Suhoနှင့်Layတို့၏ မင်္ဂလာပွဲမှာအင်မတန်မှပင် ခန်းနားထည်ဝါလှသည်။ Suhoတို့အိမ်၏ အရှိန်အ၀ါကြောင့် ဂုဏ်သရေရှိဧည့်ပရိတ်သတ်များမှာလည်းခန်းမကြီးတစ်ခုလုံးတွင် အပြည့်အလျှံ။ အားလုံးကလည်းခန့်ညားလှသောသတို့သားSuhoနှင့် ကြွေရုပ်တစ်ရုပ်လိုလှပသည့် သတို့သမီးLayတို့မှာမည်မျှပင်လိုက်ဖက်ကြောင်းကိုချီးမွမ်းပြောဆိုနေကြ၏Chenကတော့ ဤမင်္ဂလာပွဲကြောင့် အဆင်မပြေပါ။ အဘယ့်ကြောင့်ဆိုသော် သတို့သားအရံမှာSuhoသူငယ်ချင်းဖြစ်သည့်Krisနှင့် သတို့သမီးအရံXiuminတို့ကိုတွဲရက်သူမမြင်လို။သ၀န်တို သဖြင့်တော့ မဟုတ်ပါ။ (ဟွန့် ဘယ်ပိစိကွေးဦးနှောက်ကများအကြံပေးလိုက်လဲမသိပါဘူး။ အဲဒီဓါတ်တိုင်နဲ့ ယှဉ်ရပ်မှတော့ ငါ့ပေါက်ဆီလေးမှာကုလားမခြေထောက်ကြီးစီးထားရတာပေါ့။ အခုတော့ သတို့သမီးအရံနဲ့ မတူတော့ပဲ ကြိုးတန်းပေါ်လျှောက်တဲ့ ဂျွမ်းဘားမယ်ကျနေတာပဲ။ သူခမျာလမ်းလျှောက်နေရတာလက်ကြီးကဆန့်တန်းပြီးမျက်လုံးကိုပြူးလို့။ ဘုရားဘုရားလဲမယ် ပေါက်စီလေးfighting)Kaiကတော့ ထိုခမ်းမ၏ မလှမ်းမကမ်းနေရာကနေခပ်ကွယ်ကွယ်နှင့် ကြည့်နေသည်။ ဤနေရာကိုသူဘယ်လိုရောက်လာသည်ကိုပင် သူမသိဘာကြောင့် မျက်ရည်တွေကျလာသည် ကိုလည်းမသိပါ။ တဖြည်းဖြည်းကိုယ်တွင်းကလီစာအားလုံးပါ နာလာသလိုခံစားရပြီးသူလဲကျသွားသည်။ 'Kai' D.Oစိတ်မချသဖြင့် နောက်ကလိုက်လာခဲ့ရာဤမြင်ကွင်းကို မြင်လိုက်ရခြင်းဖြစ်သည်။ ဘေးကလူများက ၉၁၁ကိုခေါ်ပေးကြသည်။ Kaiကိုကြည့်ရင်းD.Oသူ့လုပ်ရပ်အပေါ် သူနောင်တရမဆုံး ဖြစ်ရသည်။ (D.O နင်လုပ်ချင်တာလုပ်လိုက်ရတော့ နင်ပျော်သလား။ အခုတော့ Kaiကနင့်ကြောင့် ဒုတိယအကြိမ် နာကျင်ခံစားရပြီ။ ဒါကနင်လိုချင်တဲ့ ရလဒ်လား။မဟုတ်ဘူး…ငါကအမြဲတမ်း Kai အကျိုးကိုလိုလားတဲ့သူအမြဲသူ့ဘက်ကရပ်တည်ပေးခဲ့သူပဲ။ သူနာကျင်ခံစားရအောင် ငါမလုပ်ရက်ဘူး။ ကျေးဇူးပြုပြီးမိုးနတ်မင်းကြီးရယ် Kaiကိုအဆင်ပြေသွားအောင်သာလုပ်ပေးပါ။ အချိန်တွေကိုရွှေ့လို့ရရင် ပြန်ရွှေ့ပေးပါ။ အဲဒီအတွက် D.Oဘာမဆိုပေးဆပ်နိုင်ပါတယ်။)'နင် တကယ်ပြောတာလား' D.Oဆုတောင်းကို ဖြည့်ပေးရန် ရောက်ရှိလာသူမှာမိုးနတ်မင်းကြီးမဟုတ် ဘယ်အိန်ဂျယ်မှလည်းမဟုတ် Taoဖြစ်နေသည်။ 'ပန်ဒါ နင် ဘယ်လိုလုပ်….' 'နင်ဆန္ဒရှိရင် ငါအချိန်ကို ပြန်ရွှေ့ပေးလို့ရတယ်။ နင့်ဆုံးဖြတ်ချက်ကြောင့် အနည်းဆုံး လူ၃ယောက် ပျော်ရွှင်ရလိမ့်မယ်။ ဒါပေမယ့် နင်Kaiကိုတော့ လက်လွှတ်ရလိမ့်မယ် သဘောတူသလား……' 'ဒီလိုလုပ်ရင် Kaiပျော်ရွှင်နိုင်တယ် မဟုတ်လားသဘောတူပါတယ်။'Taoကသူ့ကုတ်အကျီင်္အိတ်ထဲကရှေးဟောင်းအိတ်ဆောင်နာရီလေးကိုထုတ်လိုက်ပြီးလက်တံကိုနောက်ပြန်လှည့်လိုက်၏ သူ့ဘေးမှာတင် နာရီပေါင်းများစွာကအဖြစ်အပျက်များစွာနောက်ပြန်လည်သွားသည်။ ထို့ကြောင့် ခေါင်းမူးသလိုဖြစ်သွားသဖြင့် မျက်စိမှိတ်ထားလိုက်သည်။ အမူးပြေသွားမှ မျက်စိဖွင့်ကြည့်လေသော် 'ဟဲ့ ပလုတ်တုတ် လန့်လိုက်တာKaiနင်ဘာလို့ ငါ့ကုတင်ဘေးမှာငုတ်တုတ်ကြီးထိုင်နေတာတုန်း။''အမပဲ ကျွန်တော့နာမည်ကိုအကျယ်ကြီးအော်ခေါ်ပြီးတော့၊ ကျွန်တော်တို့တောင် လန့်နိုးပြီးဘာများဖြစ်တာလဲလို့ အမပုံကချွေးစီးတွေလည်း ပြန်လို့ အဲ့တော့မှ ယောင်ပြီးအော်နေမှန်းသိတာအခုပန်ဒါရေခဲသွားယူနေတယ်။' 'ဟမ် ငါအိမ်မက်မက်နေတာလားအခုဘယ်ရောက်သွားပြီလဲဟင် ငါမမှတ်မိလို့' D.OပြောသောစကားများမှာKaiအတွက်တော့ နားမလည်နိုင်။ 'အာဖျားနေတာကျိန်းသေတယ် သူ့ကိုဆေးရုံပို့ရင် ကောင်းမလား။' 'ခဏလေးမေးပါရစေဦးနင်Layကိုမှတ်မိသွားပြီလားဟင်။' 'ဗျာLayကိုဘယ်တုန်းကမေ့သွားလို့လဲမနေ့ကကလေးကယ်ရင်းပလက်ဖောင်းနဲ့ ဆောင့်မိတာကအတိတ်ကိုပြန်ပြီးတော့ပဲသတိရသွားတာပါ တခြားဘာမှထိခိုက်သွားတာမရှိဘူးလို့ ဆရာဝန် ပြောထားတယ်လေ။အင်းLayနဲ့ကိစ္စကသူ့အဖေကြီးကသဘောမတူတာပဲ ပြဿနာရှိတယ်။ အဲဒါလဲသိပ်တော့မစိုးရိမ်ပါဘူး။ သူတို့သဘောတူလှချေဆိုတဲ့ Suhoကြီးကငါတို့D.Oကို ကြိုက်နေတာပဲဟာ' Kai ပြောသမျှကိုD.Oကမှုန်တေတေလုပ်ပြီးနားထောင်သည်။ (ဘာငါကနောက်ဆုတ်ပေးရတဲ့အပြင် Suhoကိုပါ သူတို့အနှောက်အယှက်ကင်းအောင် ယူပေးရမယ့်သဘောပေါ့ ဟင်းဟင်းဟင်းငါဒေါသတွေထွက်လာပြီခုနအိမ်မက်မဟုတ်ပဲတကယ်သာဖြစ်ခဲ့ရင် ပန်ဒါဆီမှာအိတ်ဆောင်နာရီရှိမလားမသိဘူး။ အားငါရူးချင်လာပြီအားလုံးလည်းအဆင်ပြေ ငါ့ကိုလည်းအသေကြွေတဲ့ Suhoကြီးကိုပဲဒီအတိုင်းယူလိုက်ရမလား။)သူထိုသို့ စဉ်းစားခန်းဖွင့်နေတုန်းမှာတင် သူတို့အိမ်ကိုSuhoတစ်ယောက် ဖိတ်စာကိုင်လျှက် ရောက်လာလေသည်။ D.O မှာတော့ ထိတ်ထိတ်ပြာပြာ ဖြစ်လျှက် 'ဟင် ဖိတ်စာရှင်Layနဲ့ မင်္ဂလာဆောင်တော့မှာလား။''မစိုးရိမ်ပါနဲ့ အမေ့ကိုပြောပြီးသားကမ္ဘာပေါ်မှာမျက်လုံးအကြီးဆုံးချွေးမကိုအိမ်အပါ ခေါ်လာမှာမို့လို့ Layနဲ့ကိစ္စကို ငြင်းပါတယ်လို့ ဟီး' Suhoစကားကြားလေသော် Kaiမှာအပျော်လုံးဆို့သဖြင့် 'ဟေးဒါမှငါ့ရွှေယောက်ဖကွ' သူ့ခန္ဒာကိုယ်ကြီးနှင့် Suhoပေါ်သို့ ခွတက်လေတော့သည်။ 'အမလေးအသက်ထွက်တော့မယ် ဆင်းပါတော့' 'ဒါနဲ့ ဖိတ်စာကဘယ်သူ့ဟာလဲ'D.Oမေးတော့မှ Suhoသူလာရင်းကိစ္စကိုသတိရသွားတော့သည်။ 'အားဟုတ်တယ် အခြေအနေမကောင်းတော့ဘူး။ Krisနဲ့Chanyeolကိုလာမယ့်တနင်္ဂနွေနေ့မှာမင်္ဂလာဆောင် ပေးတော့မယ်တဲ့ အခုKrisကိုအပြင်မထွက်အောင် သူ့အခန်းထဲမှာသော့ပိတ်ပြီး ချုပ်ထားတယ်ကြားတယ်' 'သြော်အကျယ်ချုပ်ပေါ့' အရေးထဲKaiက၀င်ပြီး လျှာရှည်နေခြင်းဖြစ်သည်။ ထို့ကြောင့် D.O တံတောင်နှင့် တွတ်ပြီးသတိပေးလိုက်ရသည်။ 'ငါဝင်ပြီးတွေ့ချင်တယ် ပြောတာတောင် သူ့အမေကပေးမတွေ့ဘူး။သူတို့ အိမ်မှာလည်းအစောင့်တွေချထားတာအများကြီးပဲမင်းသမီးLuLuနန်းဆောင်ထက်တောင် လူများသေး''သြော် မင်းသမီးLuLuအဆောင်မှာအစောင့်နည်းတာအဆန်းလားသူနဲ့Sehunကအချိန်ပြည့် လူရှေ့မရှောင် ချစ်ပြနေမှတော့ သူ့နန်းတွင်းသူတွေလည်းအားကျပြီးအင်း…တစ်ယောက်ပြီးတစ်ယောက် ထွက်သွားတာပေါ့ဒါနဲ့ဘယ်လိုလုပ်ကြမလဲငါတို့အဖွဲ့သာ ၀င်မကူရင် Krisနဲ့ပန်ဒါ တကယ်ဝေးမှာ'D.Oတို့ပြောနေသောစကားကို တံခါးအ၀မှာ ရပ်နားထောင်နေသောTaoမှာကိုင်ထားသောရေခဲဘူးလေးတောင်ကျကွဲသွားသည်။ 'ခွပ်'
Baekhyunအဖို့ Krisနဲ့Chanyeolတို့ မင်္ဂလာပွဲမှာနီးသထက်နီးလာပြီ ဖြစ်သဖြင့် စိတ်တမျိုးအေးရသလို ဖြစ်သော်လည်းD.Oတို့အဖွဲ့ ခြေငြိမ်နေခြင်းကိုသူမသင်္ကာမုန်တိုင်းမလာခင် လေငြိမ်နေခြင်းဖြစ်မည်ဟုသာသူတွေးမိသည်။ သူ့လိုပင် Chanyeolလည်းတွေးမိ၏ သို့သော် Chanyeolမှာ ဖြတ်ထိုးဥာဏ်ကောင်းသူပီပီသူတို့အစီအစဉ်ကိုပါ မှန်းဆမိသည်။ မင်္ဂလာပွဲမတိုင်ခင်တွင် ဤအစောင့်အနေအထားအရအိမ်အပြင်ဘက်သို့ Krisလုံးဝ ထွက်၍ရမည်မဟုတ်။ မင်္ဂလာပွဲတွင် လှုပ်ရှားမည်ဟုသာသူတထစ်ချ ယုံကြည်သည်။ မည်သို့ စီစဉ်နိုင်သည်ကိုတော့ သူမတွေးမိထို့ကြောင့် Baekhyunကိုသူဖုန်းခေါ်လိုက်သည်။ Baekhyun၏ ဖုန်းလာနေသဖြင့် ဘေးတွင်အတူထမင်းစားနေသောSehunရုတ်တရက် လှမ်းကြည့်လိုက်မိသည်။ Chanyeolဆက်သည်ကိုသူမှန်းဆမိသဖြင့် Sehunကလူမသိသူမသိကျိတ်ပြုံးသည်။ 'မင်္ဂလာပွဲကအရမ်းနီးနေမှန်းငါသိတယ် ငါလည်းမင်းလိုပဲခံစားမိတာပဲခဏငါအပြင်ထွက်ပြောအုံးမယ်'Sehunတွေးမိသည်က (သြော် သူ့ချစ်သူကတခြားသူနဲ့ လက်ထပ်တော့မှာဆိုတော့ အစ်ကိုတကယ့်ကိုဒုက္ခရောက်နေတာပဲသူ့အလှည့်မှာ ငါပြန်ကူညီရမယ်။အစ်ကိုစိတ်ချ အစ်ကို့ကောင်မလေးနဲ့ မဝေးရအောင် ဒီကSehunကကူညီအုံးမှာ….)
Baekhyunမှာမင်္ဂလာခမ်းမသို့ ရောက်ရောက်ခြင်းသူရှာဖွေမိတာကအစောင့်များလက်ကလွတ်နိင်မည့် ထွက်ပေါက်။ အမှန်တော့ ဤခမ်းမမှသာထွက်ပြေးလျှင် သူ့အတွက်တားဆီးရတာလွယ်ကူသည်။ hunhanတို့ တုန်းကလည်းသူနဲ့ဦးရီးတော်Changminတို့ ထွက်ပြေးဖို့ စီစဉ်ခဲ့သည်မှာဤပုံစံအတိုင်း။ (ဟွန်းBaekကိုများလာစမ်းနေတယ် ဒါမျိုးအံတိုနေပြီ။)သို့သော် ထိုအကြောင်းပြောရန် ခက်နေသည်ကChanyeolဖုန်းကခေါ်လို့ပင်မရ (အားဒီလန်ဘားကအရေးအကြောင်းဆိုဆက်သွယ်မရဘူး။ဖုန်းကိုများဖင်ခုထိုင်ထားတာလား)အမှန်မှာChanyeol၏ဖုန်းမှာအိမ်တွင်ကျန်ခဲ့ခြင်းဖြစ်သည်။ ဖုန်းမလိုဟုသူယူဆသဖြင့် တမင်ထားခဲ့သည်။ သူတွေးမိတာတစ်ခုရှိသဖြင့် သတို့သမီးဝတ်စုံတောင် မလဲပဲ။ သူ့ကိုယ်သူ Tao၀တ်နေကျ အကျီပုံစံအတိုင်း ၀တ်စားထားသည်။ (Yaa…. IQ 130 Park Chanyeolဟဲ့ သူတို့အကြံငါသိပြီးသားပန်ဒါရယ် နင်တို့တစ်ဖွဲ့လုံးပေါင်းရင်တောင် ငါ့ဥာဏ်တစ်စိတ်မမီပါဘူး။ မင်းသမီးLuLuနဲ့Sehunခိုးပြေးတဲ့ပုံစံအတိုင်းနင်တို့ကြံမလို့ မဟုတ်လား။ တွေ့မယ် Krisကြီးနင်ငါ့ကိုပန်ဒါထင်ပြီးမှားခိုးသွားစေရမယ်။ နောက်ဆုံးတော့ နင်ငါနဲ့ပဲညားမှာပါ)ရုတ်တရက် မီးခိုးများထလာသည်။ (အင်းစတော့လှုပ်ရှားပြီမီးခိုးတွေနဲ့ဆိုတော့ ငါ့မျက်နှာကိုဘယ်သူမှန်းသိပ်ခွဲနိုင်မှာမဟုတ်ဘူး။)Chanyeolသူ့မျက်နှာကိုခပ်အုပ်အုပ်လေးနေလိုက်၏ ထိုအချိန်မှာပင် အခန်းထဲသို့ မျက်နှာအ၀တ်မဲ စည်းထားသောသူတစ်ယောက် ၀င်လာပြီး 'ဟင် ပန်ဒါ ထင်သားပဲနင်ဒီရောက်နေမယ်မှန်းလာလိုက်ခဲ့ မီးခိုးမွှန်မယ်'သူကိုလာခေါ်သောသူမှာ D.O Suhoတစ်ယောက်ယောက်ဖြစ်မည် လက်လေးကသေးသေးလေး။ မည်သို့ပင်ဆိုစေပန်ဒါဘက်တော်သားများထဲကပင် ဖြစ်မည်။ သူခေါ်ရာအတိုင်းသာလိုက်လျှင် Krisကြီးကိုကျိန်းသေပြန်မိမည်။ ထို့ကြောင့် ဘာမှပြန်မပြောပဲအသာလေးငြိမ်ပြီးလိုက်သွားသည်။ Baekhyunစိတ်ထဲတွင်တော့ (ပန်ဒါလက်ကလေးကဒီလိုတော့လည်းပျော့ပျောင်းသားဟခိ။ ငါသင်္ဘောကိုအရင်တွေ့ပေလို့ပေါ့ကွာ။ တွေ့မယ် တွေ့မယ် ငါ့ပန်ဒါကိုမျက်နှာဖြူကပြားနဲ့ အောင်သွယ်တဲ့ကောင်တွေ မင်းတို့ ပိုက်ဆံနဲ့ ငါမိန်းမခိုးပြီဟေ့)ထို့ကြောင့် သင်္ဘောပေါ်တက်ကာမောင်းထွက်သွားတော့သည်။ ထွက်သွားသူမှာ အားကစားဝတ်စုံပုံစံဖြစ်သဖြင့် အစောင့်များကလည်းမတားကြပါ။ Chanyeolအတွေးတွင်သာ (ဟင် ဘာလို့ ငါ့ကိုသင်္ဘောပေါ် ခေါ်သွားတာပါလိမ့် မဟုတ်မှလွဲရောKrisကြီးကကမ်းခြေတစ်ခုမှာစောင့်နေမှာများလားဟိ)
အမှန်မှာBaekhyunနှင့် Chanyeolထင်သကဲ့သို့ မီးခိုးလုံးများထွက်လာခြင်းမှာလုပ်ဇာတ်ထွင်ခြင်းမဟုတ်။ ဘေးတိုက်မှ အမှန်တကယ်ပင် မီးလန့်သွားသဖြင့်မီးခိုးတွေထွက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ခန်းမရှိလူများကိုယ့်အစီစဉ်နှင့်ကိုယ် ဒီအတိုင်းပြေးထွက်လာကြသည်။ ထွက်လာသူများတွင် သတို့သမီးမပါပါ။ Chanyeol၏ မိဘများတောင်သူ့ကိုမတွေ့သဖြင့် ပြာယာခတ်နေချေပြီ။ 'ဟယ် လုပ်ကြပါဦးငါတို့yeolလေးပျောက်နေလို့' မီးခိုးများရှင်းသွားသည့်တိုင် Chanyeolကိုတော့ ရှာမတွေ့။ သံသယဖြစ်စရာကား သတို့သမီးဝတ်စုံမှာ ဒီအတိုင်း ဖြုတ်တောင်မဖြုတ်ရသေး။ ပြီးတော့ စာတစ်စောင်လည်းတွေ့ရသည်။ 'အဖေတို့ yeolကိုလုံးဝ စိတ်မပူနဲ့နော် yeolကိုကိုနောက်ပဲလိုက်သွားတာပါ။ဥာဏ်ကောင်းလိုက်တဲ့ သမီးလိမ္မာလေးလို့ ပါးစပ်ကပဲမချီးကျူးနဲ့နော် ဆုချဖို့လည်း ပြင်ထားပါအုံး။ပုံချစ်စရာအကောင်းဆုံးသမီးလေးyeolyeol'ထိုအချိန် Chanyeolအဖေမှာအသားကုန်ဒေါသထွက်လျှက် 'တောက် နိုင်ငံခြားမှာ ပြဿနာတက်ခဲ့လို့ နောင်တရပြီးလိမ္မာမယ်မှတ်တယ် ဒင်းကအကျင့်ကိုမပျောက်ဘူးဘယ်ကကိုကိုနောက် လိုက်သွားလဲမသိပါဘူး။'Krisအမေမှာလည်းထိုပွဲကိုစီစဉ်မိသည့်အတွက် နောင်တရလို့ပင်မဆုံး 'ငါ့မှာတော့ သူနဲ့ပေးစားဖို့ သားအရင်းကိုတောင် တစ်ပတ်လောက် အခန်းထဲမှာသော့ပိတ်ပြီး ချုပ်ထားခဲ့ရတာ။ အခုတော့ ရှက်လိုက်တာ….ပန်ဒါမျက်နှာကိုတောင် မကြည့်ရဲဘူး။'အခုမှ သတို့သားဝတ်စုံဝတ်ပြီးရောက်လာသောKrisမှာတော့ အခြေအနေကိုအူတိအူကြောင်ဖြစ်လျှက် 'ဘာတွေဖြစ်နေတာလဲမသိတော့ဘူးအမေဘာဖြစ်သွားတာလဲဟင်''အေးနင်ပန်ဒါဆိုတဲ့တစ်ယောက်နဲ့ ကြိုက်နေတာမလား။' 'အမေကလည်းသိရဲ့သားနဲ့' 'အေးပါ ငါ့ပိုက်ဆံတော့ အလကားအကုန်မခံနိုင်ဘူး။ အဲဒီတော့ သတို့သမီးလဲပြီးသာနင်မင်္ဂလာဆောင်လိုက်တော့' 'ဟာအမေကလည်းဗျာ''ဘာလဲမယူတော့ ဘူးလား' 'မဟုတ်ပါဘူးအခုမှ ပြောရလားလို့ ဟီး'ထိုအချိန်တွင် ဘယ်တည်းကဂွင်ချောင်းနေမှန်းမသိTaoမှာ သတို့သမီးဝတ်စုံဝတ်ပြီးရောက်ချလာ၏ 'တကယ်ပြောတာနော် ယောက္ခမကြီးပြောပြီးစနစ် နံပါတ်တစ်ပဲ'ထိုကဲ့သို့ ပျော်ရွှင်စွာပေါင်းဖက်ရသည့် Taorisစုံတွဲကိုကြည့်ပြီးD.Oတို့အဖွဲ့ကတော့ ပီတိဖြစ်ရ၏ 'ဟီးအဆင်ပြေချင်တော့လည်းချက်ချင်းပဲငါတို့တောင်ဘာမှ မလှုပ်ရှားလိုက်ရဘူး။' 'အေးနော် Chanyeolမှာချစ်သူရှိနေမှန်းငါတို့တောင်မသိလိုက်ရဘူး။ အခုလိုထွက်ပြေးသွားမှပဲ…'Hunhanတို့ကတော့ Baekhyunကိုကျေးဇူးပြန်ဆပ်ခွင့်ရပြီဆိုပြီးကျိတ်ပျော်နေကြသည်။ 'LuLuမင်းသိလားBaekyeolတို့ စီးသွားတဲ့ သင်္ဘောက ဂြိုလ်ထုကနေဆက်သွယ်ပြီးမောင်းထားတာဘယ်သူမှလာတားလို့ မရဘူး။ သူတို့ကိုဟန်နီးမွန်းထွက်ရမယ့် ကျွန်းရောက်မှ အလိုအလျှောက် ရပ်သွားလိမ့်မယ်။ အဲဒီမှာသူတို့အတွက် အားလုံးအဆင်သင့် အဲ နှောက်ယှက်မယ့်လူဆိုလို့ တစ်ယောက်မှရှိမှာတောင် မဟုတ်ဘူး။''ဟယ် အခုလောက်ဆိုသူတို့သိပ်ပျော်မှာပေါ့နော် ဟိဟိ။'
to be continued
