MID အပိုင်း ၁၁

212 30 3
                                    

Krisနှင့်Taoတို့ ပြိုကျနေသော အိမ်ပျက်ကြီးထဲမှ ဘေးကင်းစွာ ကယ်ထုတ်နိုင်လိုက်သဖြင့် အခြားသူများမှာ ၀မ်းသာနေရသော်လည်း၊ ကာယကံရှင်များမှာ ၀မ်းမသာနိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော် Kris၏အမေက Taoနှင့်သူ့သားနီးစပ်မည်စိုးသဖြင့် ဆေးရုံတောင်ခွဲထားသည်။ (ဒဏ်ရာမှာမဖြစ်စလောက် ပွန်းရာပဲ့ရာသာ ရှိသော်လည်း အတွင်းဒဏ်ထိမထိ ဆေးစစ်ရန်ဟုဆိုကာ ဆေးရုံတင်ထားခြင်းဖြစ်သည်။) Baekhyunနှင့်D.O တို့ Taoအတွက် ဆန်ပြုတ်လာအပို့ အခန်းဝတွင် Krisအမေနှင့်Chanyeolကို တွေ့လေ၏ 'အင် သူတို့က ဘာလာလုပ်တာလဲ မသိဘူး' 'ဟာ Baekhyunကလည်း အ လိုက်တာ သူ့သားရဲ့ချစ်ချစ် ချွေးမလောင်းလေးကို လာကြည့်တာနေမှာပေါ့ ခွိ အားကျလိုက်တာ' Baekhyunမှာ စိတ်ဓါတ်ကျသွားသလောက် D.Oကတော့ Krisနှင့်Taoတို့ကိုယ်စားစိတ်ကူးယဉ်ပြီး Feelတက်နေသည်။ 'ကဲပါ အခန်းထဲဝင်မှာဖြင့် ၀င်စမ်းပါ ဆန်ပြုတ်တွေ အေးကုန်တော့မယ်' သို့သော် အခန်းထဲတွင် အော်ငိုနေသောTaoကို တွေ့သောအခါမှ သူတို့၏အထင်အမြင် တက်တက်စင်အောင် လွဲမှန်းသိတော့သည်။ 'ဟယ် Taoဘာဖြစ်လို့လဲ ဘာလို့ငိုနေတာလဲ' 'Krisအမေကြီးက ငါ့ကိုပြောတယ် သူ့သားနဲ့ဝေးဝေးနေပါတဲ့ အီး ဟီး၊ မျက်ကွင်းညို ကလေးဆန် သူရဲဘောကြောင်တဲ့ငါ့ကို ချွေးမ မတော်နိုင်ဘူးတဲ့ အီး ဟီး' Baekhyunမှာ ဒေါသအသားကုန်ထွက်လျှက် 'အောင်မာ သူ့သားကတော့ တော်တော်သတ္တိရှိတာကိုး မပြောလိုက်ချင်ဘူး။ ပန်ဒါသာလာမကယ်ရင် သရဲကြောက်သေမယ့်ကောင်ကို..' 'နောက်ပြီးတော့ ပြောသေးတယ် အီး ဟီး Chanyeolလို ပြည့်စုံတဲ့သူကမှ သူတို့Wuအိမ်ရဲ့ ချွေးမဖြစ်နိုင်မှာ မမြင်ဖူးရင်ကြည့်ထားတဲ့။' ဒီတခါတော့ Baekhyunတင်မက D.Oပါသူငယ်ချင်းအတွက် မခံချင်ဖြစ်လာသဖြင့် 'သြော် လျှပ်စီးလက်နေမှ အဖွားကြီးက ချွေးမတော်ချင်ပုံပေါ်တယ် ဓါတ်လိုက်မှာ မကြောက်ဘူးလား မသိဘူး ဟွန့် အဲဒါ ဘာမှမဟုတ်ဘူး Chanyeolအိမ်ကချမ်းသာလို့' 'ဟဲ့ ငါလည်းတရုတ်ပြည်မှာတော့ အကောင်ပါပဲ' 'ဒါပေမယ့် ကိုရီးယားမှာတော့ ငါ့လိုပဲအဆောင်ငှားနေရတာ မဟုတ်လား။ မပူပါနဲ့ ပန်ဒါရယ် နင့်ဘက်က ငါတို့အမြဲရှိတယ်။ နင်နဲ့Krisကို မရရအောင်ကို အောင်သွယ်ပေးအုံးမှာ ဟုတ်တယ်မလား Baekhyunရယ်' 'ဟမ် ဟုတ် ဟုတ် ဟုတ်တယ် ငါတို့ရှိတယ်' D.Oပြောလို့သာ ပါးစပ်ကစိတ်မပါလက်မပါ ထောက်ခံလိုက်ရတာ အမှန်တော့ Baekhyunမှာ Krisအမေကြီးထက်တောင် Krisနှင့်Taoကိုကွဲစေချင်သည်။ (ရူးနေလို့ငါက ပန်ဒါကို ဒီကောင့်လက်ထဲ ထည့်ရမှာလား Eyelinerသာ ဝေပြီးသုံးနိုင်မယ် အချစ်ကိုဝေမျှပြီး မချစ်နိုင်ဘူး။) ထို့ကြောင့် သူနှင့်အကြံတူနိုင်သော Chanyeolကို တိတ်တဆိတ် ဆက်သွယ်လိုက်သည်။

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin