{Zawgyi}
ဒီလူကတော့စောစောစီးစီးငါ့ကိုဘယ်လိုတောင်ရူးကြောင်ကြောင်နိုင်တဲ့မေးခွန်းကိုမေးလိုက်တာလဲ!!။
"မဟုတ်ဘူး.....ဒါတွေကငါ့ဟာငါပြန်ကိုက်ထားတာ"
ငါအင်္ကျီကိုလှန်ပြပြီးအနီရောင်အကွက်တွေနဲ့ကိုက်ရာတွေကိုလက်ညိုးထိုးရင်းအော်ပြောလိုက်သည်။
"ဟိုနေရာရော....ဒီနေရာရော....အဲ့နေရာရောကအရာတွေကငါ့ဟာငါပြန်ကိုက်ထားတာတွေ"
သူမျက်ခုံးကိုပင့်ကြည့်ရင်း
"ကိုယ်ဆိုလိုတာက....အဲ့လိုမဟုတ်ဘူးလေ"
သူညာဘက်လက်ကိုမြှောက်ပြီးသူ့နားထင်ကိုဖိကာ
မျက်လုံးတွေကိုမှိတ်ရင်းသူတစ်ခုခုကိုအပြင်းအထန်တွေးတောနေဟန်။ခဏကြာတော့သူမျက်လုံးဖွင့်ကာငါ့ကိုကြည့်လာပြီး"မနေ့ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို...
ဘာတစ်ခုမှမမှတ်မိတော့ဘူး....."တကယ်တော့ငါမနေ့ညထဲကသူတစ်ခုခုမှားယွင်းနေခဲ့တယ်ဆိုတာကိုသိသော်လည်းငါ့အနေနဲ့ဒီလိုအခြေအနေကိုမရှောင်လွှဲနိုင်ခဲ့ဘူး။ဒါပေမယ့်သူ့ဆီကခုလို
စကားကိုကြားလိုက်ရတဲ့အခါမှာတော့ငါနှလုံးသွေးတွေစီးဆင်းမှုကနှေးကွေးသွားသလိုခံစားလိုက်ကာ
ရင်ထဲကတဆစ်ဆစ်နဲ့နာကျင်လာရသည်။
ငါသူ့ကိုအဆင်ပြေပါတယ်ဆိုတဲ့အကြည့်နဲ့ကြည့်ကာ
ပြုံးရင်းပြောလိုက်သည်။"အဲ့ဒါကကိစ္စမရှိပါဘူး....ဘာလို့လဲဆိုတော့ငါတို့နှစ်ယောက်စလုံးကယောက်ျားတွေလေ....ဒါ့ကြောင့်
တခါတလေတော့လည်းWet Dreamထဲကလိုမ်ျိုး
အပြင်မှာလည်းလုပ်မိရင်လုပ်မိတဲ့အခါရှိမှာပေါ့....
ငါဘယ်သူ့ကိုမှပြောမှာမဟုတ်တဲ့အတွက်ခင်ဗျားစိတ်မပူလည်းရတယ်"သူငါ့ကိုဘာစကားမှမပြောဘဲအချိန်တော်တော်ကြာသည်အထိစိုက်ကြည့်နေလေသည်။သူအဲ့လိုပုံစံနဲ့
ထိုင်ကြည့်နေတာကြာလာတာကြောင့်စိုးရိမ်စိတ်ဝင်ပြီးငါသူနားလည်အောင်သေချာပြောပြမှပါဆိုတဲ့စိတ်နဲ့အနားသွားပြီးစကားပြောဖို့အတွက်ဖင်ကိုကြွလိုက်တယ်ဆိုရင်ဘဲမခံမရပ်နိုင်တဲ့နာကျင်မှုကိုခံစားလိုက်ရလေသည်။ငါနာကျင်မှုကိုသည်းခံပြီးအလျင်အမြန်ပဲငြိမ်ငြိမ်လေးပြန်ထိုင်နေလိုက်ရသည်။
YOU ARE READING
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......