Part 4

186 33 42
                                    

(Unicode Ver)

(Note:ကာရိုက်တာတို့ရဲ့အဝတ်အစားကို
ကိုရီးယားရိုးရာဝတ်စုံအနေနဲ့မမြင်ပေးပဲ
Howl's Moving Castle ရဲ့ Hawlဝတ်သလိုမျိုး မြင်ပေးကြပါရှင့်❤❤
ပြီးတော့နောက်တစ်ခုက ဒီ အပိုင်းအတွက်
အဆင်ပြေရင်သဘောကျတဲ့အချစ်သီချင်းရှိရင်ဖွင့်ထားရင်ပိုကောင်းမလား လို့ပါ
ကိုယ်ကတော့ Moonlight Drawn by Cloudကostဖြစ်တဲ့ Soyou,Yoo Seung Wooရဲ့ No sleepတော့ဖွင့်ထားတာပဲ
အရေးမသားမကောင်းသေးပေမယ့်လို့
ကိုယ့်ဘာသာ BGM ဖွင့်ပြီးပြန်ဖတ်ပါတယ်
*အရေးအသားမကောင်းပေမယ့် ဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်*

************************************

"Hyung Peonyပန်းပွင့်တွေချည်း ကျွန်တော် ရိုးတံကခြွေပြီးထည့်ထားတာ hyungလည်းယူသွားချည် မြစ်ထဲကိုမီးမျှောရင်း အဲ့ပန်းတွေပါ ထည့်ဆုတောင်းလိုက် ဆုတောင်းပြည့်မှာ"

Woobinရဲ့ တူလေးက သူပြင်ထားသည့်ခြင်းတောင်းနှစ်ခုထဲကတစ်ခုကို ပေးလာသည်
Woobinကတော့ မျက်မှောင်ကြီးကျုံ့ကာ ဝတ်ရုံကိုဆွဲချရင်း

"မင်း ဘယ်သူပြောလဲ"

"ဦးလေးငယ်မယူချင်နေပေါ့ဗျာ အကိုဂျောင်းမိုယူမှာ ဟုတ်တယ်ဟုတ်?"

တူဝရီးနှစ်ယောက်မျက်စောင်းတထိုးထိုးနဲ့သတ်နေတာတွေ့မှ မနေ့ထဲက စိတ်ညစ်နေသော ဂျောင်းမိုရယ်နိုင်တော့သည်
အဘိုးဘာဘရာလည်းကောင်းသွားပြီ
ခက်တာတစ်ခုကတော့ သူကတော့မင်းသားလေးကိုတွေ့နိုင်‌တော့မှာမဟုတ်တော့.....

တစ်ဖက်တွင်လည်း ညနေခင်းမတိုင်ခင်ကတည်းက Minheeဆံပင်ကိုအနက်ဆေးဆိုးပြီး အခု အုတ်တံတိုင်းနားမှာ ခိုးတက်နေသော သုံး‌ယောက်

*ဖုတ်*

"အားလားလား နာလိုက်တာ
Ham Wonjinရယ် ငါ့ကိုယ်ပေါ်ကိုမှပြုတ်ကျလာရလား"

"ငါကရောပြုတ်ကျချင်လို့များထင်လား"

သူတို့စကားများနေစဉ် တံတိုင်းပေါ်မှာ ခုန်ချလိုက်သော အကိုလတ်

*အော် သူကျ ပြုတ်ကျတာတောင်ကြည့်ကောင်းနေတုန်းပဲ*

ဟုတ်သည် ဝိုင်နီရောင် အကျီလက်ရှည်ကိုဘောင်းဘီအမဲဖြင့်တွဲဝတ်ကာ အပေါ်မှ လက်ရှည်ပါသော နက်ပြာရောင်ဝတ်ရုံကြီးအား မဝတ်ပဲ အပေါ်ရုံအဖြစ်ခြုံထားနေမှုဟာ
သူ့ရဲ့အရှိန်အဝါတွေကိုပိုမြင်သာသည်
မျက်နှာကိုမသိသာစေရန် ဆံပင်အနက်နှင့် ညာဘက်နားထင်မှစ ပါးရိုးသွယ်သွာ်တို့အထိ မျက်နှာတစ်ခြမ်းအား wonjinမှ မဲ့ခြောက်အညိုများရေးဆွဲထားသော်လည်း
ချောမောမှုကနည်းနည်းလေးတောင်လျော့မသွားတဲ့အပြင် ချောမောတဲ့မျက်နှာတော်မှာ အနုပညာပါဆန်သွားသည်

PeoniesWhere stories live. Discover now