Unicode Ver
အရာအားလုံးဟာ တိတ်တိတ်ဆိတ်ဆိတ်
ခပ်နုနုတိုက်ခတ်နေတဲ့လေက တစ်ခါတစ်ရံ မိုးစက်သေးသေးတွေပါ ပါလာနေခဲ့သေးသည်။အာရုံဦးသို့ရောက်လင့်ကစား သူရိန်နေမင်းပင်မထွက်သေး
မြို့စားအိမ်တော်ရဲ့ အပြင်ဘက်တွင်မူ သေချာနားစိုက်ကြည့်လျင်တောင်မကြားရလောက်အောင် ပေါ့ပါးတိုးညှင်းသော ခြေသံတစ်စုံ။မြို့တွင်းကိုဖြတ်ရင်းကပင် သီးသန့်ထားရှိထားသော အုန်းခွံရောင်မြင်းကြီးအား ဇောင်းမှထုတ်ယူ၍ စီးလာရင်း မြို့နှင့်ခပ်ဝေးဝေးသို့ရောက်မှ ရောင်နီတို့ပေါ်ထွက်လာခဲ့သည်။
အရှိန်မှန်မှန်နဲ့သွားနေခြင်းနှင့်အတူ ဖိတ်စင်လာသော မိုးဖွဲတို့က မျက်နှာပေါ်မှာခုန်ပေါက်လျက်
ဝတ်ဆင်ထားသော ခေါင်းစွပ်ပါ ဝတ်ရုံရှည်ကြီးမှာလည်း မျက်နှာရှေ့ခပ်ငိုက်ငိုက်အထိစောင်းထားသော ခေါင်းဘက်နေရာတွေအထိစိုကုန်ပြီ။သိပ်မကြာလိုက် မိုးရွာတာ ရပ်သွားကာ နေရောင်အသင့်အတင့်ရပြီး
သူလည်း သူအလိုရှိတဲ့အရပ်ဆီရောက်ခါနီးလာပြီဖြစ်လေသည်။ဟီရိုရှီမြို့က အေးချမ်းပြီး စိုက်ခင်းကောင်းတွေရှိတဲ့ပြန်ပြူးတဲ့မြေပြင်တွေရှိသလောက်
သူကတော့ အနောက်ဘက် တောင်ကုန်းတွေရဲ့အလွန် ပိုထူထပ်တဲ့သစ်တောတွေရှိရာသို့သာ တန်းမတ်စွာဦးတည်နေခဲ့သည်။"ဟိုက်ရားးးးး"
သစ်တောရဲ့အစပိုင်းလောက်သာ အမဲလိုက်သူတို့ဆေးမြစ်ရှာတဲ့သူတွေရှိတတ်ပေမယ့်
ထိုသစ်တောရဲ့ ကွယ်ဝှကိနေတဲ့ဖြတ်လမ်းမှတဆင့် အနောက်ဘက် သို့ရောက်လေလေ လူသူရှားပါးလာလေပင်။အကြောင်းက နတ်ကိုးကွယ်သူတို့၏ အယူအဆများကြောင့် ထိုနေရာဟာ ဟီရိုရှီရော နယ်ခံမဟုတ်သော သူများပါ မဝင်ရဲကြ။
သူကတော့ ထိုနေရာသို့ဆိုက်ဆိုက်မြိုက်မြိုက်ဦးတည်နေပြီး
အတွင်းဘက်အနက်ပိုင်းသို့ရောက်သွားသောအခါ မြင်ရတဲ့ လိုဏ်ဂူတစ်ခု။
ထိုနွယ်ပင်တို့ပိတ်ဆိုနေသော လိုဏ်ဂူကိုအသာဖယ်၍ ဆက်သွားလိုက်ပြီး
အတွင်းနံရံရှိ ကျောက်တစ်ချို့ကို အသာတွန်းလိုက်တော့ အဆုံးသတ်နေသော လိုဏ်ဂူ၏အနောက်ဘက်ဆုံးနံရံမှရုတ်တရက်ပွင့်လာခဲ့တယ်
YOU ARE READING
Peonies