Miracle in December Drama Version

1.9K 116 0
                                    

'Krisကြီး ငါ့ကိုဒီအိမ်စာလေးတွေ လုပ်ပေးထားပါလားဟာ ငါ....သွားစရာရှိလို့ အဲ တလက်စတည်း ပိုက်ဆံနည်းနည်းလောက်ပါ ချေးလိုက်နော် ဘယ်လောက်ပါလဲဟင်' Chanyeolမှာ ပြောပြောဆိုဆိုနှင့် Krisကျောပိုးအိတ်ထဲက ပိုက်ဆံအိတ်ကို သူ့ဘာသာသူနှိုက်ပြီး လိုသလောက်ယူသွားတော့၏ 'ဟီး ငါပြန်ဆပ်မှာပါ Krisကြီးအတွက် အပြန်ကားခတော့ ချန်ထားခဲ့ပါတယ်' အဲဒီလိုပြောပေမယ့် သူဘယ်တော့မှ ပြန်မဆပ်ခဲ့ဖူးကြောင်း Krisအသိဆုံး၊ သို့သော် Krisအမြဲကျေနပ်ခဲ့သည်။ ငယ်စဉ်ကပင် ခင်မင်ခဲ့ရသော၊ မိဘများကလည်း သဘောတူသော Chanyeolကို သူငယ်ချင်းတစ်ယောက်လိုရော ချစ်သူတစ်ယောက်လိုပါ ချစ်ခင်ခဲ့ရသည့် Krisမှာသူ့ထက်၂နှစ်ငယ်သော Chanyeolဆိုးသမျှကို သည်းခံနေရသည်ကိုပင် သူ့အတွက် အခွင့်အရေးတစ်ခုလို သဘောထားခဲ့သည်။ Chanyeolတစ်ယောက် မည်မျှပင် အရေးကြီးနေသည်တော့ မသိပါ။ ထိုသို့ပြောရင်းနှင့်ပင် အပြေးအလွှား ထွက်သွားတော့၏ ထိုမြင်ကွင်းကိုပင် မမြင်ရသည့်အဆုံး ပြုံးပြီး ငေးနေသော Krisကိုကြည့်ရင်း Suhoမှာတော့ စိတ်ပျက်လျှက် 'မင်းလည်း ဘာဝဋ်ရှိလို့လဲ မသိဘူး။ အမြဲတမ်း Chanyeol လုပ်ချင်တာလုပ်တာမှန်သမျှ ခံရတာပဲနော် သူနဲ့သဘောတောင် မတူချင်တော့ဘူး ရှုပ်တယ်ကွာ သူ့ကိုစိတ်ထဲက ထုတ်လိုက်တော့ အခုတလော မင်းကိုပေါက်ဆီလာကျွေးပြီး အထာပေးနေတဲ့ XiuMinဘက်ကို သာလှည့်လိုက်ပါလားကွာ အဲဒါမှစိတ်ချမ်းသာအုံးမယ် အရပ်ရှည်တာ ဘာမှလုပ်မရဘူး အဲ ပေါက်ဆီကတော့ စားလို့ရတယ်' 'အား မလုပ်ပါနဲ့ကွာ ငါတို့အခန်းထဲက Chenဆိုတဲ့တစ်ယောက်က XiuMinကိုကြိုက်နေတာ သူနဲ့ပြဿနာ မဖြစ်ချင်ပါဘူး။' Krisက သူသဘောမကျသဖြင့် အကြောင်းပြသည်ကို Suhoသိသည်။ 'ဒီလို ပြောကြေးဆို မင်းရဲ့Chanyeolက တခြားကျောင်းက BaekHyunဆိုတဲ့တစ်ယောက်နဲ့ ဘာလိုလိုဖြစ်နေတာ မင်းသိလား မင်းကိုယ့်လူကိုယ်လဲ ထိန်းအုံးနော် မထိန်းနိုင်လဲ ပါသွားပြီလို့ မှတ်လိုက်တော့' ထိုသတင်းကို Krisအစတည်းက သိပါ၏ သူစကြားကြားခြင်းတည်းက ၀မ်းနည်းမိသော်လည်း သူ့စိတ်သူ (ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ ငါ့ဆီပဲသူပြန်ရောက်လာမှာပါ) ထိုသို့တွေးပြီး ဖြေသိမ့်နေကျပင် သူငယ်ချင်းဖြစ်သော Suhoကတော့ Krisအဖြစ်ကိုတွေးရင်း သက်ပြင်းတောင်ချမိသည်။

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin