{Zawgyi}
🚨.....🚨.....🚨
Psychoဟာတစ်နေ့တော့ရုတ်တရက်ကြီးငါနဲ့အတူတူနေခဲ့တဲ့ချောက်ကမ်းပါးအောက်ကဂူကိုအလည်သွားဖို့ပြောလာတယ်။သို့သော်ငါတို့နှစ်ယောက်ထဲမဟုတ်ဘဲနောက်ထပ်လူတစ်ယောက်လည်းပါလာသေးသည်။
ရှောင်လောင်ယွီကိုPsychoနဲ့သားအဖဖြစ်ဖို့ကောင်းကင်ဘုံကသတ်မှတ်ပေးလိုက်တာလို့ပြောလိုက်ရင်
နည်းနည်းများရယ်စရာကောင်းနေမလား။သူ့ကို
Castleဂိုဏ်းကိုခေါ်လာခဲ့တဲ့အချိန်တုန်းကဘယ်သူ့ကိုမှမကြောက်တဲ့အပြင်မျက်စိရှေ့မှာတွေ့သမျှ
ကိုလည်းဆွဲကိုက်တတ်သေးတာ။သူကသစ္စာခံဝံပုလွေလေးတစ်ကောင်လိုPsychoရဲ့စကားကိုသာနားထောင်လေသည်။ဒါပေမယ့်သူကငါ့စကားကိုလည်းနားထောင်တော့နားထောင်ပေမယ့်...ဘယ်လိုပြောရမလဲ...ငါကသူနဲ့Psychoကြားမှာကြားဝင်ဖြန်ဖြေပေးနေရတဲ့လူတစ်ယောက်သာသာပဲ။ငါ့ပုံစံက'သစ္စာခံဝံပုလွေလေးရဲ့အစေခံ´နဲ့တောင်တူနေပြီ။"ဘာလို့မင်းကမင်းအဖေနဲ့အတူတူမစီးတာလဲ?"
ငါ့မြင်းလေးရှောင်ဘိုင်းရီကိုစီးရင်းရင်ခွင်ထဲမှာထိုင်ရင်းငါနဲ့အတူတူလိုက်ပါလာတဲ့ကောင်လေးကိုကြည့်ရင်းမေးလိုက်တယ်။သူကခုနှစ်ဆိုခုနှစ်နှစ်၊ရှစ်နှစ်အရွယ်ရောက်ပြီလေ။သူကအရပ်မရှည်ပေမယ့်သူ့ရဲ့
စိတ်နေသဘောထားကတော့အတော်ကိုရင့်ကျက်နေပြီ။"သူကမှသားကိုခွင့်မပြုတာ"
ကောင်လေးကဝမ်းနည်းနေတဲ့မျက်နှာလေးနဲ့ပြန်ဖြေလာသည်။
"ဒါဆိုငါနဲ့လည်းလာမစီးနဲ့လေ..အာ...ငါလည်းမင်းကိုငါနဲ့လာစီးခွင့်မှမပေးတာ....ငါမင်းကိုမြည်းလေးဝယ်ပေးမယ်လေ...အဲ့တာကိုမင်းဟာမင်းစီးကြည့်ရင်ရော?"
ကောင်လေးကသူ့ကိုအေးစက်စက်နဲ့မော့ကြည့်လာရင်း
"ဒါဆိုလည်းတစ်ယောက်တည်းသာစီးတော့!
စိတ်အနှောင့်အယှက်မဖြစ်ရအောင်အတူတူလိုက်မစီးတော့ပါဘူး!"
YOU ARE READING
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......