Chapter-23(Z+U)

4.2K 667 11
                                    

{Zawgyi}





အစက ငါ ​ရှောင်​ကျိုးနမ်​ နှင့်အတူ Black Hawk Castleဂိုဏ်းကိုလိုက်​လာခဲ့တယ်​ဆိုတာခဏတာခိုလုံစရာ​နေရာရလိုတာ​ကြောင့်​ပဲ။  အခုငါ့အတွင်းဒဏ်​ရာ​တွေလည်း​ပျောက်​ကင်းသွားပြီဖြစ်​သလို
ရန်ချန်းချီ​​လည်းငါ့ကိုတွေ့ပြီဆိုတော့ငါ​ရှောင်ကျိုးနမ်ကို​​ထားခဲ့ပြီးထွက်​သွားလို့ရပြီ။ငါနတ်​ဆိုးဂိုဏ်းရဲ့
ဂိုဏ်းချုပ်​ပြန်​မလုပ်​ဘူးဆိုရင်​​တောင်​ငါကဒီမှာဆက်​​နေစရာအ​ကြောင်းမှမရှိ​တော့တာ။




တကယ်​ဆိုငါသူနဲ့တစ်​နှစ်​​လောက်​အတူတူ​နေပြီး
သူ့ကိုဒုက္ခ​တွေ​ပဲ​ပေး​နေခဲ့မိတာ။အခု​တော့ငါသူ့ဆီက​နေစွန့်​ခွာဖို့အချိန်​​ရောက်​လာပြီ။အနာဂတ်​မှာလည်းသူနဲ့ငါဘယ်​​တော့မှပြန်​​တွေ့စရာအ​ကြောင်းမရှိ​တော့ဘူး။ဒါ​ပေမယ့်​....ဒီလို​လေး​တွေးမိရုံနဲ့တင်​ငါ့နှလုံးသား​တွေဘာ​လောက်​ဒီ​လောက်​ထိနာကျင်​​နေရတာလဲ။


လူ​တွေကနှလုံးသားမရှိတဲ့အပင်​​တွေကမဟုတ်​တာ။
ငါ​သေချာ​ပေါက်​သူ့အ​ပေါ်ခံစားချက်​​တွေရှိတာ​ပေါ့။
အချိန်​​တွေသာပြန်​ဆုတ်​လို့ရရင်​ငါသူ့ကို​ထားပစ်​ခဲ့တဲ့
တောင်​​ပေါ်ကို​​နောက်​တစ်​ခါပြန်​သွားပြီးသူ့ကိုရှာခဲ့မှာမဟုတ်​ဘူး။ဒါ​ပေမယ့်​ငါအရာအားလုံးကိုနားလည်
သ​ဘော​ပေါက်​သွားတဲ့အချိန်​မှာအရာရာဟာအရမ်းကို​နောက်​ကျသွားခဲ့ပြီ။




အရင်​ကတည်းကသာငါ​​ချောက်​ကမ်းပါး​နားက​တောင်​က​နေထွက်​လာတဲ့အချိန်​တုန်းက​ရှောင်​ကျိုးနမ်​ကို
ပါ​ငါနဲ့တစ်​ခါတည်း​ခေါ်ထုတ်​လာခဲ့ရင်​ငါအခုလို
နတ်​ဆိုးဂိုဏ်းနဲ့ကျင့်​ကြံ​ရေးဂိုဏ်းကြားမှာဒုက္ခ​ရောက်​​နေစရာမလို​တော့ဘူး။သူတို့ဘာသူတို့
အ​သေပဲသတ်​သတ်​ဖြစ်​ချင်​တာဖြစ်​ငါနဲ့ဘာဆိုင်​တာမှတ်​လို့။ဘယ်သူမှရှာလို့မ​တွေ့နိုင်တဲ့​နေရာမှာနှ​စ်​​ယောက်​တည်း​​အေး​အေးချမ်းချမ်းနဲ့​ပျော်​​ပျော်​ရွှင်​ရွှင်​​နေပြီးသူနဲ့ငါတစ်​​ယောက်​ကိုတစ်​​ယောက်​​ဖေးမရင်းတစ်​သက်​လုံး​အတူတူ​နေသွားလို့ရတာပဲ။အဲ့အချိန်​တုန်းကသာငါဒီလိုဆုံးဖြတ်​ချက်​ကိုချခဲ့မယ်​ဆိုရင်​သူနဲ့တစ်​သက်​လုံးအတူတူ​နေရဖို့အခွင့်​အ​ရေးရနိုင်​မှာမလား?



Sect Master And Psycho (Myanmar Translation) Where stories live. Discover now