Part - 11

128 28 12
                                    

(Unicode Ver)

မြောက်ဘက်ပြည်နယ်ဘက်မှ ပြန်ရောက်လာသော စာတစ်စောင်ကြောင့်

စစ်သူကြီး Serimတစ်ယောက် စာရွက်ပေါ်ပြေးလွှားနေသော စုတ်ချက်တို့ကိုခပ်သော့သော့ လျင်မြန်စေလိုက်သည်။

မကြာခင်မှာ မိုးသောက်တော့မယ်။ ဒီစာဟာ ဟီရိုရှီမြို့ဆီဝင်မည့် စာပေကုန်သည်တို့နှင့်အတူ အမှီထည့်ပေးလိုက်ရမည့်စာပင်။


***********************************

နေရောင်ခြည်တို့ရဲ့ ခပ်ဖျော့‌ဖျော့အနွေးဓာတ်တို့ဟာ မြို့တစ်ဝှမ်းလုံးကိုလွှမ်းခြုံထားသည်။
ကျေးဌက်တို့ရဲ့တီတီတာတာအသံတို့က ဘေးပတ်ဝန်းကျင်တွေတစ်ခုလုံးအတိအလင်းကြားနေရသော်လည်း
တစ်ခုတည်းသောနေရာမှာတော့ ထိုအသံတို့ဟာတိတ်ဆိတ်လျက်။


*ဝှီး*


*ဖျောင်း*


လေရဲ့အလျင်လို လျင်လျင်မြန်မြန်ဖြတ်ပြေးသွားတဲ့အရာက မြေအောက်ခန်းမှာရှိနေတဲ့ ကောက်ရိုးရုပ်ထုကို ထိတွေ့သွားသည့်အခါ
တိတိကျကျပင်ပိုင်းပြတ်ထွက်သွားသော ကောက်ရိုးရုပ်ထု


အသာပြုံးလာသည့် အပြုံးတို့က ကျေနပ်စွာ


*မဆိုးဘူး အလုပ်ဖြစ်သေးသားပဲ*


မင်းသားတစ်ပါးရဲ့အပြင်အဆင်တို့မဟုတ်ပဲ သာမာန် လူငယ်တစ်ယောက်သဖွယ်ဝတ်ဆင်ထားသော Taeyoung က အပြာရောင်ချည်ထည်ဝတ်စုံနှင့် ပေါ့ပါးလွတ်လပ်သည့် လူငယ်သဏ္ဌာန်ဖြစ်နေသည်။
သူလက်ထဲမှာက အပြာရောင်သားရေလက်ကိုင်ရှိသော ကြာပွတ်။
ခိုင်မြဲပြီးရှားပါးသော နွယ်တို့ဖြင့်ပြုလုပ်ထား‌သော ဤအရာဟာ ဓားထက်ပင်အဆများစွာ သာလွန်နေသည့် လက်နက်တစ်ခု။


ဓားရေး မြားပစ် မကျွမ်းကျင်သော သူ့အား အကိုလတ်မှ ဂရုတစိုက်ပြုလုပ်ပေးထားသောအရာဖြစ်၏။
ပုံမှန် ဒီလိုလက်နက်တွေကို အပြင်တွင်ထုတ်သုံးလေ့မရှိရုံမက
အခုလို မြို့ပြင်သို့ထွက်ရသည့် အချိန်၌မှသာ မိမိကိုယ်ကာကွယ်ရန် လက်နက်တို့အားတိတ်တဆိတ်ယူဆောင်အသုံးပြုသောကြောင့် သူတို့ညီအကိုများ၏ လက်နက်များအကြောင်းမည်သူမျှမသိကြ။


PeoniesWhere stories live. Discover now