Taoမှာ သူ့နောက်ကနေ တစုံတယောက်က ကြည့်နေသလို ခံစားရသဖြင့် နောက်လှည့်ကြည့်လိုက်သော် ကားအနက်တစ်စီးကိုတွေ့သည်။ ထိုကားပိုင်ရှင်ကို သူသိပြီးသား ပြီးတော့ အမည်မဖော်လိုသော ပရိတ်သတ်နှင့် ဆက်စပ်ပြီး စဉ်းစားမိသွားသည်က (ဟင် မဟုတ်မှလွဲရော ဒီအရုပ်က.....) Taoမျက်ရည်တွေလည်လာပြီး ခြေလှမ်းကို တုံ့ခနဲရပ်လိုက်မိသည်။ သူနဲ့အတူ လမ်းလျှောက်နေသော Baekhyunမှာလည်း Taoလို ရုတ်တရက် ရပ်လိုက်မိသောကြောင့် ဖိနပ်အမြင့်ကြီး ဒယိုးဒယိုင်နှင့် ဗိုင်းခနဲပစ်လဲသွားသည်။'အောင်မလေးဗျ' သူလဲသောအရှိန်ကြောင့် တရုတ်တန်းတွင် နဂါးအကကနေသူများပါ ကြောင်ပြီးရပ်သွားသည်။ မရပ်ပဲနေရိုးလား Baekhyun၏ စပါယ်ရှယ် ဒေါက်မြင့်ဖိနပ်ကြီးမှာ လဲသည့်အရှိန်ကြောင့် ကျွတ်ထွက်သွားပြီး နဂါးရှေ့မှ ပျံတက်သွားကာ လမ်းဟိုဘက်ခြမ်းက ပစ္စည်းဝယ်ရန် ရွေးနေသော Suhoတင်ပါးတောင်သွားမှန်၏ 'ဘုတ်' 'ဟဲ့ ပလုတ်တုတ် ဘယ်ကောင်လဲကွ ငါ့တင်ပါးကိုရိုက်တာ' ဘေးကိုကြည့်လိုက်တော့ အချိုပွဲမုန့်များ ၀ယ်နေသည့် D.Oကိုသာတွေ့သဖြင့် 'အာ မင်းမဟုတ်လား လူများတာကို အကြောင်းပြပြီး ငါ့ကိုအခွင့်အရေး ယူတာပေါ့လေ' အကြောင်းရင်း မသိရှာသော D.Oမှာနဂိုထက် မျက်လုံး၎ဆပြူးသွားပြီး နားလည်မှုလွဲသွားပုံ ပေါ်သည်။ 'ဟမ် ဒီမှာ ကြီးကြီးကျယ်ကျယ် ပြောမနေနဲ့ D.Oမှာပိုက်ဆံပါပါတယ် ကျသလောက်ပေးနိုင်တယ်' တကယ်တော့ D.Oထင်နေတာက သူ့မှာပိုက်ဆံပါတယ်ဆိုပြီး Suhoပိုက်ဆံစိုက်ရှင်းစရာ မလိုကြောင်းကို ပြောချင်တာပါ။ သို့ပေမယ့်လည်း Suhoထင်သွားသည်က (ကြည့်စမ်း ကြည့်စမ်း ငါ့ကိုငွေပေးပြီး အပျော်ကြံမယ့် သဘောပေါ့ ဟွန့် အရင်တည်းက သဘောကျနေတဲ့သူဖြစ်လို့ ခွင့်လွှတ်လိုက်မယ်) Baekhyunခမျာ ခြေထောက်ခေါက်သွားသဖြင့် တော်တော်နှင့် ပြန်မထနိုင်ပါ။ 'အစ်ကို အဆင်ပြေရဲ့လားဟင် ဒီပုံအတိုင်းဆို လမ်းလျှောက်နိုင်မှာ မဟုတ်ဘူး။ ပန်ဒါချီပြီး ခေါ်ရမလား' Taoစကားကြောင့် Baekhyun မျက်နှာထူပူသွားပြီး (အီး ဘယ်သိုင်းကားမှာမဆို သူရဲကောင်းက မင်းသမီးကို ချီခေါ်တာပဲတွေ့ဖူးတယ် မင်းသမီးက သူရဲကောင်းကို ချီခေါ်တဲ့အခန်း မပါပါဘူး။ ငါ့နှယ် ရှက်လိုက်တာ ကိုယ်ကြိုက်တဲ့သူရှေ့ကျမှ) 'ဟင့်အင် ဟင့်အင် ခဏနေရင် ကောင်းသွားမှာ ပန်ဒါချီခေါ်စရာမလိုဘူး။' 'အာ အစ်ကိုကလည်း ဒီလောက်လူများတဲ့လမ်းမှာ အကြာကြီး တင်ပလ္လင်ခွေထိုင်လို့ ဘယ်ဖြစ်မလဲ လူတကာ တက်နင်းတော့မှာပဲ' ထိုအချိန်တွင် သူတို့အခက်အခဲကို ဖြေရှင်းပေးမယ့်သူ တစ်ယောက်ပေါ်လာသည်။ သို့သော် Baekhyunလိုလားသူတော့ မဟုတ်ပါ။ 'ပန်ဒါ သူ့ကို ကိုယ်ချီခေါ်သွားပြီး ဆေးရုံသွားပြမှ ဖြစ်မယ်ထင်တယ်' Taoမှာတော့ အခက်တွေ့နေချိန် ရုတ်တရက် ရောက်လာသော Krisကိုနတ်သားတစ်ပါးပမာ ထင်နေပုံပေါ်သည်။ 'အားနာလိုက်တာ Kris Oppaရယ် အဲလိုလုပ်တာပဲ ကောင်းမယ်ထင်ပါတယ်' ထိုအခြေအနေကိုပင် Baekhyunမှာ မခံချိမခံသာဖြစ်လျှက်၊ Krisကတော့ သူ့ကိုစနောက်ချင်သဖြင့် ကျန်ခဲ့သော ဖိနပ်တစ်ဖက်ကိုကိုင်ကာ 'ဒါကဘာလဲ ဖိနပ်ပုံစံ ထိုင်ခုံကြီးလား၊ နည်းနည်းနောနော အမြင့်ကြီးမှ မဟုတ်ပဲ။ ပစ်ပေါက်ရင် အတိတ်တောင်မေ့နိုင်တယ် အဲဒါကြောင့် ပြောပါတယ် တခါတလေကျတော့လည်း ကိုယ်ဖော့ပညာ သိုင်းပညာတွေထက် အရပ်ရှည်အောင် လုပ်ဖို့ကခက်တယ်လို့' 'ခင်ဗျားသေချင်လို့လား ခြေထောက်ပြန်ကောင်းသွားတာနဲ့ နှလုံးခြွေလက်ဝါးစာ အမိခံချင်သလား။' Baekhyunမည်မျှပင် ချိန်းခြောက်စေကာမူ Krisကတော့ ပြောင်ပြလျှက် သူ့ကိုပွေ့ချီသွားပြီး ကားထဲသို့ ပစ်ထည့်လိုက်သည်။ 'အမလေး ဖြေးဖြေးလုပ်ပါကွ အခုလူကို အသေသတ်နေတာလား' Krisမှာ Baekhyunအော်နေသမျှ မကြားချင်ယောင်ဆောင်ကာ 'ပန်ဒါရှေ့ခန်းကစီးနော်၊ ဟိုတစ်ယောက် နောက်ခန်းမှာ ကျယ်ကျယ်ဝန်းဝန်းထိုင်ပါစေ' Baekhyunကတော့ အာညောင်းသွားသဖြင့် စိတ်ထဲကနေ Krisကိုအသားကုန် ကျိန်ဆဲနေသည်။ Taoကတော့ ရှေ့ခန်းထိုင်ရမည်ကို အားနာသဖြင့် နောက်တံခါးကို အဖွင့်တွင် နောက်ဖုံးထဲမှ အရုပ်ကို ရုတ်တရက်မြင်သွားသည်။ (ဟင် အရုပ်ကဆင်တူဝယ်ထားတာပဲ Oppaရယ်..) မျက်နှာပူသဖြင့် Baekhyunနှင့်အတူ နောက်ခန်းမှာပဲ ထိုင်တော့သည်။ ဆေးရုံတွင်Baekhyun ဆေးကုသမှုခံယူနေချိန်တွင် Krisမှာဆေးရုံစရိတ်ရှင်းပြီး ပြန်မည်အလုပ် သူ့နောက်သို့ Taoပြေးလိုက်သွားသည်။ 'Oppaနေပါအုံး ဟိုလေ အရုပ်ကိုပြန်ယူသွားပါ ပန်ဒါလက်မခံနိုင်ဘူး။ ဆေးရုံစရိတ်ကို မနက်ဖြန်ပြန်ပေးပါ့မယ်' ကမ်းပေးနေသော အရုပ်ကိုငေးကြည့်နေသော်လည်း Krisမှာဘာတခွန်းမှ ပြန်မပြောပါ အရုပ်ကိုလည်းမယူပဲ ဒီအတိုင်းTaoရှေ့က ထွက်သွားသည်။ 'ရှင်အဲဒါဘာသဘောလဲ ရှင်ပြန်မယူရင် အဲဒီအရုပ်ကို လွှတ်ပစ်မှာနော်' Taoမှာပါးစပ်ကသာ ပြောနေသော်လည်း နောက်ကိုတချက်မှ လှည့်မကြည့်တော့ပဲ ခပ်ငိုင်ငိုင်သွားနေသည့် Krisကိုကြည့်ရင်း မျက်ရည်တွေကျလာသည်။ သူတို့နှစ်ယောက်အခြေအနေကို အစအဆုံး မြင်နေရသည့် အလုပ်သင် ဆရာဝန်လေးChenကတော့ ပါးစပ်ကနေ Miracle in decemberသီချင်းတောင် ဆိုနေမိသည်။ ထိုအချိန်တွင် နောက်ကနေ လိုက်ချောင်းနေသော Chanyeolမှာလည်း တိုင်အကွယ်တွင် ကိုင်ထားသောအအေးဘူးကိုပင် လုံးချေလျှက် ဒေါသထွက်နေချေပြီ။ (အဲဒါဘာပုံစံတွေလဲ Krisကြီးက ငါ့ကွယ်ရာမှာ ပန်ဒါနဲ့ကြိုက်နေခဲ့တာလား။ ၂ယောက်စလုံးက ငါ့ကိုသစ္စာဖောက်နေကြတာလား။ ဟွန်း ဒီအငိုရွဲတဲ့ သတ္တိခဲပန်ဒါကြီးကများ ငါနဲ့ပြိုင်ပြီး Krisကိုလုမတဲ့) သူလည်းသီချင်းတစ်ပုဒ်ကို ဖုန်းနှင့်ဖွင့်ထားပါသည် သူဖွင့်တဲ့သီချင်းကတော့ EXO၏ Growl။
