MID အပိုင်း ၆

154 28 0
                                        


'Oh Sehun...' 'ဟင် LuLu... အခုအချိန်ထိ မပြန်သေးဘူးလား' LuhanကSehunမေးသော မေးခွန်းကို မဖြေပါ။ 'နင် နင်က ဟိုတနေ့က ငါ့ကိုကယ်ခဲ့တဲ့ဟာနုမာန် မဟုတ်လား။' ရင်ဆိုင်ရမှာကြောက်သဖြင့် Sehunငြင်းရန် ကြိုးစားသေးသည်။ 'ဟိုအဲဒါငါ မဟုတ်...' သို့သော် သူ့ကိုတည့်တည့် စိုက်ကြည့်နေသော Luhanကို Sehunမညာရဲပါ 'ဟုတ်ပါတယ် အဲဒီတစ်ယောက်က ငါပါမင်းအခက်ခဲ တွေ့နေတာကို မကြည့်ရက်လို့..' 'နင်ငါ့ကိုခင်ချင်ရဲ့သားနဲ့ ဘာလို့အမြဲတမ်း ရှောင်နေရတာလဲ' Sehunဖြေရခက်နေသည်။ 'ဟို.. Kaiနဲ့သဘောတူထားလို့..' 'ဘယ်လို ခင်ရုံပဲဟာကို သဘောတူထားတဲ့သူရှိတာနဲ့ မခင်တော့ဘူးလား' Luhanကို သူဘယ်လိုရှင်းပြရပါ့မလဲ သူ့အခြေအနေကို LuLuသိလျှင် ခုလိုအရေးစိုက်ပါတော့မလား 'LuLu ငါဘာကြောင့် ဒီလိုဖြစ်နေလဲဆိုတာ မင်းအရမ်းသိချင်ရင်တော့ ပြောပြပါ့မယ်' ထို့သို့ဖြင့် SehunကKaiတို့ကို မှီခိုရသော သူ့ဘ၀အကြောင်းအားလုံး Luhanကို ပြောပြမိလိုက်သည်။ သို့သော် Kaiတို့နေထိုင်သော အိမ်ကြီးမှာ အမှန်တော့ ပိုင်ရှင်အစစ်မှာသူဆိုသည့် စကားတော့မပါဝင်ပါ။ စကားအဆုံးတွင် Luhanအဖို့ အံ့သြတာထက် Sehunကို အရမ်းသနားသွားသည်။ 'ဒေါက် ဒေါက် ဒေါက်' ရုတ်တရက် ဖိနပ်သံများ ကြားသဖြင့် Sehunမှာ Luhanလက်ကိုဆွဲပြီး အနားကခုံအောက်ကို ၀င်ပုန်းလိုက်သည်။ 'LuLuဒီကိုလာ ကျန်တဲ့သူတွေ ငါတို့ကို တွေ့သွားရင် မကောင်းဘူး။ တမျိုးထင်နေလိမ့်မယ်' Chenနှင့်Xiuminတို့၂ယောက် ရောက်လာခြင်းဖြစ်သည်။ 'ဒီမှာChen နင်ငါ့နောက်ကို လက်ဆောင်ဘူးကြီး တကားကားနဲ့ ဘယ်အချိန်အထိ လိုက်နေမှာလဲ' 'နင်မယူမချင်းပေါ့ Xiuminရယ် ခိခိ' ထိုကဲ့သို့ မျက်နှာပိုးမသေသော ChenကိုXiumin ကတော့ တစက်ကလေးမှ ကြည့်မရပါ 'ဒီအထဲမှာ ဘာပါနေလို့လဲ ဟိုတခါက SnowBallလိုမျိုး ပုံကျပန်းကျဆို ယူထားမယ်။ မဟုတ်လို့ကတော့ အထုတ်နဲ့ပစ်ပေါက်ခံရပြီမှတ်' အဲဒီလိုပြောပြီး လက်ဆောင်ထုပ် ဖွင့်မည်အလုပ် 'ဟိုး နေအုံး လက်ဆောင်နဲ့ ပက်သက်တဲ့ Romanticတစ်ခု အရင်ပြောပြမယ် ပြီးမှယူနော်' 'စိတ်ဝင်စားတယ် အရင်ပြောပြ' 'ဟိုရှေးရှေးတုန်းက ယောက်ျားတွေဟာ သူတို့ကြိုက်တဲ့ မိန်းမတွေကို ယူပြီးရင် ထွက်မပြေးနိုင်အောင် ကြိုးတုပ်ထားတယ်တဲ့' Chen၏ပုံပန်းမကျသော စကားကြောင့် Xiumin အထင်လွဲသွားသည်။ 'သြော် ဒါကြောင့်နင်က ငါဘယ်မှမပြေးနိုင်အောင် ဆွဲကြိုးဆင်ပြီး လက်ပင်းကနေ ကြိုးချည်ထားမယ်ပေါ့ ချစ်စရာကောင်းတဲ့ငါ့မှာ နင့်ကြောင့်လူစင်စစ်က ကြိုးတုပ်ခံရတဲ့ဝက်မ ဖြစ်တော့မယ် အာပြဲစိန်Chen နင်ငါ့ကိုဘာထင်နေလဲ ပေါက်စီတဲ့တစီတည်းရှိတယ် သေဖို့သာပြင်ပေတော့' 'အဲ အဲလို သဘောနဲ့မဟုတ်' Xiuminကတဖုန်းဖုန်းနှင့် လိုက်ရိုက်သောကြောင့် Chenမှာရှင်းပြချိန်တောင်မရပဲ မြန်မြန် ပြေးရတော့၏ ခုံအောက်တွင် ပုန်းနေကြသော Hunhanတို့ကတော့ ရယ်နေကြသည်။ 'တကယ်တော့ Chenက သေချာမပြောပြတတ်လို့ပါ LuLuရယ် တကယ့်ဒဏ္ဒာရီက ယောက်ျားတွေဟာ သူတို့ကြိုက်တဲ့ မိန်းမတွေကို ယူပြီးရင် ထွက်မပြေးနိုင်အောင် ကြိုးတုပ်ထားတယ် ဒါပေမယ့် လူတစ်ယောက်ရဲ့စိတ်ကို မေတ္တာတရားနဲ့သာ တုတ်နှောင်နိုင်တာပါ နောက်ပိုင်းမှာ မိန်းမတွေက ကြိုးပြေသွားရင်တောင် သူတို့ဆီကနေ ထွက်မပြေးကြဘူး ဆိုတာသိတော့ သူတို့မူတွေကို ပြင်ခဲ့ကြတယ်။ လက်ထပ်ပြီးသား မိန်းမမှန်းသိအောင်တော့ လက်သန်းကြွယ်မှာပဲ ကြိုးမျဉ်လေးနဲ့ ချည်နှောင်တော့တယ်။ အဲဒီနောက်မှာတော့ လက်ထပ်လက်စွပ်ဆိုတာ ပေါ်လာတာပါပဲ' Luhanကတော့ Sehunရဲ့ပုံပြင်ကို သူ့ရဲ့လည်ပင်းက ဆွဲထားတဲ့လက်စွပ်လေးကိုကြည့်ပြီး နားထောင်နေသည်။ 'Sehunရဲ့လက်စွပ်က ဆန်းတယ်နော် ဇာမဏီငှက်ပုံ ထွင်းထားတယ်။ ရှေးပုံစံဆိုတော့ အမွေပစ္စည်းလား' 'အင်း....အမေပျောက်မသွားခင်က ပေးခဲ့တာဆိုတော့ အမွေဆိုလည်း မမှားပါဘူး။ နောက်ကျနေပြီLuLu တို့တွေပြန်ရအောင်နော်' Luhanမှာ အိမ်သို့ပြန်လာခဲ့ရသော်လည်း လက်စွပ်အကြောင်း စဉ်းစားခန်းဖွင့်လို့ပင် မပြီးသေးပါ။ (ငါဒါမျိုးမြင်ဖူးပါတယ် ဘယ်နေရာမှာပါလိမ့်)

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin