MID အပိုင်း ၃

254 28 0
                                    

Krisနှင့်Suhoတို့နှစ်ယောက် အင်းယားကန်ရေပြင်ကို မျက်နှာမူ၍ စကားစမည်ပြောကြသည်။ သူတို့ပြောသော အကြောင်းအရာကတော့ တခြားမဟုတ် သူတို့နှစ်ယောက် မချိန်းဆိုထားပဲ မြန်မာနိုင်ငံသို့ ရောက်လာရသည့် အကြောင်း၊ Suhoအကြောင်းကို Krisကြားချိန် ၂ယောက်လုံးထရယ်သည်။ ထိုအချိန်တွင် မလှမ်းမကမ်း ဘေးကခုံတွင် ထိုင်နေကြသောHunhanအတွဲမှာ သူတို့ကိုရယ်သည်အထင်နှင့် စိတ်မလုံ၊ Luhanကပိုပြီး မကျေနပ် ဖြစ်နေသေးသည်။ Sehunကတော့ ချော့လျှက် 'မဟုတ်မှလွဲရော Noonaရယ် ကန်ထဲကို ခဲလုံးပစ်ချရတာ ဟုတ်လို့လား။ ဒီမှာထိုင်တဲ့အတွဲမှန်ရင် အင်းယားကန်ထဲက ခဲလုံးတွေကို ပြန်ဆယ်ရတာ မဟုတ်ဘူးလား။' Sehunပြောမှ Luhanရှက်သွားသည်။ 'ဟယ် အဲလိုလား ဒါကြောင့် သူတို့ရယ်နေတာ ပေါ့နော် အမလေးရှက်လိုက်တာနော် လာလာ ခဲလုံးကိုကန်ထဲဆင်းပြီး အမြန်ပြန်ဆယ်ရအောင်' ထိုသို့ဖြင့် Hunhanအတွဲမှာ ဘောင်းဘီကိုယ်စီမလျှက် ကန်ထဲဆင်းမည်အလုပ်တွင် လုံခြုံရေးရောက်လာတာ 'ဟာ ဟေ့လူတွေ အမြန်ပြန်တက် ဒီနေရာမှာ ငါးဖမ်းလို့မရဘူးဗျ လာ လာ လာ တကယ်ပါပဲ....' လုံခြုံရေးက မြန်မာလိုပြောနေသောကြောင့် Hunhanတို့ နားလည်မှုလွဲသွားသည်။ 'Noona ခဲလုံးဆိုတာ ပစ်ပြီးပြန်ဆယ်လို့ ခွင့်မပြုနိုင်ဘူးတဲ့ နောက်တခါဆို အရေးယူမယ်တဲ့' (Luhanရှေ့မှာမို့ Sehunက သူကပဲ မြန်မာစကား နားလည်သယောင် လုပ်ပြနေခြင်းဖြစ်သည်။) 'LuLuတို့ နောက်တခါဆို ခဲလုံးတွေ ပစ်မချတော့ပါဘူး ဆယ်ပဲဆယ်ပေးပါ့မယ်နော်' လုံခြုံရေးဦးလေးကြီးကတော့ ခေါင်းကုတ်လျှက် 'တိန် တရုတ်လိုတွေ ပြောနေတယ် မဟုတ်မှလွဲရော နောက်တခါလာရင် ထပ်ဆင်းအုံးမှာလား မသိဘူး ခက်လိုက်တာ' ထိုကဲ့သို့ အနားတွင် ၀ုန်းဒိုင်းကျဲနေသော်လည်း Krisနှင့်Suhoတို့နှစ်ယောက်မှာ စကားပြောပင်မပျက် Krisက သူ့အကြောင်းကို ဆက်ပြောသည်။ ထိုအခါ Suhoပြုံးနေသည်ကို တွေ့ရသည်။ 'ဟေ့ကောင် Suho ငါ့အဖြစ်က အလွမ်းဇာတ်နော် Chanyeolကတမင်ချိုးသွားတာ အပြီးထားခဲ့တာလို့တောင် ပြောလို့ရတယ် အဲဒါမင်းက ရယ်နေရလား။' 'ရယ်တာမဟုတ်ပါဘူးကွ ပြုံးနေတာ သဘောကျလွန်းလို့ ငါလေChanyeolကို မင်းနဲ့ ပက်သက်ပြီးတော့ အတော်လေးကို အမြင်ကပ်ခဲ့တာ မင်းကိုနှိပ်စက်လွန်းလို့ ဒါပေမယ့် ဒီတခါတော့ အမြင်မကပ်တဲ့အပြင် ကျေးဇူးတောင်တင်သွားပြီ။' 'ဟမ် ဘာဖြစ်လို့..' 'သူဒီလိုမှဖြတ်မချခဲ့ရင် မင်းသူ့ကို စိတ်ကုန်ပါ့မလား နောက်ပြီးတော့ ချစ်စရာကောင်းတဲ့ပန်ဒါနဲ့တောင် မိတ်ဆက်ပေးသေးတယ်။ အဲဒါသူ့ကို အပြစ်တင်စရာလား ကျေးဇူးတောင်တင်ရမှာ ပန်ဒါကမဆိုးဘူးနော် ကိုယ်လုံးလည်းတောင့် အရပ်လည်းမြင့်ပြီး စိတ်ရင်းရိုးတယ်ကွ နောက်ပြီးမင်းကိုလည်း စိတ်ဝင်စားပုံပေါ်....' Suhoဆက်ပြောမှာစိုးသဖြင့် Krisအမြန် ပါးစပ်ပိတ်ပေးလိုက်ရသည်။ 'ရှုး တိုးတိုးလုပ်ပါကွ ကြားသွားရင် မကောင်းပါဘူး ငါတို့ကရိုးရိုးခင်တာပါ' Krisကြီးရှက်ရှက်ဖြင့် ထသွားမည်အလုပ်တွင် Suhoကတခွန်းထပ် ပြောလိုက်သေးသည်။ 'ဟေ့ ရှက်လို့ဆိုပြီး တခြား လျှောက်မသွားနဲ့အုံးနော် မင်းလမ်းမုန့်တီဆိုင်မှာ ပန်ဒါတို့စောင့်နေတယ်။' ' ငါလည်းအဲဒီကိုပဲ သွားမလို့ပါ' Suhoကတော့ (သိပါတယ်ကွာ မင်းအဲဒီကိုပဲ သွားမယ်မှန်း) ထိုကဲ့သို့ စိတ်ထဲကတွေးပြီး ရယ်ရင်းနောက်က လိုက်လာသည်။

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin