Extra-2(Z+U)

4.9K 617 1
                                    

{Zawgyi}







ရာသီ​တွေတစ်​ခုပြီးတစ်​ခု​ပြောင်းပြီး​နောက်​​​ဆောင်းရာသီသို့​ရောက်​လာခဲ့သည်​။





အခုဆိုငါ့ရဲ့ခန္ဓာကိုယ်​ဟာအရင်ကထက်ကို​​အတွင်းအား​အပြည့်​နှင့်​အရမ်းကိုကြံ့ခိုင်​သန်​မာ​နေပြီဖြစ်​တယ်​။သို့​သော်​အဖျားအနည်းငယ်​ရှိ​သေးတာ​ကြောင့်​ရာသီဥတုအကူးအ​ပြောင်းတွင်​​ကိုယ့်​ကိုကိုယ်​​ဂရုစိုက်​​နေရတယ်​။Psychoက​တော့မြင်းလှည်းနဲ့ခရီးထွက်​သွားတာပြန်​​ရောက်​မလာ​သေး​ပေ။ခေါင်းလည်းမူး​နေပြီးနှာ​စေး​နေတာ​ကြောင့်​​အသက်​ရှုရတာသိပ်​အဆင်​မ​ပြေလှ။ဒါ​တွေအားလုံးက(​အခုလိုသူ​နေမ​ကောင်းဖြစ်​​နေတာက)ငါတစ်​​ယောက်​တည်းအိပ်​​နေရလို့ဖြစ်​တာ။တစ်​​ယောက်​တည်းကျန်​ခဲ့ရတာနဲ့ပတ်​သတ်​ပြီးငါစိတ်​သိပ်​ကြည်​မ​နေဘူး။








ငါPsycho​နဲ့အတူတူခရီးကိုလိုက်​မယ်​လို့​ပြောပါ​သေးတယ်​။အဲ့တာကိုသူကရာသီဥတုကလည်း
အေးသလိုလမ်းခရီးကလည်းကြမ်းတမ်းတာ​ကြောင့်​ပင်​ပန်း​လိမ့်​မယ်​လို့​ပြောလာတယ်​။ဘယ်​လိုပဲဖြစ်​​ဖြစ်​သူကငါ့ကို​ခေါ်သွားမှာမဟုတ်​ဘူးဆိုတာသိပြီးသား။ထား​တော့...သူငါ့ကို​ခေါ်မသွားတာကိုငါနားလည်တယ်​။ဒါ​ပေမယ့်​သူဘာလို့​အ​ကောင်​​ပေါက်​​လေး​​လောင်​ယွီကို​ကြ​ခေါ်သွားရတာလဲ!ငါစိတ်​တိုရတဲ့အ​ကြောင်းကသူငါ့ကိုမ​ခေါ်ဘဲ​လောင်​ယွီကိုကြ​ခေါ်သွားတာကိုပဲ။






"သူကြ​တော့ခင်​ဗျားနဲ့လိုက်​လို့ရပြီးငါကဘာလို့လိုက်​လို့မရတာလဲ?"





ထိုစကားများကငါ​ရှောင်​ကျိုးနမ်​ကိုခရီးမသွားခင်ညက​ပြောခဲ့တာဖြစ်​သည်​။






"သူက​ယောက်ျား​လေး​...သူကြီးပြင်းလာရင်​အတွေ့အကြုံရှိတဲ့သူတစ်​​ယောက်​ဖြစ်​ဖို့လိုတယ်​...ကိုယ်​သူ့ကို​ခေါ်သွားတယ်​ဆိုတာသင်​ပြ​ပေးစရာ​တွေရှိ​နေလို့ပဲ...ကိုယ်​သူ့ကိုအ​ပျော်​​ခေါ်သွားတာမဟုတ်​ဘူး..
မင်းကလိုက်​လာပြီးဘာလုပ်​မလို့လဲ?"







Sect Master And Psycho (Myanmar Translation) Where stories live. Discover now