Part-22

49 10 2
                                    

" ခဏ ခဏ ခဏလေးးး အူဘင်း ဆောအူဘင်း! "

အနောက်ကနေ မင်းသားထယ်ယောင်း အူယားဖားယားပြေးလိုက်တော့မှ ငေါက်ခနဲ လှည့်ထွက်လာသော ဆောအူဘင်း ရုတ်တရက်ပြန်လှည့်ကြည့်တော့သည်။

" ဘာတုန်း ကြီးမြတ်လှတဲ့ရွှေမင်းသားကြီး "

မျက်ခုံးတို့ကိုတွန့်ကွေးလျက် နှုတ်ခမ်းတို့ကိုစူပုပ်ကာပြောလာတဲ့ဆောအူဘင်း
နေရောင်ပြပြလေးပင်ထွက်သေးသော်လည်း ထယ်ယောင်းနဖူးထက်တွင် ချွေးများသီနေလေပြီ။
ထို့ပြင် ယခု မျက်နှာရှေ့ရှိစူပုပ်ကာရွဲ့ပြောနေသော ကိုယ်တော်ကြောင့်နဂိုပြောမည်ပြင်ထားသော စကားတို့ပင် ပါးစပ်အတွင်းသို့ အပြေးအလွှားဝင်ပုန်းသွားကြသလိုပင်။

" ဟို ... ဟိုဟာလေ... အဲ့တော့ "

ထယ်ယောင်းမျက်ဝန်းတို့ကို လှန်ကြည့်လိုက်တော့ သူ့ကိုပြန်ကြည့်နေသည့် ထိုလူ
အတွေးအခေါ်တို့ခဏတာပျောက်သွားသလို သူ့မျက်လုံးတည့်တည့်တို့ကိုကြည့်မိကာ ပြောမိသည်ကတော့

" ငါသွားစရာမရှိလို့ "

"………"

ဆောအူဘင်းတစ်ယောက် ငါးစက္ကန့်လောက်တော့ ပြောစရာမရှိဖြစ်သွားသေးသည်။သို့ပေမယ့်

"သွားစရာမရှိပဲ ဘာလို့ လာနေသေးတုန်း"

Kim TaeYoung : "..."

*ဒီရက်စက်တတ်တဲ့ကောင်ကတော့* *Sob*

ပြောပြောဆိုဆိုနှင့် ဆေးသေတ္တာကိုကိုင်ကာ ထွက်သွားသောဆောအူဘင်းကြောင့် ထယ်ယောင်းတစ်ယောက် အနောက်မှာထားခဲ့သည့် မြင်းနက်ကြီးကိုပြေးဆွဲကာ ပြေးလိုက်ရတော့သည်။

" ငါလိုက်ခဲ့မှာနော် ဟေ့ ... ငါမင်းအိမ်လိုက်ခဲ့မှာလို့ ကြားလား!!! ငါဘာမှလည်းမစားရသေးဘူး တစ်ခုခုကျွေးမယ်မလား ဟီးဟီး"

****

ဒီတစ်ယောက်ကို ဘာလို့ ‌အမြဲအလျော့ပေးပြီးစေတနာထားနေမိသေးတာလဲ တကယ်ပါပဲ...

စိတ်ထဲအခဲမကျေသေးတာ သူဆိုပေမယ့် သူကိုယ်တိုင်ပဲအခုမျက်စိရှေ့က စွပ်ပြုတ်တစ်ပန်းကန်ကို ပလုပ်ပလောင်းနဲ့စားနေသော ပုဂ္ဂိုလ်ကို ကိုယ်တိုင်ချက်ကျွေးခဲ့ရတာမဟုတ်လား။

PeoniesWhere stories live. Discover now