{Zawgyi}
မျက်လုံးတွေတဖြေးဖြေးမှေးစင်းလာပြီးအိပ်ပျော်တော့မယ့်အချိန်တွင်အခန်းတံခါးကအသာအယာပွင့်သွားတာကြောင့်ငါချက်ချင်းပဲအိပ်နေရာကထလိုက်ကာပွင့်နေတဲ့အခန်းတံခါးကိုစိုက်ကြည့်လိုက်တော့အခန်းထဲကိုPsychoဝင်လာတာကိုတွေ့လိုက်ရတယ်။သူ့တကိုယ်လုံးဟာအအေးဒဏ်ကြောင့်အနည်းငယ်တုန်ယင်နေသည်။
"ဘာလို့အစောကြီးပြန်လာရတာလဲ?"
ငါအံအားသင့်ပြီးမေးလိုက်တယ်။
ငါ့မေးခွန်းကိုမဖြေဘဲသူတစ်လှမ်းချင်းငါ့ဆီလှမ်းလာပြီးသူ့လက်ကငါ့နှဖူးကိုထိရင်းကိုယ်အပူချိန်တိုင်းလာတဲ့အခါသူ့မျက်ခုံးတွေတွန့်ချိုးသွားပြီးနောက်
"ခုထိကိုယ်ပူနေသေးတယ်"
သူအရမ်းကိုစိုးရိမ်ပူပန်နေတဲ့အမူအရာနဲ့ရေရွတ်လာသည်။
"ခင်ဗျားလက်ကအရမ်းအေးနေလို့ဖြစ်ပါလိမ့်မယ်"
သူ့လက်ကိုဆွဲယူလိုက်ပြီးငါ့လက်ချောင်းတွေနဲ့သေချာယှတ်နွယ်ဆုတ်ကိုင်ကာသူ့လက်ကိုငါ့နှလုံးခုန်နေတဲ့နေရာမှာကပ်ထားလိုက်တယ်။သူငါနေမကောင်းတာကိုသိသိချင်းညဘက်ကြီးချက်ချင်းကိုပြန်ချလာတာလေ။ငါအရမ်းကိုပျော်ရွှင်နေပြီးငါ့နှလုံးသားလေးဟာလည်းနွေးထွေးနေသည်။
သူငါ့ကိုအိပ်ရာပေါ်မှာထိုင်စေပြီးခေါင်းအစခြေအဆုံးစေ့စေ့စပ်စပ်ကြည့်ကာ
"ကိုယ်မင်းကိုကိုယ်နဲ့အတူတူဘာလို့မလိုက်ခိုင်းတာလဲသိလား...မင်းအခုလိုနေမကောင်းဖြစ်နေမှာစိုးလို့်ပဲ...ဒါပေမယ့်မင်းကိုထားခဲ့ပြန်တော့လည်းနေမကောင်းဖြစ်နေပြန်ရော"
"ငါနေမကောင်းဖြစ်တာခင်ဗျားကြောင့်မှမဟုတ်ပဲ
အဲ့တာကိုဘာလို့အရမ်းဝမ်းနည်းနေရတာလဲ"ငါသူ့ကိုပြုံးပြရင်းနှစ်သိမ့်ပေးနေရင်း
"နောက်ဆိုဘယ်သွားသွားငါ့ကိုပါခေါ်သွားရမယ်
ဟုတ်ပြီလား"
ESTÁS LEYENDO
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......