MID အပိုင်း ၁၃

190 27 0
                                    

KaiမှာLayထွင်ထားသည့် စက်ရုပ်မဟုတ်ပဲ Layကိုကြိုက်နေသော ကောင်လေးတစ်ယောက် ဖြစ်နေမှန်း အဖေဖြစ်သူKangTa သိသွားသည့်အခါ အိမ်၏အခြေအနေမှာ တင်းမာနေတော့၏ Xiuminဆိုလျှင် ဘာမှ အသံမထွက်နိုင်ပဲ ကြောက်ဒူးတုန်လွန်းသဖြင့် ပေါက်ဆီဝပ်ဝပ်နေလေသည်။ အမေဖြစ်သူ HeeJoonကတော့ Layကိုဖျောင်းဖျလျှက် 'Layရယ် ကြိုက်လိုက်ပါ Layရယ် ပါမောက္ခသား Suhoဆိုတဲ့ ဘဲဘဲကြီးက သူဌေးyay yay yay' Layကတော့ ချစ်စိတ်ကြောင့် KangTaကြီးက တောင်ထိပ်တွင် မြေမြှပ်သတ်ရင်တောင် အသေခံပြီး Kaiကိုရွေးမည့် အနေအထားရှိသည်။ 'စာကြမ်းပိုးကြီး စာကြမ်းပိုးကြီး မလိုချင်ပါဘူး အဲ့ဘဲကြီး' 'အဲ့ဘဲကြီးက တိုက်လည်းရှိတယ် ဘွဲ့ရပြီးတော့ အလိုက်လဲသိတယ်။ နင့်Kaiရဲ့ sexyလုပ်ရပ် မိဘမျက်နှာ အိုးမဲသုတ်လျှက်...' ဤကဲ့သို့ ဗြူဟာသီချင်းအတိုင်း Layတို့အိမ်ထဲတွင် သောင်းကျန်းနေသောအချိန်တွင် ကန်အထုတ်ခံရသော Kaiကတော့ ခပ်လှမ်းလှမ်းက ခြံတံခါးအကွယ်၌ အခြေအနေကို ချောင်းကြည့်လျှက် 'သွားပြီ ဒီအတိုင်းဆို တို့တွေဝေးပြီ ထင်ပါတယ် Layရယ်' သို့နှင့် မျက်ရည်စက်လက်ကျလျှက် တွေဝေစွာ လမ်းလျှောက်နေတုန်း 'ကယ်ကြပါရှင် ကယ်ကြပါ ကျွန်မကလေးတွန်းလှည်းလေး လွတ်သွားလို့' အလန့်တကြား အသံကြားသဖြင့် လှည့်ကြည့်လိုက်သော် တောင်ကုန်းလေးပေါ်မှ လိမ့်ဆင်းလာသော ကလေးတွန်းလှည်းလေးမှာ ကားတစ်စီးနှင့် တိုက်မိတော့မည့် အနေအထားရှိ၏ ထို့ကြောင့် လျှင်မြန်သောအရှိန်အဟုန်ဖြင့် Kaiတဟုန်ထိုး ပြေးသွားလိုက်ပြီး ကလေးကိုချီဖမ်းလိုက်၏ 'ကျွီ....' 'အားးးးး' 'အမလေးတော့' ကံကောင်းထောက်မစွာဖြင့် ကလေးလေးမှာ ဘာမှဖြစ်မသွားပါ။ သူ့ကိုပိုက်ထွေးထားသော Kaiသာခေါင်းကို ပလက်ဖောင်းနှင့် ဆောင့်မိသွားသည်။ 'ဟယ် မောင်လေး ဘာဖြစ်သွားသေးလဲ လာကြပါဦးရှင် ကျွန်မကလေးကိုကယ်တဲ့ ကျေးဇူးရှင်လေး ဘာဖြစ်သွားလဲ မသိဘူး။' ကလေးအမေ၏ အော်ဟစ်အကူအညီတောင်းသံကြောင့် လူအများဝိုင်းအုံလာကြ၏ ထိုအထဲတွင် D.Oလည်းပါဝင်သည် D.Oမှာပျောက်ဆုံးနေသောသူ ပြန်လည်တွေ့ရှိသဖြင့် အလွန်ဝမ်းသာသွားသော်လည်း ပလက်ဖောင်းပေါ်လဲနေသော အခြေအနေကြောင့် ဆောက်တည်ရာမရပဲ ဖြစ်နေ၏ 'အမလေး ကယ်ကြပါ ဒါကျွန်မမောင်လေးပါ' D.Oအသံမှာ မည်မျှပင် ကျယ်လောင်သည်မသိ ခေါင်းတိုက်မိသဖြင့် မေ့လဲနေသော Kaiတောင် လန့်ပြီးခေါင်းကလေးပွတ်လျှက် ငုတ်တုတ်ထထိုင်သည်။ 'ဟင် D.Oပါလား ငါဘာဖြစ်နေတာလဲဟင် ဒီကိုဘယ်လိုလုပ် ရောက်လာတာလဲ' 'ဟမ် ငါလည်း မသိဘူးလေဟယ် ဒီအစ်မကြီးပြောတာတော့ နင်က ကလေးလေးကို ကယ်လိုက်တယ်ဆိုလား ဘာလုပ်ခဲ့နေမှန်း နင်မသိဘူးလား' 'ဟင့်အင်း' ထိုအချိန်တွင် ရှုပ်ထွေးနေသော အခြေအနေထဲသို့ အပူတပြင်း ပြေးပြေးလွှားလွှားနှင့်တစ်ယောက် ရောက်လာပြန်၏ 'Kai နင်ဘာဖြစ်သွားသေးလဲဟင် ပွန်းပဲ့သွားသေးလား ပြစမ်း...' ရုတ်တရက် သူ့ဆီရောက်လာပြီး သူ့ကိုဆွဲလား ရမ်းလားနှင့် မေးမြန်းနေသော Layကိုသူမသိတော့ပါ။ ထို့ကြောင့် နောက်တွန့်ကာဖယ်လိုက်ပြီး 'မင်း မင်းဘယ်သူလဲ ငါ့ကိုသိလို့လား။' 'Kaiကလည်း ပြောရော့မယ် LayကKaiကို မသိပဲနေမလား ကဲပါ နောက်မနေနဲ့တော့ ဘယ်နားနာသွားလဲသာပြ' 'ငါမနောက်ပါဘူး မင်းကိုတကယ်မသိဘူး မင်းဘယ်သူလဲ' Kaiပုံစံက အတည်ပေါက်ပြောနေသည့်ပုံစံမျိုး ဘယ်တုန်းကမှ အခုလို Layကိုသူစိမ်းဆန်စွာ မကြည့်ဖူးဘူး သို့သော် Layကတော့ Kaiနောက်နေတာပဲ ဖြစ်ပါစေဟု ဆုတောင်းမိနေသည်။ 'Kai နင့်ကိုနှင်ချလိုက်လို့ စိတ်ခုနေတာ မဟုတ်လားဟင် ငါတောင်းပန်ပါတယ်ဟာ' Layပြောသမျှကို Kaiကတော့ အံ့အားသင့်သည့် ပုံစံမျိုးဖြင့် မျက်လုံးအ၀ိုင်းသားဖြစ်နေသည်။ အရင်တည်းကမှ Kaiအနားက မိန်းကလေးတွေဆို ရန်သူလို ဆက်ဆံတတ်သော D.Oကတော့ Layကိုမျက်ထောင့်နီအကြီးကြီးနှင့် ကြည့်လျှက် 'ဒီမှာဒီမှာ လုပ်ဇာတ်တွေ ဆင်မနေနဲ့ ဒါမျိုးရိုးနေပြီ အကတော်တဲ့ ထူးချွန်ကျောင်းသားကို ချည်းကပ်ချင်ရင်လည်း အချိန်အခါတော့ သိမှပေါ့ ဒီမှာဒဏ်ရာရနေတဲ့အထဲ ဦးနှောက်စားအောင် လုပ်မနေနဲ့ လာKaiဆေးခန်းပဲ သွားကြရအောင်' သူ့ကို စိမ်းကားစွာဖြင့် ထားခဲ့သောKaiကို ဘာမှမလုပ်နိုင်ပဲ မျက်ရည်အ၀ဲသားနှင့်သာကြည့်ရင်း Layကျန်ခဲ့သည်။ Xiuminနှင့်Chenကတော့ ပေါက်ဆီစားရင်း Layကိုနှစ်သိမ့်ပေးနေသည်။ 'Kaiတစ်ယောက် အတိတ်ကိုပြန်ပြီး သတိရသွားပြီနဲ့ တူပါတယ်Layရယ် မငိုပါနဲ့တော့ ရော့ပေါက်ဆီစားလိုက် အဲ တစ်ကိုက်စာပဲ ကျန်တော့တယ် မထူးပါဘူး ငါပဲအနစ်နာခံပြီး အကုန်စားလိုက်တော့မယ်' သို့နှင့် ကိုယ်ချင်းစာစိတ်အပြည့်ရှိသော Xiuminမှာ Layအတွက် ၀မ်းနည်းလွန်းသဖြင့် ဘေးကနေထိုင်ပြီး သူ့တွင်ပါလာသော မုန့်တွေအကုန်လုံးကို ဖြေးဖြေးချင်း စားပေးနေရသည်။ Kaiကတော့ Layကိုမမှတ်မိတော့သော်ငြားလည်း သူ့စိတ်ထဲတွင် လုံးဝလျစ်လျူရှုမိခြင်း မဟုတ်ပါ။ 'သူ့ပုံစံက တမင် ဇာတ်လမ်းလုပ်နေတဲ့ ပုံမျိုးလည်း မပေါ်ပဲနဲ့ သူ့ကိုငါကဘာလို့ မသိရတာပါလိမ့်'
ယာယီအနေနှင့် Kaiမှာ D.Oနှင့်Taoတို့ ငှားနေသောအိမ်တွင် လိုက်နေရသည်။ Taoမှာ အရင်တုန်းက Kaiကို D.Oတဖက်သတ် ကြိုက်နေသူမှန်းသိသော်လည်း လူနှင့်နာမည် တွဲမသိခဲ့ပါ။ ယနေ့သူ့အိမ်ရောက်လာမှသာ သိတော့သည်။ (အာ ဒီတစ်ယောက်က ဟိုနေ့က ငါတို့လက်စွပ်ကို ပြန်လာပေးတဲ့သူပဲ ဒီလိုမှန်းသိရင် အဲဒီနေ့တည်းက ဖမ်းပြီးD.Oကို ပေးပါတယ်။ ဒါနဲ့ မိသားစုစကား ပြောစရာရှိတယ်ဆိုပြီး အခန်းထဲဝင်ပြီး ခုထိလည်း ထွက်မလာသေးဘူး။ တံခါးကလည်း လုံနေလိုက်တာ ချောင်းလို့ကလည်းမရ။) 'အဖေကနင့်ကို ငါနဲ့အထင်လွဲပြီး အိမ်ကထွက်သွားခိုင်းခဲ့ပေမယ့် နင့်ကိုအရမ်းချစ်တာ နင်သိတယ်မဟုတ်လား D.Oရယ် နင်ထွက်သွားတော့ အဖေ့နှလုံးရောဂါက အရမ်းပြင်းထန်လာတယ်။ ငါတို့တစ်မိသားစုလုံး Sehun အပေါ် လူလည်ကျခဲ့သမျှ ၀ဠ်ခံရတယ်လို့ပဲ ငါမှတ်ပါတယ်။ နောက်ပြီးတော့ သူနောက်ဆုံး တောင်းဆိုခဲ့တာက နင့်ကိုမတွေ့တွေ့အောင် ရှာရမယ်တဲ့။ နင့်ကိုတွေ့မှ သူ့သေတမ်းစာကို ဖတ်ခိုင်းမယ်ဆိုပြီး ရှေ့နေကိုစာ၁စောင် အပ်သွားတယ်။ အဲဒါနဲ့ ငါလည်းနင့်ကိုထွက်ရှာခဲ့တာပဲ ငါမှတ်မိသလောက်တော့ အဲဒီနေ့အချိန်ကညဘက်ကြီးပါ မိုးတွေတောင် ရွာနေသေးတယ်။ နောက်ပြီး ကားတစ်စီးနဲ့ တိုက်မိသွားသလားလို့' 'အဲဒါလွန်ခဲ့တဲ့ ၃လကပဲ ဖြစ်မယ် ဒီ၃လအတွင်း နင်ဘယ်ရောက်နေခဲ့သလဲ Kai နင်နည်းနည်းလေးမှ မမှတ်မိတော့ဘူးလား။' 'ဟင့်အင်း မမှတ်မိဘူး။' D.Oကတော့ အဆက်ပြတ်နေခဲ့သော Kaiဇာတ်လမ်းကို ကွင်းဆက်ပေးရန် မကြိုးစားတော့ပါ။ 'မမှတ်မိရင်လည်း ထားလိုက်ပါတော့ ခေါင်းအခြောက်ခံပြီး စဉ်းစားမနေနဲ့ အခုအချိန်မှာ နင်ကအနားယူဖို့ လိုအပ်နေသေးတယ်' Kaiကိုသာ ဤသို့နှစ်သိမ့်ထားခဲ့သော်လည်း D.Oကတော့ မှန်းဆမိနေချေပြီ။ (မဟုတ်မှလွဲရော ဒီ၃လအတွင်းမှာ ခုနကLayဆိုတဲ့ တစ်ယောက်နဲ့များ တခုခုဖြစ်ခဲ့တာလား။ အဲဒီလိုသာဆို ဒါကပြန်ပြီး သတိမရသင့်တဲ့ အတိတ်ဖြစ်သွားပြီ။) ထိုသို့ စဉ်းစားနေခဲ့သောကြောင့် D.Oအိပ်ယာဝင် နောက်ကျသွားသည်။
ကံကြမ္မာD.Oဘက်ကို ပါနေသည့်အခြေအနေဟု ပြော၍ရသည် အဘယ့်ကြောင့်ဆိုသော် D.O၏မွေစားဖခင်က သေတမ်းစာတွင် Kaiနှင့်လက်ထပ်ရန် သဘောတူကြောင်း လက်ထပ်ပြီးလျှင် Sehunတို့အိမ်မရောက်ခင်က သူတို့နေခဲ့သောအိမ်တွင်သာ အေးချမ်းစွာနေသွားရန် ဆန္ဒရှိကြောင်းကို ရေးထားသည်။ ထိုကံကောင်းမှုကိုပင် သူ့ဘက်ကယုံကြည်ပြီး ကျေနပ်နေ၍ မဖြစ်သေးပါ။ ယဲ့ယဲ့ကျန်နေသော ကြိုးတစ်ချောင်းကိုပင် အပြတ်ဖြတ်ရန် သူကြိုးစားအုံးမည်။ ထို့ကြောင့် Suhoဆီသို့ ဖုန်းခေါ်လိုက်သည်။ 'ဘာ ဒါဆိုမင်းနဲ့Kaiကို မွေးစားအဖေက နောက်ဆုံးတော့ သဘောတူလိုက်တယ်ပေါ့' Suho၏မခံချိမခံသာ မေးခွန်းကို D.Oကတော့ အေးချမ်းစွာပင် ခေါင်းညိမ့်လျှက်ဖြေသည်။ 'အဲဒါ D.Oတသက်လုံး မျှော်လင့်ခဲ့တဲ့ ဆန္ဒတစ်ခုပဲ။ လွန်ခဲ့တဲ့၁၃နှစ်ကတည်းက မွေးစားအဖေ အိမ်ကိုရောက်တော့ မြင်မြင်ချင်းသူ့ကို သဘောကျခဲ့တာ၊ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ကိုယ့်ကိုယ်ကို ခေါင်းထဲမှာအမြဲတမ်း သတိပေးမိနေတာက ငါကKaiအစ်မပဲ သူ့ကိုမောင်လေးတစ်ယောက်ထက် မပိုရဘူးလို့ ဒါပေမယ့် ကံကောင်းချင်တော့ စေ့စပ်ထားတဲ့ Luhanကလည်း ထွက်ပြေးသွားပြီး Layဆိုတဲ့ တစ်ယောက်ကိုလည်း မမှတ်မိတော့ဘူးတဲ့ အဖေသဘောတူခဲ့တဲ့ စာကလည်း လက်ထဲရောက်နေပြီ အခုတော့ အားလုံးက အိမ်မက်လိုပါပဲ ဖူးစာရှင်ကို ရှာဖွေနိုင်တဲ့ ဒီလက်စွပ်ကြောင့်လားတောင် မသိတော့ဘူး။' 'သြော် အကြံအစည်တွေ အောင်မြင်တဲ့အတွက် တော်တော့်ကို ၀မ်းသာနေပြီပေါ့ ဒါပေမယ့် မင်းမမေ့ပါနဲ့ KaiကLayရဲ့ ချစ်သူဆိုတာကို၊ ကားနဲ့တိုက်မိလို့ အတိတ်မေ့သွားတာကိုတောင် ပြန်သတိရနိုင်သေးရင် ပလက်ဖောင်းနဲ့ တိုက်မိတာကရော တသက်လုံးပြန်ပြီး သတိမရနိုင်တော့ဘူးလား' Suhoစကားက D.Oကို အတော်လေး တုန်လှုပ်သွားစေသည်။ 'ဟုတ်တာပေါ့ တသက်လုံးတော့ အတိတ်မမေ့နိုင်ပါဘူး အချိန်ကာလတစ်ခုအထိပါပဲ ဒါပေမယ့် ရှင်သာဒီကိစ္စကို ကူညီလိုက်ရင် အားလုံးအဆင်ပြေသွားလိမ့်မယ်။' Suhoမျက်လုံးပြူးသွားသည် 'D.O မင်းဘာကိုပြောချင်တာလဲ' 'Layနဲ့မင်္ဂလာကိစ္စကို ခေါင်းညိမ့်လိုက်ပါ' 'ဘာ.....' သူ့ခံစားချက်ကို ဘယ်တော့မှ ထည့်မတွက်ခဲ့သော D.Oကို Suhoအံ့သြသွားသည်။ သို့သော် သူ့ဆန္ဒကိုတော့ မလွန်ဆန်နိုင်ခဲ့ပါ။
Kaiအိမ်ကထွက်သွားသည့် အချိန်မှစ၍ Layမှာအအိပ်အစား မမှန်တော့ပါ။ အခန်းတံခါးလည်း ပိတ်ထားသဖြင့် ထမင်းလာပို့သော Xiuminသာလျှင် စားလိုက်ရသည်က ပိုများနေသည်။ 'ဟွန်း Layအသဲကွဲတဲ့ကာလမှာ ငါအရမ်းဝလာသလိုပဲ ၀ိတ်လျှော့ဖို့ ကြံစည်ထားပါတယ် ဆိုနေမှ၊ Layရေ အခန်းတံခါးဖွင့်ပြီး အမြန်လာစားဟဲ့ နင်ငတ်မသေခင် ငါဖက်တီးပုတ်ဖြစ်တော့မယ်။' ထိုအချိန်တွင် သူတို့အိမ်သို့ Suhoရောက်လာသည်။ 'Xiumin Layဘာဖြစ်လို့လဲ' မလာစဖူး အလာထူးသော Suhoကိုတွေ့လိုက်ရသောအခါ Xiuminမှာ သရဲတစ္ဆေ တွေ့လိုက်ရသည့်အလား လန့်ဖြန့်သွားသဖြင့် ပါးစပ်ထဲက အစာများတောင် ဖူးခနဲ အပြင်ထွက်သွားသည်။ 'Su Suhoကြီးက ဘာကိစ္စနဲ့ အိမ်ကိုလာ...' 'Layကိုလာတွေ့တာလေ' 'ဘာ Lay Layရေ နင့်ကိုSuhoကြီး လာတွေ့တယ်ဟဲ့ အပြင်ထွက်ခဲ့' အခန်းထဲမှ ပြန်ပြောသော Lay၏အသံမှာ အားတက်စရာ မရှိပါ။ 'အဲဒါကြီး လာတာ ငါကဘာလုပ်ရမှာလဲ စိတ်မ၀င်စားဘူး' Suhoတောင် ကြားတော့နင်သွားသည်။ 'ဒီမှာ လာချင်လို့ လာတာ မဟုတ်ဘူး Kaiမင်္ဂလာသတင်း လာပြောတာ' သို့သော် Layကို အပြင်ထွက်လာအောင်တော့ Suho စွမ်းဆောင်နိုင်ပါ၏ 'ဘာ Kaiမင်္ဂလာသတင်း....' ချော့မရလောက်အောင် ငိုနေသော Layကိုကြည့်ရင်း Suhoမှာ သွားပြောမိသည့် ကိုယ့်ပါးစပ်တောင် ရိုက်ချင်မိသည်။ 'မငိုပါနဲ့တော့ဗျာ ချောကရက်စားမလား အာလူးကြော် စားမလား' အာလူးကြော် အသံကြားသောအခါ Kaiကိုသတိရသွားပြန်သဖြင့် ထပ်ငိုနေပြန်သည်။ 'မငိုနဲ့တော့ မင်းကိုပစ်ပြီး တခြားတစ်ယောက် ယူမယ့်သူကို ပြတ်သားနိုင်ရမှာပေါ့။ လက်စားချေတဲ့အနေနဲ့ ဘာမှမဖြစ်သလို ပုံစံမျိုးနေပြီး မင်းလည်း လက်ထပ်လို့ရတာပဲ' Xiuminက Layကိုယ်စား ကြားဝင်ပြီးမေးသည်။ 'သူ့ကိုယူမယ့်သူ ရှိလို့လား။' 'ရှိတာပေါ့ ငါလေ' Suhoစကားကြောင့် Layတောင်အငိုရပ်သွားသည်။ သို့သော် မျက်နှာသေ ဖြစ်နေတုန်းပင်။
D.Oကျောက်မျက်ဆိုင်သို့ သွားနေသောအချိန်တွင် Taoကလည်း ၀ူရှုးသင်တန်းကျောင်း သွားနေရသည်။ ထို့ကြောင့် Kaiတစ်ယောက်တည်း အိမ်မှာကျန်ခဲ့သည် ပျင်းပျင်းရှိသည်နှင့် ဗီဒိုထဲတွင်ထည့်ထားသည့် ဓါတ်ပုံအယ်ဘမ်တစ်ခုကို သွားပြီးလှန်လှောမိသည်။ ပထမစာမျက်နှာများမှာ ၀ူရှုးဝတ်စုံနှင့် Taoပုံများသာ ရှိသဖြင့် သူသိပ်စိတ်မ၀င်စားတော့ပဲ ပိတ်လိုက်မည်လုပ်ကာမှ ဓါတ်ပုံအချို့ထွက်ကျလာသဖြင့် ကြည့်လိုက်ရာ 'ဟင် ဒါဟိုနေ့ကတစ်ယောက်ပဲ သူကပန်ဒါနဲ့ သူငယ်ချင်းဖြစ်ခဲ့ဖူးတာလား။' သို့နှင့် ပန်ဒါနှင့်Layတို့ တွဲရိုက်ထားသော ဓါတ်ပုံကိုကြည့်ရင်းနှင့်ပင် သူ့ရင်ဘတ်တစ်နေရာမှ နာသလိုအောင့်သလို ခံစားလာရသည်။ TVကလာနေသော သီချင်းကလည်း VIXX၏ On and On 'uh I need a therapy lalalalala therapy'
တချိန်တည်းမှာပင် ထိုသီချင်းကို Layတို့အိမ်ကလည်း ဖွင့်ထားပါ၏ သို့သော် Layနားထောင်နေခြင်းတော့ မဟုတ်ပါ။ Xiuminတစ်ယောက် သူ့ဘာသာသူ ၀ိတ်ကျစေရန်ဆိုပြီး အကဆရာလေးNကို အိမ်ခေါ်သင်သဖြင့် ဤသီချင်းအတိုင်း လိုက်ကနေခြင်းဖြစ်သည်။ အကဆရာNကလည်း ဘယ်ကတည်းက ဤအခွင့်အရေးကို ချောင်းနေသည်မသိ စေတနာပိုကာ အစွမ်းကုန်ရင်အုပ်မကွာ သင်ကြားပေးနေလေ၏ ထိုအခြေအနေကို တစ်ဖက်သတ်ချစ်ရသူChenကတော့ ဆောင့်ကြောင့်ကြီးထိုင်ပြီး ဒေါသထွက်သဖြင့် မခံစားနိုင်တော့ပဲ အော်ဟစ် ပေါက်ကွဲလိုက်လေသော်... Feelအပြည့်ဖြင့်ကနေသော Xiuminနှင့်Nမှာ ကုန်းကုန်းကြီးရပ်သွား၏ အခန်းထဲမှာ အသဲကွဲနေသော Layတောင်တံခါးဖွင့်ပြီး အခြေအနေချောင်းရသည်။ ခြံထဲက သစ်ပင်ပေါ်တွင် နားသော ငှက်များပင် ထပျံပြေး၏ ကြောင်များလည်း အမွှေးထောင်သွားပြီး၊ ကြွက်များလည်း တွင်းထဲဝင်ကာ ပုန်းနေချေပြီ။ 'Yaa အာပြဲစိန်Chen ဘာလို့သူများအိမ်လာပြီး အော်ဟစ်နေရတာတုန်း။ ရှင့်ကို စာကလေးကင် လုပ်ပြီး ပေါက်ဆီအစာသွပ်လိုက်ရမလား။' Chenအပေါ် ဒေါသထွက်နေသော Xiuminကို Nကထပ်ပြီး မြှောက်ပေးနေသေးသည်။ 'သူ့ကို အစာမသွပ်လိုက်ပါနဲ့ Xiuminရယ် အရိုးစူးနေပါ့မယ်။' 'ဒါဆိုဘာလို့ မင်းကသူနဲ့အတင်းကပ်ပြီး ကနေရတာလဲ ငါသ၀န်တိုတယ် သဘောမကျဘူး မြင်လည်း မမြင်ချင်ဘူး။' 'မမြင်ချင်လည်း သွားပေါ့ သူ့ကိုအိမ်လာပြီး Xiuminတို့ကပြတာ ထိုင်ကြည့်ပါလို့ ဘယ်သူက ဖိတ်ခေါ်ထားလို့လဲ Go Go' Xiuminကထိုသို့ နှင်ထုတ်သဖြင့် Chenစိတ်တိုကာ ထွက်သွားချင်ယောင်ဆောင်တော့သည်။ 'ကြည့်အုံး ကြည့်အုံး အကောင်သေးပြီး တော်တော်ကြီးတာပဲ စိတ် စိတ်... ဟဲ့ အာပြဲစိန် ပြန်လာခဲ့ ပေါက်ဆီဆိုတာ ဘယ်လိုမူတတ်တယ်ဆိုတာ ဒင်းမသိဘူးလား ငတုံးရဲ့+-*/' ဤသို့Chenကို အသားကုန် အော်ပြီးတုတ်နေသော Xiuminကိုကြည့်ပြီး Nစဉ်းစားမိတာက (အမလေး သူချစ်တဲ့သူကိုတောင် အော်ဆဲနေတာ ရစကိုမရှိတော့ပါလား ငါကံကောင်းလိုက်တာ သူ့ကိုရည်းစားစကား မပြောခဲ့မိတာ။ Chenဆိုတဲ့ တစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းအားက အံ့မခန်းပါပဲ သူ့ဘာသာသူ ပန်းနဲ့အပေါက်ခံနေရတယ် ထင်နေလား မသိဘူး ထွက်မပြေးပဲ ရယ်ကျဲကျဲလုပ်ပြီး မျက်နှာကြီးကို ဖြီးလို့။) သို့သော် ထိုဝရုန်းသုန်းကား အခြေအနေသည် Layအတွက် မင်္ဂလာဝတ်စုံချုပ်ပေးရန် ကိုယ်တိုင်းလာယူသော ဒီဇိုင်နာများနှင့်Suho ရောက်လာသည့်အခါတွင် ငြိမ်သက်သွားတော့သည်။ Layတို့၏ ဧည့်ခန်းလေးထဲတွင် ပေကြိုးများဖြင့် သူ့ကိုတိုင်းလိုက် အသင့်ချုပ်ပြီးသော အချို့ဝတ်စုံများဖြင့် တိုင်းကြည့်လိုက်နှင့် ဒီဇိုင်နာများ အလုပ်ရှုပ်နေကြသော်လည်း ကာယကံရှင်Layကတော့ သက်မဲ့အရုပ်တစ်ရုပ်ချထားသလို ဆိတ်ငြိမ်လွန်းလှသည်။ 'ဒီဝတ်စုံလေးကို ခဏ၀တ်ကြည့်ပေးပါလားဟင် ဒါကျွန်မအစွမ်းကုန်ကြိုးစားပြီး ဖန်တီးထားခဲ့တာ၊ ချုပ်ပြီးစကဆို ကျွန်မမင်္ဂလာဆောင်မှ ၀တ်မလို့ရည်ရွယ်ပြီး သိမ်းထားခဲ့တာပါ။ ဒါပေမယ့် ဒီကတစ်ယောက်နဲ့ဆို အရမ်းလိုက်တယ်လို့ ခံစားမိလို့...' ဒီဇိုင်နာက ထိုမျှ စိတ်အားသန်နေသလောက် Layကတော့ တုတ်တုတ်မှမလှုပ်၊ ထို့ကြောင့် Xiuminကပင် ကြားဝင်ပြီး 'ဟယ် ဟုတ်ပါရဲ့ လှလိုက်တဲ့ နတ်သမီးဝတ်စုံလေးတော့ ငါသာဝတ်ရင် သိပ်လှမှာနော် Chen' 'ဒါပေါ့ တန်ဆာဆင် ထားတဲ့ ပေါက်ဆီလေးပေါ့ ခိခိမြင်ယောင်ကြည့်ရုံနဲ့တင် စားချင် အဲ ချစ်ချာယေး' ဒီဇိုင်နာကတော့ သူတို့ကို ကြည့်ပြီး ခေါင်းကုပ်လျှက် 'အဲ အဲ သူဝတ်လို့တော့ အဆင်မပြေပါဘူး ဆိုဒ်ကြီးမှမရှိတာ' အလိုက်မသိသော ဒီဇိုင်နာ၏စကားမှာ Xiuminအတွက် တင်းပုတ်ကြီးနှင့် ငယ်ထိပ်ကိုထုတာထက်ပင် နာကျင်စေပါ၏ 'ဘာာ ဒါငါ့ကိုဝတယ်လို့ ပြောလိုက်တာပေါ့လေ၊ Lay အဲဒီဝတ်စုံကြီးကို မ၀တ်နဲ့တစက်မှ မလှဘူး တခြားဒီဇိုင်နာ ပြောင်းခိုင်းလိုက်တော့+-*/' ပေါက်ကွဲနေသော Xiuminကို ငြိမ်သက်စေရန် Chenနှင့်Suhoမှာ မနည်း ချော့လိုက်ရ၏ နောက်ဆုံးတော့ ထိုဝတ်စုံလေးကို Layအတွက် ရွေးချယ်ဖြစ်သွားသည်။ ဖြူလွှနေသော သတို့သမီးဂါဝန်လေးကိုဝတ်လျှက် Layမှာမှန်တင်ခုံရှေ့တွင် မလှုပ်မယှက် ထိုင်နေသည်။ Suhoကတော့ သူ့သတို့သမီးလောင်းကို တဖျတ်ဖျတ်အရောင်လက်နေသော စိန်လည်ဆွဲကို ဆွဲပေးရင်း 'Layရယ် အားလုံးကို မေ့ပစ်လိုက်ပါ။ Kimအိမ်ရဲ့သခင်မနေရာက မင်းနဲ့ပဲထိုက်တန်တာပါ။ ဒီနေရာအတွက် မင်းအချိန်အများကြီး လေ့ကျင့်ခဲ့ရတာ၊ အဲဒီတော့ ငါ့ရဲ့စည်းစိမ်တွေက မင်းကိုပျော်ရွှင်စေရမှာပါ အရင်ကငါခဏတာ စိတ်ယိုင်မိတာ တောင်းပန်ပါတယ်.....' Suhoပါးစပ်က တတွတ်တွတ် ပြောနေသမျှ Layအတွက်တော့ ဘာမှထူးမလာတော့ပါ။ သူကတော့ကျောက်ရုပ်လို ဖြစ်နေဆဲပင်.......
To be continued

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin