MID အပိုင်း ၅

204 28 0
                                    

Baekhyunတစ်ယောက် ဗိုက်ဆာလာသဖြင့် ညသန်းခေါင်ယံအချိန်ကြီး ဟိုတယ်အခန်းထဲမှ ထွက်လာခဲ့သည်။ 'ဆာလွန်းလို့သာ ထွက်လာခဲ့တာ ဒီအချိန်စားသောက်ဆိုင်က ဖွင့်ပါ့မလားတောင် မသိဘူး။' ထိုအချိန်တွင် ရေကူးကန်ဘက်မှ လူတစ်ယောက်၏ ငိုသံလိုလို ကြားလိုက်ရသည်။ အချိန်ကလည်း ညသန်းခေါင်၊ မီးရောင်ကလည်း မှိန်ပြပြ၊ ပတ်ဝန်းကျင်ကလည်း လူသူကင်းမဲ့နေသော အခြေအနေကြောင့် Baekhyunမှာ ရှိသမျှအမွှေးတွေတောင် အကုန်ထောင်သွားသလိုပင်။ (ဆံပင်မွှေး၊ ခြေမွှေးလက်မွှေး) ထိုအခိုက် ငိုသံမှာသူနှင့် ပိုမိုနီးကပ်လာပြီး အရိပ်ရှည်ရှည်ကြီးတစ်ခု မြင်လိုက်ရသည့်အခါ 'အမလေး အရိပ်မည်းကြီး ငိငိ သရဲသရဲ ကယ်ကြပါဦးဗျ' Baekhyunမှာ အကြောက်လွန်သဖြင့် ခြေထောက်နှင့်တင်ပါး တသားတည်းကျအောင် ပြေးလေတော့သည်။ အမှန်တကယ်မှာ သရဲ၏အသံမဟုတ် Krisနှင့်Chanyeolတို့နှစ်ယောက် ပြန်ပေါင်းသည်ကို မြင်လိုက်ရသဖြင့် အသဲကွဲပြီး ဟိုတယ်ပြန်ရောက်သည့်တိုင် ထိုင်ငိုနေသော Tao၏အသံဖြစ်သည်။ သရဲဆိုသည့် အသံကြားသည့်အခါ ငိုနေသောTaoတောင် 'ဘာ သသသသရဲ အမလေး ကယ်တော်မူပါ' အသဲကွဲတာမေ့ပြီး လန့်ဖြပ်သွားသဖြင့် ရှေ့ကပြေးသော Baekhyun နောက်သို့ အသားကုန်ပြေးလိုက်လေ၏ သို့သော် Baekhyunမှာ သူ့နောက်သို့ သရဲလိုက်လာသည်အထင်နှင့် 'အိုးမိုင်ဂေါ့ သရဲကြီးက ငါ့နောက်ကို လိုက်လာတာလား။ သရဲဘွားဘွား ကျွန်တော်Baekhyunလေးကို ခွင့်လွှတ်တော်မူပါ' Baekhyunဆိုသော အသံကြားမှ နားလည်မှုလွဲသွားသည်ကို Taoသဘောပေါက်သွားသည်။ 'ဟင် အစ်ကိုကBaekhyunလား အာ ဘာသရဲဘွားဘွားလဲ နောက်ကိုသေချာ လှည့်ကြည့်လိုက်ပါဦး ပန်ဒါလေ မမှတ်မိတော့ဘူးလား။' Taoက ထိုသို့ပြောမှသာ Baekhyunမှာ မရဲတရဲနှင့် နောက်သို့လှည့်ကြည့်လေသည်။ 'သြော် ပန်ဒါ နင်ကဘယ်လိုလုပ် ဒီရောက်....' 'ပန်ဒါတို့က ဒီရောက်တာကြာပြီ ၀ူရှုးအဖွဲ့နဲ့ ဆီးဂိမ်းပွဲကို အားပေးဖို့လာတာ မနက်ဖြန် ညနေတောင် ပြန်တော့မှာ ဒါနဲ့အစ်ကိုBaekhyunကလည်း တကယ်ပါပဲ တိုက်ကွမ်ဒို ၀ူရှုး ကွန်ဖူးတို့ရဲ့ဘုရင် ဂျက်ကီချန်း ဂျက်လီ ဘရွတ်စလီတို့ရဲ့ဆရာကြီး အမှန်တရားဘက်တော်သား ထိုက်ချိ12သူရဲကောင်းကြီး Byung Baekhyunဆိုပြီး သရဲကြောက်ရလား' 'ဟဲ့ သရဲက သိုင်းကွက်ထုတ်လို့မှ မရပဲ ကြောက်ရတာပေါ့' 'ဟုတ်ပါပြီ ဟုတ်ပါပြီ ဒါနဲ့ အစ်ကိုကဒီကို ဘာကိစ္စရောက်နေတာလဲ မဟုတ်မှလွဲရော Hunhanတို့နောက်ကို လိုက်လာတာလား၊ Chanyeolနဲ့ ပါလာတာလား' '၀ါး ပန်ဒါလေးက မတွေ့ရတဲ့ အတောအတွင်း ဥာဏ်တွေ အရမ်းကောင်းလာတာပဲ ၂ခုစလုံးမှန်တယ်' 'အင်းလေ အစ်ကိုကChanyeolရည်းစား မဟုတ်လား' ' အာကွာ ဒီကိစ္စကို ရှင်းအောင်ပြောရရင် ဒီလို Chanyeolနဲ့ကိစ္စကလေ ငါသူ့ကို ထိုင်းရောက်မှတွေ့ခဲ့တာ၊ ငါကထိုင်းကို ဘုရင်ကြီးUknowရဲ့အမိန့်နဲ့ ရောက်နေတုန်းသူ့ကို လူဆိုးတွေဆီက ကယ်ခဲ့ရတာ၊ (မှတ်ချက်။ ။ Baekhyunမှာ ဘုရင်မိသားစု၏ ကိုယ်ရံတော်ဖြစ်သည်။ မင်းသမီးလေးLuLu၏ လုံခြုံရေးအတွက် ထိုကျောင်းတွင် ကျောင်းတက်နေရခြင်းဖြစ်သည်။) ထူးဆန်းတာက ပြန်ပေးဆွဲတဲ့လူက သူ့ရည်းစားတဲ့ အဲဒီChanyeolက တကယ်အံ့သြစရာကောင်းတာ သူ့ဘဲရဲ့နာမည်ကိုတောင် သေချာမသိဘူး၊ ကိစ္စအားလုံးပြီးသွားတော့မှ သူကသူမိဘတွေနဲ့ ဆက်သွယ်တယ် ပြီးတော့ငါ့ကို ထပ်ပြီးအကူအညီတောင်းတယ် သူနဲ့စေ့စပ်ထားတဲ့သူဆီကို ပို့ပေးပါတဲ့ အဲဒီလူနာမည်ကKris၊ Krisကသူ့ကိုအရမ်းချစ်ပြီး အနွံနာခံခဲ့တာတဲ့ ဒါတောင်သူကမိုက်မဲပြီး Krisကို ပစ်သွားမိလို့ သူဝဋ်လည်ပြီး ဒုက္ခကြုံရတာဖြစ်မှာတဲ့ သူမှားတဲ့အကြောင်းကို ၀န်ချတောင်းပန်ရင်းနဲ့ Krisကို သူကိုယ်တိုင်ကိုရီးယားကို ပြန်ခေါ်သွားချင်လို့တဲ့' Baekhyunပြောလိုက်မှ Taoပိုပြီး စိတ်ဓါတ်ကျသွားသည် (အဲဒီလိုဆိုတော့ သူတို့၂ယောက်က အရင်တည်းက ကြိုက်ခဲ့ကြတာပေါ့ သူငယ်ချင်းမှ မဟုတ်ပဲနဲ့ အဲဒါဆို ငါတော့ကျန်ခဲ့မှာ ကျိန်းသေနေပါပြီ) Baekhyunကတော့ Taoမျက်နှာပျက်သွားတာကို မမြင်လိုက်သဖြင့် သူပြောစရာရှိတာ ဆက်ပြောသည်။ 'ပိုထူးဆန်းတာက ငါ့နာမည်နဲ့ မှားသိတဲ့ကိစ္စပဲ ငါကဘယ်သူမို့လို့လဲ သူမတူတဲ့ သူရဲကောင်းကြီး Baekhyunလေ (နားထောင်နေရသော Taoတစ်ယောက် နားချဉ်နေလေ၏ သို့သော် အားနာသဖြင့် ဆက်နားထောင်နေရသည်) အဲဒါနဲ့ငါလည်း ကျန်ကျောင်းလိုဆက်ပြီး စုံစမ်းလိုက်တာ Chanyeolရဲ့ ရည်စားလူလိမ်က တခြားကျောင်းက သူကအစတည်းက Chanyeolကို ပြန်ပေးဆွဲပြီး Chanyeol မိဘတွေကို ငွေလိမ်တောင်းဖို့ စီစဉ်ထားတာ၊ ငါ့နာမည်သုံးပြီး လိမ်ရတဲ့အကြောင်းက အဲဒီလူဆိုးက Kaiရဲ့သူငယ်ချင်း ဖြစ်ခဲ့ဖူးလို့ပဲ' Baekhyunပြောသော ဇာတ်လမ်းကိုနားထောင်ရင်း အသဲကွဲနေသောTao မျက်စိလည်သွားသည် 'ဘယ်လို ဘယ်လို နားမလည်တော့ဘူး အစ်ကိုနဲ့Kaiက ဘာဆိုင်လို့လဲ ဟို...Hunhanတို့ကိစ္စကြောင့်များလား ဒါပေမယ့် မဆိုင်ပါဘူး အစ်ကိုကSehunကို ပြဇာတ်ကမယ့်နေ့အတွက်ပဲ ကူညီခဲ့တာ မဟုတ်လား ကျန်တာက သူတို့ဘာသာ ထွက်ပြေးသွားကြတာ မဟုတ်ဘူးလား။' 'သြော် ပန်ဒါလေးက ၀ူရှုးပြိုင်ပွဲသွားပြိုင်နေတော့ နောက်ပိုင်းကိစ္စကို သေချာမသိလိုက်ဘူးပေါ့ ငါနဲ့Hunhanတို့ကိစ္စက ဆိုင်တာပေါ့ကွယ် အင်း ငါဒါရိုက်တာလို့တောင် ပြောလို့ရတယ်၊ ဒါပေမယ့် ဇာတ်ညွှန်းရေးတဲ့သူက သပ်သပ်ရှိသေးတယ် ဘယ်သူလဲဆိုတာတော့ ပြောပြမနေတော့ဘူး နားထောင်ရင်းဆုံးဖြတ်ပေါ့ Hunhan ဇာတ်လမ်းရဲ့ နောက်ဆက်တွဲအမှန်က ဒီလို.....'

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin