Chapter-17(Z+U)

5K 725 30
                                    

{Zawgyi}

ထို နေ့မှစ၍ ငါဟာအရင်နေရာနေရာသစ်သို့
ပြောင်းရွှေ့ခဲ့သော်လည်း Xiao Zhongnan(ရှောင်ကျိုးနမ်)ကငါနဲ့ရင်းနှီးအောင်တစ်နည်းမဟုတ်တစ်နည်းနဲ့နေနေတာကိုထူးဆန်းစွာပဲသိလိုက်ရသည်။ အဲ့ချိန်ကစပြီးသူဟာငါ့ကိုသူနဲ့အတူတူအပြင်သွားဖို့အမြဲစောင့်ခေါ်သလို တစ်ခါတစ်ရံတွင် မြင်းစောင်းကိုစစ်ဆေးဖို့သွားရင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်သူက Xiao Mobei ရဲ့သူငယ်ချင်းတွေအိမ်တွေကိုလည်ဖို့သွားရင်လည်းငါ့ကိုသူခေါ်သွားတတ်သေးသည်။ငါ့ကိုသူ့ညီဝမ်းကွဲအဖြစ်တကယ်ပဲယူမှတ်သလိုနဲ့သူနဲ့တွေ့သမျှလူတိုင်းကိုငါကသူ့ညီဝမ်းကွဲဆိုပြီးလိုက်မိတ်ဆက်ပေးနေတော့တာပဲ။

Xiao Mobei(ရှောင်မိုဘေး) အကြောင်းပြောရရင်သူကသူ့အစ်ကိုကိုငါကပဲမြူစွယ်ဖျားယောင်းလို့သာသူ့အစ်ကို
ဖြူဖြူစင်စင်လေးရဲ့အကျင့်သိက္ခာတရားတွေ
ပျက်စီးသွားတာလို့ထင်နေပုံရတယ်။
ငါ့ကိုတွေ့ရင်တစ်နေ့လုံးသူကငါ့ကိုအနေရခတ်အောင်လိုက်ကြည့်ရင်ကြည့်။မကြည့်ရင်သူ့မျက်စိရှေ့မှာရှိနေတဲ့ငါ့ကိုမမြင်ချင်ယောင်ဆောင်ပြီးလျစ်လျူရှုပြလိမ့်မယ်။ ငါ့ကိုလူတွေရှေ့မှာဝတ်ကြေတန်းကြေစကားပြောရတဲ့အချိန်တွေမှသာသူငါ့ကိုပြုံးပြတာ။

အစပိုင်းမှာတော့သူ့အပြုအမူတွေကိုငါရိပ်မိပေမယ့်ဘာကြောင့်ငါကဒီလိုဆက်ဆံခံနေရသလဲဆိုတာနားလည်သွားတဲ့အခါမှာတော့....
ငါလေးကိုညတိုင်းညတိုင်းသူ့အစ်ကိုကရောဂါ
အကြောင်းပြရင်းအခန်းထဲအတင်းလာပြီးမသေရုံတမယ်Fuckခဲ့တာပါနော်။အဲ့တာကိုသူက
သူ့အစ်ကိုကိုအပြစ်မမြင်ဘဲငါ့ကိုအပြစ်မြင်တယ်တဲ့လား။သူ့အစ်ကိုကိုပဲငါကမြူဆွယ်ဖျားယောင်းတယ်တဲ့။ငါကမတရားခံရတဲ့သူပါကွ!!သူ့အစ်ကိုကငါဖျားယောင်းဖို့မလိုအောင်ကိုငါ့ကိုအသည်းအသန်ဖြစ်နေပြီးသားဆိုတာဒီကောင်မသိရှာဘူး....ကျွတ်..ကျွတ်..ကျွတ်။

မြင်း​စောင်း​သွားပြီးမြင်းတွေကိုကြည့်ရမယ့်နေ့ကို
ရောက်လာပြန်ပြီ။အဲ့အလုပ်ကိုလုပ်ရတာငါတကယ်ကိုသဘောကျတယ်။ဘာလို့လဲဆိုတော့Black Hawk Castleဂိုဏ်းမှာရှိတဲ့မြင်းစောင်းကအကျယ်ကြီးပဲဖြစ်သလိုစိတ်တိုင်းကျတဲ့မြင်းကိုရွေးပြီးအဲ့ကွင်းပြင်ထဲမှာပဲစိတ်ကြိုက်မြင်းစီးလို့ရတယ်။မင်းရဲ့ရင်ဘက်ကိုလေတွေတိုးဝှေ့လာတဲ့ခံစားချက်တွေကဘယ်ခံစားချက်နဲ့မှမလဲနိုင်အောင်ခံစားလို့ကောင်းနေမှာဖြစ်သလိုအဲ့တစ်ချိန်တည်းမှာပဲမင်းဟာကမ္ဘာကြီးနဲ့တသားတည်းဖြစ်သွားတဲ့အတိုင်းလွပ်လပ်မှု
ပျော်ရွှင်မှု၊တတ်ကြွမှုနဲ့ရဲရင့်မှုတွေကိုတစ်ပြိုင်နက်တည်းခံစားမိလိုက်လိမ့်မယ်။


Sect Master And Psycho (Myanmar Translation) Where stories live. Discover now