MID အပိုင်း ၈

148 25 0
                                    


ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ထဲတွင် D.Oတစ်ယောက် ဒူးရင်းသီး၅လုံးနှင့် အလုပ်ရှုပ်နေသည်။ Suhoကတော့ အနားကနေ နောက်လျှက် 'ဒိုပြူးတို့များ မျက်လုံးကြီးသလောက် ဥာဏ်နည်းတယ်။ ဒီလောက်နံပြီး ဆူးပတ်ချာလည်ဝိုင်းတဲ့ အသီးကြီး၅လုံးကိုမှ အပြန်လက်ဆောင် ၀ယ်ရတယ်လို့ ခုတော့ လေဆိပ်ကလက်မခံလို့ ပစ်ခဲ့ရတော့မှာ မဟုတ်လား။' အသီးတွေနှမြောသဖြင့် စိတ်ညစ်ရတဲ့အထဲ အနားလာပြီး ပေါက်ပေါက်ဖောက်နေသော SuhoကိုD.O သည်းမခံနိုင်တော့ပါ။ 'ဒီမှာ ဇီဇာကြောင်တဲ့ ဦးလေးကြီး အသီးတွေမနိုင်ရင်လည်း မနိုင်ဘူးပြော ကူဆွဲစရာမလိုဘူး။ ဒူးရင်းသီးကိုတော့ မကောင်းမပြောနဲ့။' 'ဟာ ဟာ ဟ မနေ့ကမှ မြို့ထဲမှာစားဖူးတဲ့အသီးကို ဒီလောက်ဖြစ်စရာလား အဲလောက်တောင် စွဲလန်းရလား' 'စွဲလန်းတယ်စွဲလန်းတယ် ရှင်ကနံတယ်ဆိုပြီး မြည်းမှမကြည့်ပဲနဲ့ အရသာကို ဘယ်သိမလဲ။ ဒီမှာပြောလိုက်မယ် ကမ္ဘာဦးအစက အာဒံနဲ့ဧ၀ကြားမှာ ပန်းသီးကြွေမကျပဲ ဒူးရင်းသီးသာ ကြွေကျရင် ဘာဖြစ်မလဲသိလား' '၂ယောက်လုံး ဒူးရင်းသီးမှန်ပြီး သေမှာပေါ့ ဒီလောက်ဆူးတွေများတာ။ ဒါမှမဟုတ်လည်း ၂ယောက်လုံး နံတယ်ဆိုပြီး တစ်ယောက်တစ်နေရာစီ ထွက်ပြေးကြမလား အဲဒါဆို လူသားမျိုးနွယ်တောင် ဖြစ်လာမှာ မဟုတ်ဘူး။ တော်သေးတယ် သူတို့၂ယောက်ကြားမှာ ပန်းသီးပဲကြွေကျလို့။' D.Oကတော့ Suhoကို စိတ်ပျက်စွာကြည့်ပြီး 'ရှင်ဟာလေ ဖက်ရှင်တင်ပုံတုံးတာ မဟုတ်ဘူး။ အတွေးအခေါ်ပါ ဒိတ်အောက်တာ ဒီမှာ အာဒံနဲ့ဧ၀ကြားမှာ ဒူးရင်းသီးသာ ကြွေကျရင် ပန်းသီးသေးသေးလေးတုန်းကလို အရင်လုစရာမလိုဘူး။ အာဒံက အသီးကိုကြည့်ပြီး သုံးသပ်လိမ့်မယ် ဒီအသီးကလုလို့ အဆင်မပြေဘူး အန္တရာယ်များတယ်။ ဒီတော့ဧ၀နဲ့ ညှိနှိုင်းဖို့လိုတယ်။ ဧ၀ကလည်း စဉ်းစားလိမ့်မယ် ဒီအသီးကအနံ့တော့ပြင်းတယ် ဆူးကလည်းများတယ် မိန်းကလေးတွေရဲ့ သဘောသဘာဝက ရုပ်ဆိုးတဲ့ပစ္စည်းဆိုရင် ကြောက်တတ်လေ့ရှိတယ် ဒါပေမယ့် အထဲမှာ ဘာရှိသလဲ သူသိချင်တယ်။ အဲဒီတော့ ၂ယောက်စလုံးက အရင်ဆုံး ပြေလည်မှုရယူပြီး အသီးကို ခွဲကြည့်ကြတယ။် စူးစမ်းလေ့လာတတ်တဲ့ အကျင့်၊ အခက်အခဲ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ အကျင့်အပြင် ပူးပေါင်းဆောင်ရွက်တတ်တဲ့ အလေ့အကျင့်ပါ ရလာနိုင်တာပဲ။ နောက်ပြီး ခွဲပြီးရင်လည်း အသီးကကြီးတော့ ၂ယောက်စားလို့ဝတယ်လေ သူတို့၂ယောက် ပိုပြီးချစ်လာနိုင်မယ်ထင်တယ်။' Suhoကတော့ D.O၏ အတွေးအခေါ်များကို 'ဂေါက်ပါ့ကွာ မင်းပြောပုံအရဆိုရင် ပန်းသီးအစား ဒူးရင်းသီးသာ ကြွေကျခဲ့ရင် လူတွေက ဥာဏ်ပိုကောင်းပြီး ကမ္ဘာကြီးက ဒီထက်ပိုပြီး တိုးတက်နေမယ်ပေါ့။ Ahhhh ဒီလောက်တောင် ဒူးရင်းသီးကို ယုံကြည်မှုပြင်းပြနေရင် ဟိုဘက်မှာထိုင်နေတဲ့ အူကြောင်ကြောင်ပန်ဒါတို့ သူ့ဘာသာသူ Heroဆိုပြီး မြောက်ကြွ မြောက်ကြွဖြစ်နေတဲ့ Baekhyunနဲ့ လူရှေ့မရှောင် ချစ်ပြနေတဲ့Hunhanအတွဲ အဲဒါတွေကို သွားကျွေးလိုက်' 'ကျွေးမှာ ကျွေးမှာ ကိုယ့်သူငယ်ချင်းတွေပဲဟာ' D.Oက တကယ်သွားကျွေးသောအခါမှ Suhoမှာ (ဟင့် တကယ်သွားကျွေးတယ် ငါကဒီအတိုင်း ခံစားချက်ကို ပွင့်ပွင့်လင်းလင်း မပြောပြတတ်တာကို၊ ငါလည်း စားချင်တာပေါ့လို့ မဟုတ်ရင် အလေးခံပြီး သယ်ပေးမလား ခုတော့ငတ်ပြီ ဟိုဟာတွေကလည်း စားတာ မြန်လိုက်တာ မနေ့တည်းက ၀မ်းနှုတ်လာသလား မှတ်ရတယ်) ဤသို့ဖြင့် သူတို့အနားကို မယောင်မလည်နဲ့ သွားပြီး 'အဟမ်း အဟမ်း လူနည်းနည်းလေးနဲ့ အဲလောက်အများကြီးစားရင် ရောဂါတွေဖြစ်ကုန်လိမ့်မယ် အဲဒီလို အသီးမျိုးက မိသားစုလိုက်စားရတာ' စားချင်သဖြင့် စကားလမ်းကြောင်းခင်းနေသော Suhoစကားကို အကုန်လုံးက လျစ်လျူရှုထားကြသည်။ 'ဒီအသီးကလေ နံတယ်ဆိုပေမယ့်လည်း စားတော့ကောင်းမယ့်ပုံပါ' အဲဒီလိုပြောလည်း သူ့ကိုဂရုမစိုက်ကြသေးပါ။ သို့နှင့် မျက်နှာဆူပုတ်နေသော Suhoကို အားရပါးရစားနေသော Baekhyunကတော့ နည်းနည်းသနားလာပုံရသည်။ 'အစ်ကိုရယ် စားချင်ရင်ဝင်စားလိုက်ပါ အနားလာပြီး မျှော်မနေပါနဲ့ ကျွန်တော်မြိုမကျလို့' သူပြောမှTaoလည်း သတိပြုမိတော့၏ 'သြော် ဂလုဂလုဆိုတာ အစ်ကို Suhoရဲ့ တံတွေးမြိုချသံလား သိပါဘူး ဘာစက်ကမြည်နေတာလဲလို့ ကိုယ့်ကိုယ်ကိုအဲလောက် မညှင်းဆဲပါနဲ့ စားချင်ဝင်စားလိုက်' 'ဟာ ကျွန်တော်ကအဲလောက်ကြိုက်တာတော့ မဟုတ်ပါဘူး ဒါပေမယ့် ခေါ်နေတဲ့သူတွေ ရှိတော့လည်း အားနာလို့ဝင်စား...' 