MID အပိုင်း ၎

201 29 0
                                    

'Suho Oppa ဘာလို့ငိုနေတာလဲ ဆိုင်ထဲကလူတွေ ၀ိုင်းကြည့်နေပြီ တော်ကြာ ကျန်တဲ့သူတွေက ပန်ဒါကို လူကြီးကို အနိုင်ကျင့်တဲ့သူလို့ ထင်နေပါအုံးမယ်။' Taoပြောတော့မှ Suhoတစ်ယောက် ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ အားလုံးကမုန့်ဟင်းခါးမစားပဲ ယောက်ျားကြီးတန်မဲ့ အသားကုန်ငိုနေသော သူ့ကိုသာလျှင် ၀ိုင်းကြည့်လျှက် သို့မှသာ ရှက်ရှက်နှင့် မျက်ရည်သုတ်တော့သည်။ Taoကတော့ သူ့ကိုနားမလည်နိုင် 'Oppa ကရောLuhanကို ကြိုက်နေတာလား' 'မကြိုက်ပါဘူး' 'ဟင် ဒါဆိုSehunကိုပေါ့ ဟယ် တော် မထင်ရဘူး' သူ့ကိုအထင်လွဲသွားသော TaoကိုSuhoမှာ မနည်းပြန်ရှင်းပြရသေးသည်။ 'ဖြစ်စရာလား ဘယ်သူ့ကိုမှ မကြိုက်ပါဘူးဟာ ဒီအတိုင်းငါကခံစားလွယ်လို့' Taoကတော့ စိတ်ထဲကနေ (ဆုရတုန်းက ငိုတာတောင် မျက်ရည်မထွက်ပဲ ခုမှဘူးသီးလုံးလောက် ကျပြနေတယ်) 'ဒါနဲ့ ဇာတ်လမ်းကို ဆက်နားထောင်ဦးမှာလား Hunhanတို့က မပြီးသေးဘူးနော်' 'တော်ပါပြီ နောက်နေ့မှပဲ ဆက်နားထောင်တော့မယ် ငါတို့ထွက်လာတာ အရမ်းကြာနေပြီ သွားရအောင်' Taoကတော့ Suhoကိုနားမလည်နိုင် ဖြစ်နေသည်။ (ဘာလဲဟ ခုနကတော့ သူပဲအရမ်းသိချင်နေတဲ့ပုံစံနဲ့)

ဆီးဂိမ်းပွဲရှိသည့်နေ့တိုင်း Suhoနှင့်Krisတို့၂ယောက်မှာ Taoတို့အဖွဲ့နောက်လိုက်ပြီး အားပေးကြသည်။ ပွဲတိုင်းလည်း သူတို့၎ယောက်အတူ ထိုင်မိကြသည်။ ဖွင့်ပွဲနေ့က Suhoအကြံအဖန်လုပ်သဖြင့် ဤကဲ့သို့ ထိုင်ရခြင်းဖြစ်သော်လည်း နောက်နေ့များတွင် Suhoဖန်တီးစရာမလိုပဲ အလိုအလျှောက် Krisနှင့်Taoတို့ အတူထိုင်ကြခြင်းဖြစ်သည်။ Krisနားမလည်သော ကစားနည်းစည်းကမ်းများကိုလည်း Taoကရှင်းပြလျှက်၊ Suhoနှင့်D.Oမှာ ထိုအခြေအနေကို မျက်နှာစပ်ဖြီးဖြီးလုပ်ပြီး ခဏခဏကြည့်ကြသည်။ တခါတရံ Suhoနှင့်D.O တို့၂ယောက်သား Taoတို့ကိုချောင်းရင်း မျက်နှာခြင်းဆိုင်မိကြလျှင် Suhoမှာရင်ခုန်သွားပြီး D.Oကတော့ မဲ့သွားသည်။ (ဟွန်း အဲဒီအပိုများတဲ့ ဦးလေးကြီးကတော့ ရုပ်ကိုကပြောင်စပ်စပ်နဲ့ သူ့ကိုယ်သူ သွားတိုက်ဆေး ကြော်ငြာရိုက်နေတယ်များ ထင်နေလားမသိဘူး။) မည်သို့ပင်ဆိုစေ သူတို့၎ယောက်လုံး တွေ့ရတဲ့နေ့ရက်တွေ ကြာလာတာနဲ့အမျှ သံယောဇဉ်တော့ ဖြစ်လာကြပါတယ်။

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin