Miracle in December Final Episode
Baekyeolကိစ္စမှာသူတို့၏လွဲချော်မှုကြောင့် ထိုသို့ဖြစ်သွားသည်ကိုကျန်သောသူများမသိကြပါ။ သို့သော် သဘောင်္ပေါ်တွင် လူမှားပါလာကြောင်းBaekhyunသိသောအခါတွင်တော့ 'ဟင်..... ဒါဒါဒါဒါ ငါခေါ်လာတာပန်ဒါလည်းမဟုတ်ဘူးChanyeolကြီးအား............' Chanyeolလည်းအံ့အားသင့်သွားသဖြင့် ပြန်ပြောရန် လုပ်သော်လည်းBaekhyun၏ အာခေါင်ခြစ်အော်သံကြောင့် နားခဏပိတ်ထားရသည်။ ပြီးမှ 'ဒီမှာရှင်အော်လို့ ပြီးပြီလားဒီတခါ yeolအလှည့် yaaaa..... Baekhyunyeolကိုဘာလို့ ဒီအပေါ်ခေါ်လာတာတုန်းပြောတော့ yeolနဲ့တစ်ဖွဲ့တည်းဆိုပြီးဟိုလူတွေနဲ့ ပေါင်းကြံပြီးမင်္ဂလာပွဲမဖြစ်မြောက်အောင် ပထုတ်ပစ်တာပေါ့လေ' 'ညင်ညင်သာသာပြောစမ်းပါဟဲ့ လှိုင်းမူးရတဲ့အထဲအသံနက်ကြီးနဲ့ အော်မနေနဲ့။နေစမ်းပါဦးမင်းကရောဘာလို့ ပန်ဒါအ၀တ်အစားတွေ ယူဝတ်ထားတာတုန်း။ ငါကပန်ဒါမှတ်လို့ ပိုင်ပြီအထင်နဲ့ တခါတည်းခိုးလာတာဟင့် ခုတော့ကောင်းရော'ဤကဲ့သို့ပင် သူတို့နှစ်ယောက်စလုံးစိတ်ပျက်လက်ပျက်နှင့် နီးစပ်ရာကမ်းကိုသာကပ်ပြီးနားမည်အလုပ်တွင် ထိုကျွန်းမှာလူသူမဲ့သော ကျွန်းဖြစ်နေချေ၏ သို့သော် ဘန်ဂလိုတစ်လုံးရှိသည်။ အသုံးအဆောင်ပစ္စည်းကလည်းအပြည့်၊ ဤမြင်ကွင်းများကိုကြည့်ပြီးChanyeolကစိတ်ကူးယဉ်နေသေးသည် 'ဟယ် အိမ်ကလေးကလည်းချစ်စရာလေးအီးဒီအိမ်ပိုင်ရှင်ကမင်းသားချောချောလေးသာဆိုဘယ်လောက် ကောင်းလိုက်မလဲအဲဒီလိုသာဆိုKrisနဲ့လွဲလည်းတန်ပါတယ်။ပင်လယ်ပြာပြာ မြင်ကွင်းလေးကိုကြည့်ရင်းငါကအုန်းရည်လေးကိုသောက် မင်းသားလေးကထန်းလက်ယပ်တောင်လေးနဲ့ ယပ်ခတ်ပေးခိခိခိ'Baekhyunကတော့ သူ့ကိုချဉ်ကြည့်ကြည့်ရင်း 'မင်းသားလေးမဟုတ်ပဲ ကပ္မလီမဲမဲ၀၀ကြီးဖြစ် အဲဒီအချိန်မှာYeolလေးက ဘီကနီဝတ်ထား ဟားဟားဟား' 'အမလေး.....YaaaBaekhyunရှင်တော့လား....' ထိုကဲ့သို့ ရန်ဖြစ်လိုက် စားလိုက်သောက်လိုက်နှင့်ပင် မောလေသော် တစ်ယောက်ကိုဆိုဖာတစ်လုံးစီယူလျှက် ခြေထောက်ထောင်ကာအိပ်ကြလေသည်။ထူးဆန်းသည်ကသူတို့စီးလာသောအပျော်စီးသင်္ဘောငယ်လေးသည် တစ်ပတ်တိတိစက်နှိုး၍မရပါ။ တပတ်ကျော်သောအခါတွင်မှ ချောချောချူချူ မောင်းထွက်ရလေသည်။
Baekyeolတို့ ခက်ခက်ခဲခဲနှင့် Seoulသို့ပြန်ရောက်သောအချိန်တွင် Taoနှင့်Krisတို့မှာဟန်းနီးမွန်းခရီးကတောင် ပြန်လာချေပြီ။သို့သော် သူတို့ဆွေးခန်းတောင် မရှိပါ။ အဘယ့်ကြောင့်ဆိုသော် ရောက်ရောက်ခြင်းဘုမသိဘမသိဆိုင်းမဆင့်ဘုံမဆင့် မင်္ဂလာတန်းဆောင် ပေးလိုက်ကြသောကြောင့်ဖြစ်သည်။ သတို့သမီးChanyeolကသောကမြောပစ်ပေးလိုက်သောပန်းစည်းကိုXiuminနှင့်Lay ၀ိုင်းလုကြလေ၏ တစ်ယောက်ကိုတစ်ယောက် အလျှော့မပေးပဲလုကြရင်းသူတို့ရည်စားများဖြစ်သော Chenနှင့်Kaiပါ ပါလာကြသည်။ သို့သော် ထိုပန်းစည်းမှာသူတို့လက်ထဲမှ မြောက်တက်သွားတာသတို့သမီးဆီမှ မင်္ဂလာကိတ်မုန့်ကိုတောင်းစားနေသောD.Oဆီရောက်သွား၏ပန်းစည်းလေးပိုက်လျှက် ကိတ်မုန့်တွေ ပလို့ပလောင်းဖြစ်နေသောD.Oကိုကြည့်ရင်းSuhoမှာ 'နောက်ဆုံးတော့ အာဒမ်ရယ် ဧ၀ရယ် ပန်းစည်းရယ်ဖြစ်သွားပြီ။ ဟိုကောင်တွေက ငါ့နောက်မှဆောင်တော့' 'အာဒမ်ရယ် ဧ၀ရယ် ကိတ်မုန့်ရယ်ပါ' 'ပန်းစည်းပါဆို' 'ကိတ်မုန့်' 'ပန်းစည်း' ............ ထိုမင်္ဂလာပွဲပြီးသောအခါတွင် အမှန်တကယ်ပင် Suhoတို့အတွဲမင်္ဂလာဆောင်ရ၏ ထူးဆန်းသည်ကားသူတို့နှစ်ယောက်၏ မင်္ဂလာကိတ်မုန့်မှာဒူးရင်းသီးအရသာထွက်နေခြင်းပင်ဖြစ်သည်။
The end
