Chapter-28(Z+U)

5.8K 664 21
                                    

{Zawgyi}




"ငါဒီ​နေ့မီးဖို​ဆောင်​ကိုသွားကြည့်​လာတာသူတို့က
မင်းအတွက်​အရသာရှိတဲ့အစားအ​သောက်​​တွေချက်​​နေကြတယ်​...ဒါ့​ကြောင့်​အစားစားတာကိုရပ်​မပစ်​လိုက်​နဲ့...​တော်​ကြာ​ဂိုဏ်းချုပ်​​ရှောင်​သိသွားရင်
သူစိတ်​မ​ကောင်းဖြစ်​သွားလိမ့်​မယ်​"

ငါကအိပ်​ယာ​ပေါ်မှာလှဲ​နေတာဖြစ်​ပြီး
ချန်း​ရှောင်​ယွီကလည်းငါ့အနားက​ထိုင်​ခုံ​သေး​သေး​လေး​ပေါ်မှာပန်းသီး​တွေကိုပါးစပ်​အပြည့်​စားရင်း
ပြောလာ​လေသည်​။

ကောင်းကင်​ဘုံကငါ့ဆု​တောင်း​တွေကိုကြားသွားလား...မကြားဘူးလားဆိုတာ​တော့​မသိ​ပေမယ့်
ငါ​မေ့​မြောမ​နေဘဲအ​ကောင်းပတိအတိုင်းပြန်​သတိရလာသလို​နေရထိုင်​ရတာလည်းအရင်​ကထက်​စာရင်
ပိုပြီးအားရှိလာတယ်​။



Psychoက​တော့ကိစ္စ​တွေအားလုံးပြီးဆုံးသွားတဲ့​နောက်​Castleဂိုဏ်းချုပ်​အ​နေနဲ့အလုပ်​​တွေများ​နေတာ​ကြောင့်​ငါ့​ဘေးနားမှာအချိန်​ပြည့်​ရှိ​မ​နေနိုင်​​တော့​ပေ။ငါကသူ့ကိုတစ်​​ယောက်​တည်း​နေရလည်း
အဆင်​​ပြေပါတယ်​လို့​ပြောခဲ့​သော်​လည်းသူကငါ့အတွက်​​ရှောင်​ယွီကိုထား​ပေးသွားခဲ့တယ်​​။ဒီစကားများ
လွန်းလှတဲ့က​လေး​လေးကငါ့ကို​စောင့်​​ရှောက်​မှာတဲ့။
သူ့ကိုငါ့အား​စောင့်​​ရှောက်​​ပေးဖို့အနားမှာထား​ပေးထားတာမှန်​​သော်​လည်းတကယ်​တမ်းကြသူက
ငါ့နားမှာ​နေပြီးစားလိုက်ေ​သာက်လိုက်နဲ့​​ဇိမ်​ကျ​နေတာဖြစ်​သည်​။





သူ့အ​ဖေကသူ့ကိုဘယ်​လိုထိန်းလဲ​တော့မသိ​ပေမယ့်
ငါက​တော့အဲ့က​လေးပါးစပ်​ပိတ်​​နေတာကို,ကိုမ​တွေးဖူးဘူး။ငါ့နားမှာ​နေ​နေတဲ့ကာလတစ်​​လျှောက်​လုံး
သူ့ပါးစပ်​ကိုစားဖို့နဲ့စကားများဖို့အတွက်​သာအလုပ်​​ပေးထား​တယ်​​လေ။



"အဲ့​လိုဆို​တော့လည်းမင်းက
ငါ့ကိုအစားစားဝင်​​အောင်​ကူညီ​ပေး​ပေါ့!"



သူကငါ့ကိုမျက်​လုံးလှန်​ကြည့်​လာပြီးသူ့နှုတ်​ခမ်း​တွေဖွင့်​ဟလာပြီးငါ့ကိုအထွန့်​တတ်​လာတယ်​။




Sect Master And Psycho (Myanmar Translation) Where stories live. Discover now