွေ​ငွေ​တွေနဲ့အဖိုးတန်​ရတနာ​တွေရှိတဲ့​နေရာကိုလည်းလမ်းညွှန်​​ပေးခဲ့တယ်​လို့​ပြောတယ်​....အဲ့ရတနာ​တွေရှိတဲ့​မြေပုံကိုမင်းဂိုဏ်းရဲ့လျှိုဝှက်​အခန်းထဲမှာထိန်းသိမ်းထားတာနှစ်​​ပေါင်းတစ်​ရာ​ကျော်​​ရှိခဲ့ပြီ....ငါတို့အဲ့​မြေပုံကိုလိုချင်​တယ်​"



နတ်​ဆိုးဂိုဏ်းရဲ့လျိုဝှက်​ခန်းထဲမှာဂိုဏ်းရဲ့လျှိုဝှက်​ချက်​​တွေသာမကထိုသို့​သောအဖိုးထိုက်​တန်​တဲ့
မြေပုံ​တွေစာလိပ်​​တွေလည်းအများအပြားရှိ​နေ​သလို
နေရာစုံကရှာ​ဖွေစု​ဆောင်းထားတဲ့အဖိုးတန်​အရာ
များစွာလည်းရှိ​နေ​သေးတယ်​။အဲ့ဒီအရာ​တွေက
ငါစိတ်​လည်းမဝင်​စားတာ​ကြောင့်​တစ်​ခါမှယူမကြည့်​ဖြစ်​ဘူး။အခု​တော့​မြောက်​ပိုင်းဂိတ်​ဂိုဏ်းရဲ့ဂိုဏ်းချုပ်​ကငါ့ထက်​ပိုပြီး​တော့​တောင်​ငါတို့ဂိုဏ်းရဲ့လျှိုဝှက်​ခန်းအ​ကြောင်းကိုသိ​နေပါလား။


"​ကောင်းပြီ...ငါ​တို့မင်းကို​ခေါ်သွားမယ်​"



သူကအဲ့လို​ပြောလိုက်​ကတည်းကထို​နေရာမှာ
ဘာရှိ​နေသလဲဆိုတာကိုအတိအကျသိ​နေပြီးသား။
ငါသူ့ကိုပြန်​ငြင်းခုံမ​နေချင်​သလိုသူ​ပြောသမျှနား​ထောင်​​နေရတာကိုလည်းမကြိုက်​တာ​ကြောင့်
ငါ​ပွင့်​ပွင့်​လင်းလင်းပဲ​ပြောလိုက်​တယ်​။


"ဒါဆိုငါအမှန်​အတိုင်းပဲ​ပြော​တော့မယ်​...ငါကမကြာခင်​​သေရ​တော့မယ့်​သူ....ငါ့Qiလမ်း​ကြောင်း​တွေက
ရှစ်​ခု​လောက်​ပျက်​စီးပြီး​နေပြီဖြစ်တာ​ကြောင့်
ငါ့ရဲ့ကိုယ်​တွင်းအဂါင်္​တွေကလည်းအကုန်​ပျက်​စီးကုန်​ပြီ....ငါ့​ရောဂါအ​ခြေအ​နေကအရမ်းဆိုးဝါး​နေတာ​ကြောင့်​ခင်​ဗျားတို့ကို​တောင်​ထိပ်​အထိမပို့​ပေးနိုင်​မှာစိုးရိမ်​မိသား...ဒါ​ကြောင့်​ငါ့လိုဂိုဏ်းချုပ်​ကိုခင်​ဗျားတို့
အစား​ကောင်းအ​သောက်​​ကောင်း​တွေဝလင်​​အောင်​​ကျွေးရမယ်​...ငါကအဆာခံလို့မရသလို​နေမ​ကောင်းလည်းထပ်​ဖြစ်​လို့မရဘူး...ငါ့ကိုခင်​ဗျားတို့
ဂရုတစိုက်​ပြုစုရမယ်​....မသိနိုင်​ဘူး​လေ...
ငါအသက်ရှင်ေ​​န​သေးရင်​နတ်​ဆိုးဂိုဏ်းရဲ့
လျိုဝှက်​ခန်းကိုအလွယ်​​လေးဖွင့်​ရင်​ဖွင့်​နိုင်​​နေမှာ​ပေါ့"




Sect Master And Psycho (Myanmar Translation) Where stories live. Discover now