'ဒေါက် ဒေါက် ဒေါက်' တံခါးခေါက်သံကြားသဖြင့် XiuMinလန့်ဖြပ်သွားသည်။ 'ဟယ် အဖေတို့ပြန်လာပြီ ထင်တယ် Layရေ အဆင်သင့်လုပ်တော့' XiuMinအချက်ပေးလိုက်သဖြင့် Kaiက ၀ံပုလွေအရုပ်ဝတ်စုံကို အပြေးဝတ်သလို Layကလည်း အိမ်တွင်ဖွထားသမျှကို အမြန်ဆုံးနည်းနဲ့စု ပြီးတော့စောင်ကြီးထဲထည့် လုံးချည်ပြီး ရှင်းလင်းလိုက်၏ သူတို့အဆင်သင့်ဖြစ်မှ အဖေဖြစ်သူKangTaနှင့် အမေHeeJoonကို မျက်နှာဖြီးပြီး ကြိုဆိုလိုက်သည်။ 'အဖေတို့ခရီးမှာ ပျော်ရွှင်ပါရဲ့လား' 'ပျော်တာပေါ့ ပေါက်ကရလုပ်တတ်တဲ့ နင်တို့မှမပါတာ ဒါနဲ့နေစမ်းပါဦး အိမ်မှာဘယ်လောက်များ ဖွထားလို့ ငါတို့ကအပြင်မှာ အကြာကြီးစောင့်နေရတာလဲ' (ဖေဖေ KangTaကတော့လေ ငါတို့အဖေလို့ မပြောရဘူး အကုန်သိနေသလိုပဲ ကြိုမြင်တာ မဟုတ်မှလွဲရော သူလည်း ငယ်ငယ်တုန်းက ငါတို့လိုပဲထင်တယ်။) 'အဖေကလည်း XiuMinက အပေါ်ထပ်မှာ စာကျက်ပြီး၊ Layက မီးဖိုထဲမှာ သိမ်းဆည်းနေရတာ တော်တော်နဲ့ဘယ်လာနိုင်မလဲ' 'ထားလိုက်ပါတော့ သက်သေမရှိတော့လည်း ယုံရမှာပေါ့' KangTaက Layတို့နှင့်စကားပြောနေတုန်း ကားပေါ်မှာစားစရာ ကျန်ခဲ့သဖြင့် သွားယူနေသော HeeJoonမှာ အခုမှဝင်လာပြီး ၀ံပုလွေအရုပ်ဝတ်စုံနှင့် Kaiကိုတွေ့တွေ့ချင်း 'အမလေး မိစ္ဆာကြီး ကယ်တော်မူပါ' လန့်ဖြပ်ပြီး KangTaပေါ်သို့ ခွတက်တော့သည်။ 'အား ခါးရိုးကြိုးပြီး သေတော့မှာပဲ ဒီမှာအဲဒီအရုပ်က သရဲမဟုတ်ဘူး သမီးငယ်Lay တီထွင်ထားတဲ့စက်ရုပ် မနေ့ကဖုန်းဆက်တုန်းက ပြောထားတယ်လေ ဒီလို ကြောက်ချင်ယောင်ဆောင်ချွဲပြီး Yeoboရဲ့ ကိုယ်လုံးကြီးနဲ့ ကိုယ့်ပေါ်ခွတက်လို့ ဖြစ်မလား။' 'သြော ရှင်က အခုတော့ ဒီစကားပြောပြီပေါ့ အရင်တုန်းကတော့ ငဖောင်ရိုးက KangTaအကြိုက်မဟုတ်ဘူး HeeJoonက ဘောလုံးလေးလို ဖောင်းကစ်နေလို့ ကြိုက်တာပြောပြီး.....+-*/' KangTaနှင့် HeeJoon ရန်ဖြစ်နေတာ နားငြီးသဖြင့် ကလေးတွေမှာ နားပိတ်ပြီးဝေးရာ ထွက်ပြေးသွားသည်။ HeeJoonမှာ သူ့ယောက်ျားKangTaကို ရန်တွေ့လျှင် အနည်းဆုံး၂နာရီ ကြာမြင့်သည်။
'အဟမ်း ဟမ်း နိုဘီသာကတော့ ဒိုရေမွန်ကို သူ့အခန်းထဲမှာပဲ သိပ်တယ်နော် နိုဘီLayကရော ဒိုရေKaiကို ဘယ်နားထားမှာလဲ ငါတို့အိမ်မှာ အခန်းပိုမရှိတာ သိတယ်နော်။' XiuMinသတိပေးလိုက်မှ Layစဉ်းစားရပြီ။ 'ဟိုလေ သူ့ကိုငါ့အခန်း ပေးလိုက်မယ်လေ။ ငါကနင်နဲ့ပဲ အတူတူလာအိပ်မှာပေါ့ အဲဒါပိုပြီး အဆင်ပြေတယ်' 'အမေကမေးမှာပေါ့ Layကဘာလို့ သူ့အခန်းသူ မသုံးတာလဲလို့ စက်ရုပ်ကြီးတစ်ရုပ်ပဲ သီးသန့်တခန်းထားတာ ဖြစ်နိုင်လား။' 'တိန် သေရောဟ' Layမှာသူ့ဟာသူ ခေါင်းစားရသည့်အထဲ Kaiက၀င်ရှုပ်သေးသည်။ 'ဟာ အာလူးကြော်ရယ် မင်းနဲ့ကိုယ်က လင်မယားတွေဆို တခန်းထဲအတူသုံးတာ ဘာဖြစ်လဲ မရီးသူ့ဘာသာသူ နေပါစေ။' 'ဘာ နင်နဲ့ငါကလင်မယားလဲ နင်ကိုငါပြောထားတယ်လေ မနေ့ကစပြီး Kaiက၀ံပုလွေစက်ရုပ်ပါဆို နောက်ပြီးတော့ အာလူးကြော်လို့ မခေါ်နဲ့လို့ ဘယ်နခါပြောရမှာလဲ...' XiuMinကတော့ Kaiနှင့်Layကိုကြည့်ပြီး ပြုံးမိသည်။ (သြော် Kai Kai ခေါင်းထိသွားတော့လည်း ဒီလောက်ရန်တွေ့နေတာကို ပန်းနဲ့အပေါက်ခံရတယ် ထင်နေလားမသိဘူး။ မျက်နှာကြီးကိုဖြီးလို့ အရင်တုန်းက စိတ်နဲ့ဆိုရင် ထိုးလားကြိတ်လား ဖြစ်နေပြီ။) မည်သို့ပင်ဆိုစေ KaiကိုLayက သူ့အခန်းထဲမှာပဲ ထားဖြစ်တော့သည်။ Layကကုတင်ပေါ်တင်အိပ်ပြီး Kaiက ဆိုဖာခုံပေါ်တွင် အိပ်ရသည်။ 'ဒီမှာရှင့်ကို ဒိုရာမွန်လို ဘီဒိုထဲမှာ မအိပ်ခိုင်းတာ ကံကောင်းတယ်မှတ်ပါ' 'သြော် Yeoboရယ် ဒိုရာမွန်က မရီးXiuMinလို ၀၀ပုပုလေးလေ ဗီဒိုနဲ့ကာတာပေါ့။ ကိုယ့်အရပ်ကြီးနဲ့ကျ ဗီဒိုထဲကို ခွေဝင်လို့မှ မဖြစ်ပဲ ဟီး ဟီး' စပ်ဖြီးဖြီးကြီး လုပ်နေသောKaiကိုLayက မျက်စောင်းတချက် လှမ်းထိုးပြီး 'တခန်းထဲနေရတယ်ဆိုပြီး ပေါက်ကရကြံစည်မယ် မစဉ်းစားနဲ့နော် Layအိပ်ယာဘေးမှာ လက်နက်ပုန်းအပြည့် ချထားတာ ဟောဒီမှာ ဓါး၊ ကပ်ကြေး၊ ၀က်အူရစ်၊ အပ် ပတ်ပတ်လည်ကိုထားတာ' 'ဟား ဟား ဟား Layရယ် ကိုယ်သာစိတ်ရှိတယ်ဆို အဲဒီလက်နက်တွေက ကိုယ့်အတွက်အေးဆေး၊ We got Married Exo Fanficလေ ချစ်မဖတ်ဖူးဘူးလား အဲဒီထဲမှာဆို xiuchenကြားမှာ ပူဖောင်းတွေချထားပေမယ့် ခိခိ မနက်ကျတော့လည်း ပေါက်သွားတာပဲ ဒါပေမယ့် Layအလိုမတူတာ ကိုယ်ဘာမှမလုပ်ဘူး စိတ်ချနော် ဟဲ' 'လုပ်လို့လဲ မရပါဘူး ဟောဒီမှာ ရှင့်အတွက်စောင်နဲ့ခေါင်းအုံး ရှင်ကစက်ရုပ်အစစ်မဟုတ်တော့ ဒါတွေလိုတယ်ယူထား' ထိုကဲ့သို့ ဆောင့်ဆောင့်အောင့်အောင့်နှင့် ပေးခဲ့သော်လည်း KaiမှာFeelတက်နေသေးသည်။ 'Layရဲ့လက်ကလေးက အရမ်းမွှေးတယ်ထင်တယ် ခေါင်းအုံးနဲ့စောင်မှာတောင် အနံ့စွဲကျန်ခဲ့တယ်' 'သြော် ဒါလား ခုနတုန်းက အိမ်သာတက်တော့ လက်ဆေးခဲ့တာ ဆပ်ပြာနံ့နေမှာပေါ့။ အနံ့ကြိုက်ရင် Kaiလည်းယူသုံးလေ' (အွင် လက်စသတ်တော့ အိမ်သာသုံး ဆပ်ပြာအနံ့ကြီးကိုး)
