{Zawgyi}
ငါအကြာကြီးအိပ်ပျော်သွားတယ်ထင်တယ်။
လူကနိုးသာနိုးလာပေမယ့်လူကနုံးချိနေတုန်းပဲ။
ပြန်အိပ်မပျော်သွားခင်ဘေးပတ်ဝန်းကျင်ကို
တစ်ချက်လှမ်းကြည့်လိုက်တော့တစ်ယောက်ယောက်ကငါ့ကိုပွေ့ဖက်ထားနေဆဲဖြစ်တာကြောင့်
အိပ်ချင်နေသည့်မျက်လုံးများဟာကြည်ကြည်လင်လင်ဖြစ်သွားလေသည်။အဲ့ဒီ့တစ်စုံတစ်ယောက်ရဲ့ကိုယ်သင်းနံ့ကငါ့ကို
စိတ်သက်သာရရစေသလိုသူကငါ့ကိုဘာမှမလုပ်ဘဲ
ငြိမ်ငြိမ်လေးနေပြီးထွေးပွေ့ထားတာကြောင့်
ငါတစ်သက်လုံးဒီအတိုင်းလေးသာအိပ်နေလိုက်ချင်တော့သည်။"သူကဘာလို့နိုးမလာသေးတာလဲ?"
"အကယ်လို့မင်းသာသူ့လိုမျိုးခန္ဓာကိုယ်အတွင်းပိုင်းကနာကျင်မှုကိုခံစားရမယ်ဆိုရင်မင်းလည်းသူ့လိုအကြာကြီးအိပ်ပျော်နေမှာပဲ..သူအသက်ရှင်နေသေတာနဲ့တင်တော်တော်ကျေးဇူးတင်သင့်နေပြီ....ခုချိန်မှာ
ဇီဇာကြောင်မနေစမ်းပါနဲ့"ထိုအချိန်မှာငါအိပ်နေရင်းအသံတွေကြားနေရတယ်။
ခုစကားပြောနေတဲ့သူကငါထင်တာမှန်မယ်ဆိုရင်
Psychoကိုနောက်ဆုံးအချိန်တုန်းကစစ်ဆေးပေးခဲ့တဲ့"သမားတော်ကြီးဆွန်"ပဲဖြစ်ရမယ်။နောက်ပြီး
သူဟာလူသိများပြီးကောင်းမွန်တဲ့သမားတော်တစ်ယောက်ဆိုတာငါBlack Hwak Castleဂိုဏ်းက
ထွက်မလာခင်သိလိုက်ရတယ်။သမားတော်ဆွန်ကဆက်ပြောလာတာက
"ဒါပေမယ့်သူနိုးလာရင်လည်းဘာမှအသုံးမဝင်တော့ဘူး....သူခန္ဓာကိုယ်ကမီးစာမရှိတော့တယ့်မီးခွက်နဲ့တူနေပြီ...ဘယ်အချိန်သေမလဲဆိုတာငါလည်း
မပြောနိုင်ဘူး...အဲ့တော့သူ့အတွက်ခေါင်းတလား
လှအောင်ပြင်ပေးဖို့သာမင်းစောင့်နေလိုက်တော့!"ရုတ်တရက်ကျယ်လောင်စူးရှနေတဲ့အသံသည်
နိုးတစ်ဝက်အိပ်တစ်ဝက်ဖြစ်နေတဲ့ငါ့ကိုမျက်လုံးပွင့်လာစေသည်။
YOU ARE READING
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......