Part 2

253 36 35
                                    

(Unicode Ver)

တစ်ပတ်..
မင်းသားလေးပြန်သွားတဲ့
တစ်ပတ် အတွင်းမှာ အများကြီးဖြစ်ခဲ့တယ်

သေချာတာတော့ မြို့တစ်မြို့လုံးကို
သူ့သတင်းတွေလွှမ်းခြုံသွားစေတာပဲ
မြို့စားမင်းမှာ သားတော် သုံးပါးရှိတဲ့အထဲ
Kang Minhee လို့ခေါ်တဲ့ သားတော်အလတ်ဖြစ်ကြောင်း
အင်မတန်ထက်မြက်ပုံတွေချောမောပုံတွေက
ပြည်သူတွေရဲ့ပါးစပ်ဖျားမှာ ပန်းရနံ့လိုပဲ သင်းပျံ့နေတယ်

ဒါ့အပြင်ကို
Jung moအိမ်ပုလေးရှိရာ Green Houseလမ်းတစ်လျောက်
အဘိုး ဘာဘရာ တို့ လမ်းကျယ် တစ်လျောက်
အမSana တို့ဈေးလမ်းတစ်လျောက်တွေမှာ
သူ့ပုံစံတူရုပ်ထုလေးတွေ ပုံတူပန်းချီကားတွေ
စိုးမိုးထားခဲ့သည်။

ညနေ နေရောင်မကျခင်
Jung Moတစ်ယောက် မြစ်ကမ်းဘေးကို ခပ်နှေးနှေးလမ်းလျောက်လာသည်။

"မင်းသားလေးက နတ်သားလေးလားဟယ်"
"အန်တီရေ ကျွန်မကို မင်းသားလေးစောင်းတီးနေတဲ့ပုံတူလေးရှိရင်ရောင်းပါအုံး"

လမ်းတစ်လျောက် သူနဲ့ပတ်သတ်တာကြားရမြင်ရတော့ ပြုံးမိသည်

*ဒီအချိန်ဆို သူဘာလုပ်နေလောက်တာဖြစ််မလဲ?*

မြစ်ကမ်းကိုဖြတ်တိုက်လာတဲ့လေက
Jung Moပါးနုနုလေးတွေကိုအသာအယာဖြတ်တိုက်သွားသည်
အညိုရောင်ဆံပင်ဖျော့ဖျော့တို့က နဖူးရှေ့မှာ ခပ်ဝဲဝဲပုံကျနေသည်
သူ မြစ်ကမ်းတစ်လျောက်ကိုစိုးမိုးဖြန့်ကျက်ထားတဲ့ မြက်ခင်းစိမ်းစိမ်းတွေပေါ်မှာပဲ
ကျောချပြီးလှဲလိုက်သည်
ဘေးဘီယာ ခပ်လှမ်းလှမ်းတို့မှာ တောပန်းရောင်စုံလေးတွေများနေပေမယ့်
ဒီမနက်က သူ့အိမ်ဘေးပန်းစိုက်တဲ့ခြံကနေရလာတဲ့ Peony ပန်း ပန်းရောင်‌ဖျော့ဖျော့လေးကိုပဲ ယူခဲ့ဖြစ်သည်
လက်တစ်ဖက်ကိုပတ်လက်အနေအထားနဲ့ခေါင်းအောက်မှာထားပြီး
ယူလာခဲ့တဲ့ ပန်းရောင် Peony လေးကိုရိုးတံတစ်ဝက်လောက်ကို နှုတ်ခမ်းနှစ်လွှာကြားမှာ အသာကိုက်လိုက်သည်

ပြီးနောက် ခပ်ဝေးဝေးမှာမြင်နေရတဲ့ ရဲတိုက်အဖြူရောင်ကြီးမှာရှိနေတဲ့ သူရော....

*ဓားသိုင်းတွေကျင့်နေလောက်လား?ဒါမှမဟုတ် စာပေတွေများလေ့လာနေလေမလား*

PeoniesWhere stories live. Discover now