'အဲဒီလောက်မကြိုက်ရင်လည်း အပင်ပန်းခံပြီး ၀င်မစားပါနဲ့ တို့တွေပဲ စားလိုက်ပါ့မယ် ဒီလူတွေနဲ့ဆို မကုန်မှာမပူနဲ့' ပဲများသောSuhoကို D.Oအမြင်ကတ်သဖြင့် မကျွေးခြင်း ဖြစ်သည်။ (ဟင့် ရက်စက်လိုက်တာ D.Oရယ် ငါစားချင်နေတာကို သိရက်နဲ့.....အင် Chanyeolကြီးက ဘာပုံစံကြီးဖြစ်လာ ခွိခွိခွိ) Krisဘေးကနေ အတင်းလက်ချိတ်ပြီး ကပ်လိုက်လာသော Chanyeol၏ Airport ဖက်ရှင်ကြောင့် ဒူးရင်းသီးစားနေသောအဖွဲ့တောင် ပါးစပ်ထဲကနေ ဖူးကနဲ ပြန်အန်ထွက်သွားသည်။ မဖြစ်ပဲ နေရိုးလား သူ့ဘာသာသူ Visit Myanmar year က သားတော်ရုပ်လို ဆင်လာတာကိုး ပါးကွက်တောင်ပါသေး။ ထိုအခြေအနေကို သွက်လက်သော Baekhyunကတော့ မနေနိုင်သဖြင့် သွားမေးမိသည်။ 'ဒါ ဒါ Chanyeol ဟုတ်ပါတယ်နော်' Baekhyun၏မေးခွန်းကို Krisက၀င်ဖြေသည်။ 'ဟုတ်တယ် အဲဒါ Chanyeolအစစ်ကြီးပဲ အလှူခံမဏပ်က ထွက်ပြေးလာတဲ့ အရုပ်ကြီးမဟုတ်ဘူး' 'Oppaကလည်း သူများကOppaနဲ့လိုက်အောင် Airport ဖက်ရှင်ကို ဘယ်သူမှမ၀တ်တဲ့ဒီဇိုင်း ထွင်ပြီးဝတ်လာတာ လှတယ်မဟုတ်လား ကြက်တောင်၂ဖက်နဲ့ ပါးကွက်နဲ့ ဒီလိုဝတ်မှ မြန်မာနိုင်ငံရောက်ခဲ့မှန်း အမျိုးတွေကို ကြွားလို့ရတာပေါ့ yeolရဲ့ပုံစံက အရမ်းချစ်စရာ ကောင်းနေမှန်း ကိုယ့်ကိုယ်ကိုသိပါတယ် အာဘွားပေးချင်လဲ အောင့်ထားနော် ပါးကွက်ပျက်မှာစိုးလို့ ခိခိ' Chanyeol၏ မခို့တရို့အမူအရာကို မမြင်လိုသဖြင့် Krisမှာ လူမမာမျက်နှာပေးနှင့် ဟိုဘက်လှည့်သွားသည်။ လူရှေ့မရှောင် Hunhanအတွဲတောင် နားထဲခိုးလို့ခုလု ဖြစ်နေသည်။ 'သားတော်ရုပ်စတိုင်က ငါ့လုလုနဲ့ဆို တကယ်ကြည့်လို့ကောင်းမှာ ဒီအရှည်ကြီးနဲ့တော့ သိပ်အဆင်မပြေဘူး။' ဤသို့ ကိုယ့်အဖွဲ့နှင့်ကိုယ် ယောက်ယက်ခတ်နေသည့်ကြားထဲ JYPကြီးက Chanyeolကို အလှူခံအရုပ်မှတ်၍ ပိုက်ဆံလာထည့် သွားသေးသည်။ 'JYPမိသားစုမှ အလှူတော်ငွေ ၀မ်၁၀၀ကျပ်ပါ ခင်ဗျာ။'

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin