{Zawgyi}
ပစ္စုပ္ပန်တွင်ပျော်မွေ့ရန်လိုအပ်ခြင်းမှာအချိန်သည်ရေစီးကဲ့သို့အလျင်အမြန်ပဲကုန်လွန်သွားသောကြောင့်ဖြစ်သည်။
Psychoသည်ငါပြန်ကျန်းမာလာအောင်ဘယ်လောက်ပဲကြိုးစားနေပါစေငါ့ခန္ဓာကိုယ်ဟာပြန်လည်မကောင်းမွန်လာနိုင်တော့။
ကံကောင်းထောက်မစွာ... ငါ့ရဲ့နောက်ဆုံးအချိန်မရောက်မှီကောင်းကင်ဘုံကငါ့အတွက်မသေခင်ပျော်ရွှင်ဖွယ်အမှတ်တရတွေချန်ထားနိုင်ရန်အတွက်အံ့သြစရာကောင်းလှတဲ့အချိန်တွေကိုဖန်တီးပေးထားတယ်။
ယခုလက်ရှိတွင်တော့ငါဟာအချိန်ကိုအရမ်းတန်ဖိုးထားတတ်သူဖြစ်နေပြီ။
ဒီနေ့တော့ငါသေတော့မယ်ဆိုတာကိုကြိုသိနေတာကြောင့်အစကPsychoနဲ့အတူတူနေခဲ့တဲ့ချောက်ကမ်းပါးနားကဂူထဲမှာငါ့ဘဝရဲ့နောက်ဆုံးအချိန်ကိုကုန်ဆုံးမယ်လို့ဆုံးဖြတ်ခဲ့ပေမယ့်အဲ့ကိုပြန်သွားဖို့ကအရမ်းနောက်ကျသွားပြီ။
ထိုသို့စဉ်းစားပြီးနောက်နေရာကိုငါPsychoနဲ့အတူတူသွားခဲ့တဲ့ရေကန်သို့ပြောင်းလိုက်တာကပိုကောင်းမယ်လို့တွေးလိုက်တယ်။ထိုနေရာကရှုခင်းလည်းလှသလိုBlack Hwak Castleဂိုဏ်းနဲ့လည်းနီးတယ်။
အဲ့တာကြောင့်နှစ်သစ်ကူးပွဲတော်တို့အခြားပွဲတော်တို့ကျင်းပတဲ့အချိန်ရောက်ရင်သွားလည်ပတ်ဖို့အဆင်ပြေမှာ။Psychoကငါ့တောင်းဆိုချက်အတိုင်းရေကန်ဆီသို့
ခေါ်သွားပေးသည်။
ရာသီဥတုအခြေအနေကအရမ်းကိုအေးလွန်းတာကြောင့်သူကငါ့ရဲ့ခန္ဓာကိုယ်ကိုစောင်အကြီးကြီးနဲ့ပတ်ပေးထားပြီးဖက်ထားလေသည်။ငါကသူ့ကို
"Psycho~~ငါရာထူးလွှဲပြောင်းပေးစာရေးထားခဲ့ချင်တယ်....တပ်မှူးယန်ရောက်လာခဲ့ရင်သူ့ကိုငါထားခဲ့တဲ့စာကိုပေးလိုက်ပြီးအနာဂတ်မှာသူ့ကိုယ်သူယုံကြည်မှုရှိဖို့ရယ်နတ်ဆိုးဂိုဏ်းရဲ့တာဝန်တွေကိုကျေပွန်အောင်ထမ်းဆောင်ဖို့ရယ်ကိုငါမှာခဲ့တယ်ဆိုပြီးသူ့ကိုပြန်ပြောပေး"
"Psycho~~
ခင်ဗျားဝမ်းနည်းနေစရာမလိုပါဘူး...ငါခုလိုလုပ်နေတာတွေအားလုံးအတွက်ကျေနပ်ပြီးသား"
YOU ARE READING
Sect Master And Psycho (Myanmar Translation)
RomanceSect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ....... Sect Master ဟန်ကျွီယွမ်ဟာချောက်ကမ်းပါးကနေပြုတ်ကျခဲ့ပြီးနောက်သူ့ကိုကယ်တင်ပေးထားတဲ့Psychoနဲ့အတူတူနေရသောအခါ.......