Part_19

122 18 1
                                    

(Unicode Ver)

‌"ဒေါင် ဒေါင် ဒေါင်"

"ကဲ ဖြေဆိုချိန် ပြီးသွားပါပြီ အဖြေလွှာတွေကိုအပ်လို့ရပါပြီ"

စောင့်ကြည့်ဆရာရဲ့ စကားသံအဆုံး အနယ်နယ်အရပ်ရပ်က လာကြ‌တဲ့ ကြီးငယ်အရွယ်မရွေး ဆေးဆရာ တို့ အဖြေစာရွက်တို့ကို အသီးသီး အပ်ပြီး အပြင်ဘက်ကို ထွက်လာကြသည်။




ဝူဘင်းတစ်ယောက်သာ ဖြေဆိုသူမကျန်တော့တဲ့ အခန်းထဲ ငေးငိုင်စွာထိုင်ကျန်ရစ်ဆဲ



လက်တို့က စုတ်တံရိုးတံကို အသာကိုင်လျက် ခပ်ဖွဖွ လှုပ်ရမ်းမိတော့ ဆေးရည်တစ်ချို့က စားပွဲပေါ်အနည်းငယ် စွန်းထေးသွားသည်။




မှန်ကန်ပါ့မလားမသိတဲ့အခြေအနေကြီးကိုပြန်စဉ်းစားမိပြန်တော့
နွေအကုန်မိုးအပြောင်းရာသီဥတုမှာတောင် လည်ချောင်းတစ်လျှောက် အပူငွေ့တွေစီး‌ဝင်လျက်။




ချို့တဲ့နွမ်းပါးတဲ့ လူတွေဆို အသပြာတစ်ပြားမှမယူပါပဲ ကုပေးရင်း သူတို့ဆီကရခဲ့တဲ့ ပီတီတွေနဲ့ လုံလောက်ခဲ့ရတာတွေ
ငွေသမားတော်လေးမရှိရင် ဒုက္ခပဲဗျာ ဆိုတဲ့ စကားသံတွေက‌လည်း‌နားထဲတောက်လျှောက်




နားထင်စပ်က ဆံနွယ်တစ်ချို့ လေအတိုက်မှာ လွင့်သွားချိန်




"ဆရာလေး မပြန်သေးဘူးလားဗျ "




‌စာရွက်သိမ်းတဲ့တစ်ယောက်က လှမ်းမေးခါမှ
သတိပြန်ဝင်ကာ ပြုံးပြလိုက်ပြီး ဝတ်ရုံတို့ကိုခါကာ ထွက်လာခဲ့မိသည်။




မိုးဦးစတော့မည့်ကာလတိုင်အောင်
ဟိုဟိုဒီဒီ ရွက်စိမ်းစိမ်းလေးတွေကြားက မက်မွန်ပွင့်တို့ကိုမြင်တော့




*ဝူဘင်း ငါသူ့အနားမှာရှိချင်တယ်*




ကြမ်းကြမ်းတမ်းတမ်းတွေနဲ့မကြုံခဲ့တဲ့ အဲ့ကောင်လေးက ကြမ်းတမ်းတဲ့လောကဓံရှိတဲ့ဆီရောက်သွားခဲ့ပြီ အချစ်တစ်မျက်နှာအတွက်နဲ့တဲ့
သူရောဘာထူးပါလဲ
စိတ်မချတဲ့စိတ်နဲ့ အလွမ်းတွေကြောင့်ပဲ
သူ့တစ်မျက်နှာနဲ့ အဲ့အကျဉ်းထောင်နန်းတော်ထဲဝင်ဖို့ကြိုးစားနေခဲ့တာပဲမဟုတ်လား
တကယ် ရူးကြတဲ့လူတွေပါပဲ





PeoniesWhere stories live. Discover now