MID အပိုင်း ၂

407 36 0
                                    

Taoတို့က မြန်မာနိုင်ငံသို့ ရောက်နှင့်နေချိန်တွင် D.Oမှာတော့ လိုအပ်မယ်ထင်သည့် ပစ္စည်းများပင် ထည့်၍မပြီးသေး 'မဖြစ်ဘူး ဒီနေ့အပြီးထည့်မှဖြစ်မယ် ညနေတောင်သွားရတော့မယ် D.Oနင် မြန်မြန်လုပ်စမ်း' ထိုကဲ့သို့ ကိုယ့်ကိုယ်ကိုမောင်းတင်ကာ အသားကုန်ပြာယာခတ်လျှက် အလုပ်ရှုပ်နေလေ၏ အခန်းထဲမှာလဲ ရစရာမရှိအောင်ပွလျှက် 'အင်း ဘဲချောချောလေးနဲ့လည်း ချိန်းထားတာဆိုတော့ ပဲတော့များသွားမှ အာ ဟိုရောက်မှ တွေ့မှာပဲဟာ မလိုသေးပါဘူး။ အဟိ ရင်တောင်ခုန်တယ် ဘယ်လိုရုပ်လေး ဖြစ်မလဲသိဘူး ခွိခွိ'

Suhoမှာတော့ တက္ကစီငှားမရသေးသဖြင့် ဆူဆူပုတ်ပုတ်ကြီး ဖြစ်နေသည်။ 'တောက် ဒီနေ့မှကွာ ကားကပျက်ရတဲ့အထဲ Chenကလည်း အခုမှအကြွေးပြန်ဆပ်တယ်။ ဒီကောင်မို့လို့ ဒီလိုတက္ကစီရှားတဲ့ ရပ်ကွက်မှာနေတယ် ahhhhh အယ် လာပြီ ပြောရင်းဆိုရင်း တက္က..'ခက်ခက်ခဲခဲနှင့် အခုမှတွေ့ရသော တက္ကစီကိုငှားမည်ကြံကာမှ သူ့နောက်ဘက်မှ အသံတစ်သံထွက်လာသည်။ 'ဟိုး တက္ကစီ' ပြီးတော့ တစုံတယောက်က အရှိန်ပြင်းပြင်းဖြင့် သူ့ကိုဝင်ဆောင့်သည်။ 'ဒုန်းးးး' ပထမသူထင်လိုက်သည်က ကားတစီးစီးများ ၀င်တိုက်သလားလို့။ 'အမလေး သေပါဘီဗျ' အမှန်မှာ နောက်ကျနေပြီဆိုပြီး ပြာယာခတ်လာသောD.Oက ခရီးဆောင်အိတ်ကြီးဖြင့် ၀င်တိုက်ခြင်းဖြစ်သည်။ 'အယ် ဦးလေးကြီးမမြင်လို့နော် ဆောရီး' Suhoအဖို့တော့ တစ်ကိုယ်လုံးထုံနေတာတောင် ခုနက၀င်တိုက်တာကပင် အဓိကစိတ်ဆိုးစရာ မဟုတ်သေးပါ။ ဦးလေးကြီးဟုခေါ်တာမှသာ သူ့အတွက်တကယ့်စိတ်ဆိုးစရာ (တင်းတာပေါ့လို့) 'ဘာာာ ဦးလေးကြီး ဒီမှာ ဒီလောက်ငယ်ရွယ်နုပျို ချောမောလှပတဲ့ ကောင်လေးရုပ်ရည်နဲ့ ဦးလေးကြီးဘယ်မှာရှိလို့လဲ။ မူကြိုကျောင်းသူတွေကတောင် ငါ့ကိုOppaခေါ်တာ မင်းကမူကြိုထက်ငယ်တဲ့အရွယ်လား ahhh တကယ်ပဲ မျက်လုံးကကြီးသလောက် အမြင်ကမရှိဘူးပဲ အဲဒါကြောင့် ငါ့ကိုဝင်တိုက်တာကိုး။' Suhoကသူ့ကို မရပ်မနား ရန်တွေ့နေသဖြင့် ဘာမှပြန်မပြောနိုင်ပဲ D.Oမှာမျက်လုံးအပြူးသား ဖြစ်နေရာမှ 'အမလေး အမလေး ကြောက်စရာကောင်းလိုက်တာ ယောက်ျားကြီးတန်မဲ့ ရန်တွေ့လိုက်တာ ကက်ကက်ကိုလန်နေတာပဲ ကားဆရာရေ အမြန်သာမောင်းပေတော့' ကားပေါ်ဦးအောင် အမြန်တက်ပြီး ပြေးလေ၏ 'ဟား ဟား ပြူးစိန်လေးတော့ ငါ့ကိုကြောက်လို့ထွက်ပြေး အဲ အဲဒါငါအရင်ငှားတဲ့ကားပဲ ဟေ့ အခုချက်ချင်းရပ်.....' သို့သော် နောက်ကျသွားချေပြီ အမြန်မောင်းသွားလိုက်တာ အမြီးရှိလျှင်တောင် မမြင်ရနိုင်တော့......

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin