{Zawgyi}
Xiao Zhongnan ဟာနှုတ်ဆိတ်နေတတ်တဲ့သူဖြစ်တာကြောင့် သူကငါ့ရဲ့စိတ်ကိုနှစ်သိမ့်ဖို့စကားလုံးတွေကိုမသုံးဘူး။ အဲ့ဒီအပြုအမူကတော့Psychoနဲ့
ဆန့်ကျင်ဘက်ပဲ။ငါပြတင်းပေါက်ရှေ့မှာလှဲပြီးမေးစေ့ကိုလက်တစ်ဖက်နဲ့ထောက်ထားရင်းသီးပင်စားပင်တွေစိုက်ပျိုးထားတဲ့ခြံဝင်းထဲကမြက်ပင်ကိုစိုက်ကြည့်နေမိတယ်။
Psycho ဟာ Xiao Zhongnan ဖြစ်တယ်ဆိုတာငါသိတယ်။သူတို့ကအတူတူပဲ။ဒါပေမဲ့သူတို့နှစ်ယောက်ကိုငါခွဲခွဲခြားခြားပဲပြောဆိုဆက်ဆံတယ်။
Psychoဘဝတုန်းကအချိန်တွေကိုတစ်နေ့နေ့မှာ Xiao Zhongnan ပြန်မှတ်မိလာရင်လည်းလက်ရှိအခြေအနေနဲ့ဘာမှထူးခြားလာဖို့မရှိဘူးလို့ငါထင်တယ်။ နောက်ဆုံးတွင်ဂူထဲမှာသူနဲ့ငါအတူတူနေခဲ့ရတဲ့
လအနည်းငယ်ဟာသူရဲ့ငါးနှစ်တာပျောက်ဆုံးခဲ့သောမှတ်ဉာဏ်ထဲမှာပါဝင်နေတဲ့အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ ထို့အပြင်သူနဲ့အတူတူဂူထဲမှာနေခဲ့သောအမှတ်တရများသည်လှပသောအမှတ်တရတွေမဟုတ်။ငါသူ့ကိုဂူထဲမှာတစ်ယောက်တည်းထားခဲ့ပြီးထွက်ပြေးလာတာလေ။အတွေးတွေလွန်နေပြီးကာမှလက်ရှိအချိန်ကိုပြန်ရောက်လာတော့ခြံထဲမှာဆူညံဆူညံသံများကြားလိုက်ရပြီးလူအများကြီးဟာလူ့ပေါင်လုံးလောက်ကြီးတဲ့သစ်ပင်ကိုမသယ်လာတာကိုမြင်လိုက်ရသည်။
" ဟေး....သတိထားပါ ။ဒီသစ်ပင်ကိုCastle Masterကသေချာရှာဖွေပြီးခတ်ခတ်ခဲခဲနဲ့ဒီအထိပြန်သယ်လာတဲ့အဖိုးတန်အပင်နော်။ဒါ့ကြောင့်မထိခိုက်ပါစေနဲ့!”
Cheng Xiaoyu ဟာသူတို့ကိုလိုက်၍ ကြီးကြပ်ပေးနေလေသည်။
ထို့ကြောင့်ငါတံခါးကိုဖွင့်ကြည့်လိုက်ပြီး
"ဒါဘာလဲ? မင်းတို့ဘာကြီးကိုသယ်လာတာလဲ?"
Cheng Xiaoyu ကငါ့ကိုတွေ့တော့သူကခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီးငါ့နားနားကပ်ကာလျှို့ဝှက်စွာတိုးတိုးလေးပြောတယ် ။
“ အစ်ကိုကြီးကိုခေါင်းဆောင်ကပြန်သဘောကျနေပြီ Castle Masterကအစ်ကိုကြီးတို့ဂိုဏ်းမှာပဲပွင့်တဲ့wisteria ပန်းပင်ကို အစ်ကိုကြီးအတွက်ဆိုပြီးတကူးတကသယ်လာပေးခိုင်းတယ်လေ။ ခြံဝင်းထဲမှာအခုစိုက်မယ်ဆိုရင်လာမယ့်နှစ်မှာပွင့်လိမ့်မယ် လို့လည်းသူကပြောလိုက်သေးတယ်"
YOU ARE READING
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......