MID အပိုင်း ၇

157 26 0
                                        

ဤစားသောက်ဆိုင်လေး၏ ၀န်းကျင်အခြေအနေမှာ တင်းမာလျှက်ရှိသည်။ အဘယ်ကြောင့်ဆိုသော်.... ဆိုင်ခေါင်မိုးပေါ်တွင် ကြောင်နှစ်ကောင်က အသည်းအသန်ကိုက်လျှက်၊ ဆိုင်၏တီဗွီတွင် လာနေသော ဇာတ်လမ်းက ချစ်တစ်ပွဲစစ်ပွဲတစ်ရာ၊ ဆောင်းဘောက်ကဖွင့်ထားသော သီချင်းမှာလည်း Exo၏Growl၊ ထိုအခြေအနေများထက် ပို၍ပြင်းထန်သည်ကား စားပွဲတစ်ဝိုင်းထဲတွင် အတူတူထိုင်နေသော်လည်း မျက်လုံးချင်းဖိုက်နေသည့် Krisနှင့်Baekhyun။ ဤကဲ့သို့ ဖြစ်လာရသည့် အကြောင်းအရင်းမှာ ယနေ့ မနက်ခင်းကတည်းက ဆိုင်ထဲတွင်Krisနှင့်Chanyeolက ရောက်နေကြသည်။ လူကြီးတွေက သူတို့ကိစ္စကို စီစဉ်အပြီးဖြစ်နေသဖြင့် Krisမှာစိတ်ဖိစီးပြီး မနက်စာပင် မစားနိုင်။ သို့သော် Chanyeolကတော့ မည်သို့ပင် သူအခက်ခဲကြုံခဲ့သော်လည်း နောက်ဆုံးတွင် ငယ်ချစ်နှင့်တော့ ပေါင်းရသေးသည်ဆိုပြီး ပျော်နေပုံရသည်။ ထို့ကြောင့် Krisကို ဘေးကနေ တခုပြီးတခု ခွံ့ကျွေးလျှက် 'Oppaကလည်း စားလေ YeolYeolခွံ့ကျွေးနေတာကို အွန့်အွန့်' 'စားစရာရှိတာ ကိုယ့်ဘာသာကိုယ် စားစမ်းပါကွာ ငါစားချင်စိတ်မရှိဘူး' ထိုအချိန်တွင် ပုံပြင် ပြောရတာမောသဖြင့် ဗိုက်ဆာနေသော Baekhyunနှင့်Tao ဆိုင်ထဲသို့ဝင်လာသည်။ Baekhyunတို့ကို Chanyeolမြင်လျှင် 'ဟယ် ပန်ဒါနဲ့သူရဲကောင်းကြီးပါလား နင်တို့၂ယောက်က ဘယ်လိုတွဲမိ... လာပါ ဒီမှာ ငါတို့နဲ့လာထိုင်' Krisyeolစုံတွဲကို တွေ့ရသဖြင့် Taoမျက်နှာ ပျက်သွားသည်။ (သြော် ဒီလိုကြည့်တော့လည်း သူတို့၂ယောက်က တကယ်လိုက်တာပဲ ငါကိုကအလိုက်မသိပဲ ကြားထဲက ၀င်ရှုပ်သလိုဖြစ်တာ) Krisမှာတော့ စတွေ့ခြင်းTaoကို အားနာမိနေသော်လည်း ဘေးတွင်Baekhyun ပါလာသည်ကို တွေ့သောအခါ သ၀န်တိုသော စိတ်များဝင်လာလေ၏ (ဒီကောင်ကဘာလဲ ဘာလို့ပန်ဒါနဲ့အတူ ရှိနေရတာလဲ မောင်နှမလား ရုပ်လည်း မတူပါဘူး ဘယ်လိုခင်တာမျိုးလဲ ရိုးရောရိုးရဲ့လား ဟွန်း ပုံစံကိုက စာကလေးသာသာ မူကြိုကျောင်းသား အရွယ်ကများ) Krisကြီးတင် ထိုသို့စိတ်ထဲက ဖြစ်နေသည်မဟုတ် Baekhyunကလည်း (ဒီဘဲကြီးက ဘာလဲကွ ဘေးမှာChanyeolလို ရည်းစားလန်ဘားကြီး တစ်ယောက်လုံး ရှိနေလျှက်နဲ့ ပန်ဒါကိုဘာလို့ အဲဒီလောက် ကြည့်ရတာလဲ ရုပ်ကိုကစပိန်လိုလို ပေါ်တူကီလိုလိုနဲ့ လူရှုပ်ကြီးလား မသိဘူး။ ငါရဲ့ဆရာတူညီမကိုများ ဒင်းက ရာရာစစ) ထို၂ယောက်၏ အခြေအနေများကို တလွဲထင်နေသူလည်း ရှိသေးသည်။ ထိုသူက Chanyeol (ဟင် Krisနှင့်Baekhyunက ဘယ်လိုပုံစံ ဖြစ်နေတာလဲ Krisကြီးက ငါ့ကိုသ၀န်တိုနေတယ်နဲ့ တူပါတယ် ခွိခွိ ဟိုသူရဲကောင်းကြီးလည်း ငါ့ကိုတခါလေး ကယ်ဖူးတာနဲ့ တစ်ဖက်သတ် စိတ်ကူးယဉ်နေတာလား မသိပါဘူး။ အေးလေ ငါကလည်း အရမ်းလှတာကိုး နောက်ဆုံးတော့ လှပခြင်းရဲ့အပြစ်ပါပဲ) ဤကဲ့သို့တွေးလျှက် ပဲများပြီး အချဉ်ပန်းကန်ထဲမှ ငရုတ်သီးစိမ်း တစ်တောင့်ပြီးတစ်တောင့်ကို sexy poseဖြင့် (စပ်လို့စပ်မှန်းပင် မသိပဲ) စိမ်ပြေနပြေ၀ါးပြနေလေ၏ ဤသည်ကိုပင် Taoကအားကျနေသေးသည်။ (Waa သူကစတိုင်ကျလိုက်တာ အဲဒီလိုအစပ်တွေ စားနိုင်လို့လဲ သွက်သွက်လက်လက် ဖြစ်နေတာဖြစ်မယ်။) အမှန်မှာ Krisနှင့်Baekhyunတို့က လှလှပပ ၀တ်စားဆင်ယင်လျှက် super sexyလုပ်ပြနေသော အလှပဂေး Chanyeolကို လုနေခြင်းမဟုတ်ပဲ။ ၀ူးရှုးအားကစားဝတ်စုံကြီးဝတ်ပြီး အသဲကွဲသည်ဆိုကာ ခေါင်းပင်မဖြီးသော အူကြောင်ကြောင်ဒီဇိုင်းလေး သူ့ကိုသာလျှင် ကြိုက်နေကြသည်ကို ပန်ဒါခမျာ မသိရှာ။ သို့သော် ဆိုင်ထဲသို့ Hunhanစုံတွဲဝင်လာသည့်အခါ သူတို့အားလုံး အာရုံပြောင်းသွားကြသည်။ 'ဟင် Oh Sehun မင်းသမီးLuLu..' Baekhyunကို မြင်လျှင်ဖြင့် Hunhanတို့မှာ ဆိုင်ထဲမှပြန်ပြေးသွားကြသည်။ 'မပြေးပါနဲ့ လိုက်ဖမ်းတာမဟုတ်ဘူး ခဏနေပါအုံး' Baekhyun စကားကို Hunhanတို့မယုံ ပြေးမြဲသာပြေး၏ ထို့ကြောင့် Baekhyunမှာ သူ့သိုင်းအစွမ်းဖြင့် နှစ်ယောက်လုံးကို အချိန်တိုအတွင်း ပြေးလွှားခုန်အုပ် ဖမ်းဆီးလိုက်ရ၏ ပြီးမှဆိုင်ထဲသို့ ပြန်ခေါ်လာခဲ့သည်။ 'တွေ့တယ်နော် ချစ်သူကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတာ ခုလိုသွက်လက်ဖြတ်လတ်မှဖြစ်မှာ ပျင်းရိပျင်းတွဲနဲ့ ဓါတ်တိုင်လို အရပ်က သိပ်အသုံးမ၀င်ဘူး' Krisကိုစောင်းချိတ်ပြီး ပြောခြင်းဖြစ်သည်။ ပြဿနာဖြစ်မှာစိုးသဖြင့် Chanyeolမှာ Krisကိုတခြားနေရာ ခေါ်ထုတ်သွားသည်။ 'လာပါOppaရယ် OppaကYeolအချစ်ကိုရပြီးသားပဲ သူနဲ့ဖက်ဖြစ် မနေနဲ့တော့နော်' Krisမှာ မကျေမနပ်နှင့် ယက်ကန်ယက်ကန် ပါသွားသည်။

Miracle in DecemberHikayelerin yaşadığı yer. Şimdi keşfedin