Zawgyi
မကောင်းဆိုးဝါးနှိမ်နှင်းတဲ့ဂိုဏ်းကိုမကောင်းဆိုးဝါး
နှိမ်နှင်းတဲ့ဂိုဏ်းလို့ပဲခေါ်ကြပေမယ့်တကယ်တော့
သူ့နာမည်နဲ့သူရှိသေးတာ။အဲ့နာမည်ကတော်တော်ကိုရှေးကျနေတဲ့နာမည်ကြီးဖြစ်နေပေမယ့်ပေါ့။
ရှေးခေတ်ကမဖွံဖြိုးမတိုးတတ်သေးလို့သာ
"ဟွမ်ယွီကျောင့်"ဆိုတဲ့နာမည်ကိုပေးခဲ့မိတာပါ။ပထမဆုံး"ဟွမ်ယွီကျောင့်"ကိုစတင်တည်ထောင်စဉ်က....ဂိုဏ်းအဖွဲ့အစည်းရဲ့ရည်ရွယ်ချက်ဟာရေရေရာရာမရှိသေးဘူး။ငါဂိုဏ်းကိုရောက်လာတဲ့အချိန်မှာတော့ငါရှင်းရှင်းလင်းလင်းသိလိုက်ရတာကသူတို့လုပ်သမျှကိုဝံပုလွေတွေလိုစိတ်ဓာတ်နဲ့လုပ်ကိုင်တတ်ကြပြီးလူတွေအပေါ်ကိုလည်းယုတ်မာစွာဆက်ဆံတတ်ကြတယ်ဆိုတာပဲ။
ငါ့အထင်ကတော့မကောင်းဆိုးဝါးနှိမ်နှင်းတဲ့ဂိုဏ်းဟာလည်းအမှန်တရားလက်ကိုင်ထားဂိုဏ်းနဲ့ထူးမခြားနားလို့ထင်ပေမယ့်သေချာလေ့လာကြည့်မယ်ဆိုရင်သူတို့ဟာနည်းနည်းကွာခြားတဲ့အချက်တွေတော့ရှိပါတယ်။
အဲ့တာကသိပ်ရိုးရှင်းသလိုငါသာဂိုဏ်းဆီပြန်သွားခဲ့ရင်အလွယ်တကူပဲအမှန်တရားလက်ကိုင်ထားဂိုဏ်း
နဲ့အတူပျောက်နေတဲ့တည်နေရာကိုရှာတွေ့သွားလိမ့်မယ်။ငါကအဲ့ဒေသအတွက်အဆင့်နိမ့်ဂိုဏ်းဆရာသာသာပဲ။ငါ့ကသူများအပေါ်သြဇာသက်ရောက်မှုရှိတဲ့ဂုဏ်အဆင့်အတန်းမျိုးလည်းမဟုတ်ဘူး။
လူမှုရေးနဲ့သုခုမအတတ်ပညာကြတော့လည်းသူများတွေနဲ့ယှဉ်ရင်သာမန်အဆင့်ပဲရှိတာ။
ငါ့ရဲ့ပုံပန်းသွင်ပြင်ကသာမန်ဖြစ်နေပေမယ့်ဆရာတိုင်းဟာသတ်မှတ်ထားတဲ့ပုံစံအရအရိုင်းအစိုင်းယုတ်မာတဲ့ပုံစံတွေပဲဖြစ်နေတာကြောင့်အရမ်းကိုနှစ်လိုဖွယ်ကောင်းတဲ့ရုပ်ရည်ကိုပိုင်ဆိုင်ထားတဲ့ငါပုံစံကဆရာတွေကြားထဲမှာကွဲထွက်နေတယ်လေ။
YOU ARE READING
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......